
လာမည့် (၂) ရက်အတွင်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်နိုင်ခြေရှိပြီး လေပြင်းတိုက်ခတ်ခြင်း မိုးကြီးရေလျှံခြင်းဖြစ်ပေါ်လာနိုင်

လာမည့် (၂) ရက်အတွင်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်နိုင်ခြေရှိပြီး လေပြင်းတိုက်ခတ်ခြင်း မိုးကြီးရေလျှံခြင်းဖြစ်ပေါ်လာနိုင်

လာမည့်နှစ်ရက်အတွင်း(အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ရက်)လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီးရန်ကုန်တိုင်းအပါအဝင်မြစ်ဝကျွန်းပေါ်ဒေသများတွင်လေပြင်းတိုက်ခြင်း

၊မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကသတိပေးပြောကြားလိုက်ပါတယ်။

အောက်တိုဘာလအတွင်းလေဖိအားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာ မုန် တိုင်း ဖြစ်လာနိုင်ခြေရှိကြောင်းဆိုထားပါတယ်။လက်ရှိတွင်လေထုမငြိမ်မသက်မှုများဖြစ်နေပြီး

မုတ်သုန်ဆုတ်ခွာချိန်ဖြစ်သည့်အတွက်နိုင်ငံတွင်း နေရာအချို့တွင်မိုးတိမ်တောင်တွေဖြစ်ထွန်းကာလေပြင်းတိုက်ခြင်း၊မိုးသည်းထန်စွာရွာခြင်း၊မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။

ထို့အတူမြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်မုတ်သုန်အားကောင်းနေသည့်အတွက် ရန်ကုန် အပါအဝင်မြစ်ဝကျွန်းပေါ်ဒေသတွေမှာလေပြင်းတိုက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။

မိုးလေဝသစေတနာရှင်မလေးစုစုစံခန့်မှန်းချက်အရ”ရခိုင်ရိုးမအရှေ့သတိ။ တောင်တရုတ်ပင်လယ်ပြင်မှမုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည် မြန်မာနိုင်ငံကိုအရှေ့မှအေနောက်သို့လာရောက်မှာဖြစ်ပါတယ်

ကမ္ဘာအမြင့်ပေ၁၅၀၀၀၀မှ ၁၈၀၀၀၀အမြင့်လေဝဲလည်လာမယ့်လေထုသည်မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့အခါပေ၅၀၀၀အထိစိုက်ဆင်းလာမှာဖြစ်ပြီးရခိုင်ရိုးမနှင့်ထိတွေ့ကာ

အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာရခိုင်ရိုးမအရှေ့ဖက်တောင်တန်းတွေပေါ်မှာမိုးများစွာရွာသွန်းနိုင်သဖြင့်ဧရာဝတီတိုင်းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် မကွေးတိုင်းအနောက်ပိုင်း

သရက်ခရိုင်မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်းမံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည် စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ

စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်ဧရာဝတီဖြစ်အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျားချောင်းဖျားခံတဲ့

မြစ်ချောက်းအနီးနေထိုင်ကြသူတွေအထူးသတိထားရမှာဖြစ်သလိုရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ဆောင်နေသူများ ရိတ်သိမ်းနေ​ကြတဲ့တောင်သူလယ်သမားများ

ဆည်တမံတာဝန်ခံ Engineers များပျက်စီးမှုမရှိစေရန်ကြိုတင်သိရှိပြင်ဆင်နိုင်ရန်ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်ရတာဖြစ်ပါတယ်ရှင့်” ဆိုပြီး ကြိုတင်အသိပေးထုတ်ပြန်ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*