အမေရိကန်-ရုရှား ဆွေးနွေးပွဲ သံတမန်ဆက်ဆံရေးတိုးတက်မှုမရ

အမေရိကန်နဲ့ ရုရှားအစိုးရတို့ဟာ မြို့တော်မော်စကိုမှာ အောက်တိုဘာ ၁၂ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲတွေအတွင်း သံရုံးတွေ ပြန်လည်ပတ်နိုင်ရေး တိုးတက်မှုမရခဲ့ဘဲ ဆက်ဆံရေးက

ပိုဆိုးမယ့်ဘေးရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး ဆာဂီရီယတ်ကို့ဗ်က ပြောပါတယ်။အမေရိကန် နိုင်ငံခြားရေးအဆင့်မြင့်အရာရှိ ဗစ်တိုးရီးယားနုလန်းနဲ့ ဆွေးနွေးပွဲအပြီး

ရီယတ်ကို့ဗ်ရဲ့ စကားကို ကိုးကားပြီး ရုရှားအခြေစိုက် အင်တာဖက်စ် သတင်းဌာနက အခုလို ပြောလိုက်တာဖြစ်ပြီး အမေရိကန်ဘက်ကတော့ ဘယ်လို မှတ်ချက်ကိုမှ မပြောသေးပါဘူး။

စစ်အေးခေတ် နှောင်းပိုင်းမှာ ဆက်ဆံရေး အနိမ့်ဆုံးအဆင့်ကို ရောက်နေတဲ့ အမေရိကန်နဲ့ ရုရှားတို့ဟာ မြို့တော်တွေရဲ့ သံရုံးတွေမှာ အပြန်အလှန် ထားရှိမယ့် သံတမန် အရေအတွက် အပါအဝင် သံတမန် ဆက်ဆံရေး အငြင်းပွားနေတာပါ။

နုလန်းဟာ ရုရှားအစိုးရက နာမည်ပျက်စာရင်းသွင်းတာ ခံထားရပေမဲ့ အမေရိကန်ဘက်က ရုရှား နိုင်ငံသားတယောက်ကို ကန့်သတ်ချက် ဖြေလျှော့ပေးအပြီးမှာ နုလန်းဟာ မော်စကိုကို အောက်တိုဘာ ၁၁ ရက်မှာ ရောက်လာပါတယ်။

အမေရိကန်ဘက်က အဆက်အသွယ်တွေကို ကြိုဆိုတယ်လို့ ရုရှားအစိုးရက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။အမေရိကန်ကနေ ရုရှားသံတမန် အယောက် ၃၀၀ ကို နှင်ထုတ်ဖို့ အောက်လွှတ်တော်ရဲ့ အဆိုပြုချက်ကို အကောင်အထည်ဖော်ခဲ့ရင် ရုရှားနိုင်ငံထဲက အမေရိကန်ရဲ့ သံတမန်ရေး ပံ့ပိုးမှု လုပ်ငန်းတွေ ပိတ်ပစ်မယ့်လမ်းဆီ ဦးတည်ရာ ရောက်မယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အရင်အပတ်မှာ ပြောခဲ့ပါတယ်။

ရီယတ်ကို့ဗ်က “နုလန်းနဲ့ ဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အသုံးဝင်တယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးရဲ့ ရပ်တည်ချက်က အငြင်းပွားနေဆဲပဲ။ အမေရိကန်နဲ့ ရုရှား သံတမန်ရေးလုပ်ငန်းတွေကို ရပ်မယ့်ဖြစ်နိုင်ခြေကိုတော့ ရုရှားက ပယ်မချပါဘူး။ ဒါပေမဲ့ အလားတူဖြစ်ရပ်ကို ရှောင်ချင်တယ်” လို့ RIA သတင်းဌာနကို ပြောပါတယ်။

ပြည်ဝင်ခွင့်ဗီဇာနဲ့ သံတမန်တွေအရေး ဖြေရှင်းဖို့ နှစ်နိုင်ငံလုံးက အသစ်တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ရီယတ်ကို့ဗ်က ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*