အမျိုးသမီးများကို အကာအကွယ် ယူပြီး စစ်ကောင်စီတပ် က မြိုင် PDF ကို ပစ်ခတ် တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၅ ရက်က အိမ်စီးကားပေါ်မှာ အရပ်ဝတ်နဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အမျိုးသမီးတွေကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူကာ မြိုင်PDF တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခံခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

“အကြမ်းဖက်စစ်အုပ်စုတွေဟာ မနေ့က ပြည်သူတွေသုံးတဲ့ အိမ်စီးကားကို သုံးပြီးတော့ အမျိုးသမီးတွေကို မတ်တပ်ရပ်ခိုင်းပြီး အကာကွယ်ရယူကာ မြိုင်PDF တပ်ဖွဲ့ကို တိုက်ခိုက်ရာ ကံကောင်းလို့ လွတ်မြောက်ခဲ့တာ” လို့ မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါကြောင့် မြိုင်PDF တပ်ဖွဲ့အနေနဲ့ မိဘပြည်သူတွေကို ကားမှန်ချမောင်းနှင်ကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ အတူယှဉ်တွဲမနေဖို့ ၃ ကြိမ်တိုင်တိုင် ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်လို့ ယခုနောက်ဆုံးအကြိမ် ထပ်မံသတိပေး ကြေညာချက်ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။

မြိုင် PDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့နဲ့ ပတ်သက် ဆက်နွှယ်သူတွေကိုပါ အကြမ်းဖက်စစ်အုပ်စုကို တိုက်သလိုမျိုး တိုက်ခိုက်သွားမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းကူညီပေးကြပါလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ကား သုံးစီးကို မြိုင်-ဗဟင်း ကားလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တချို့ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

…………….zawgyi…………….

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၅ ရက္က အိမ္စီးကားေပၚမွာ အရပ္ဝတ္နဲ႔ လိုက္ပါလာတဲ့ စစ္ေကာင္စီလက္နက္ကိုင္တပ္ေတြက အမ်ိဳးသမီးေတြကို လူသားတံတိုင္းအျဖစ္ အကာအကြယ္ယူကာ ၿမိဳင္PDF တပ္ဖြဲ႕ကို ပစ္ခတ္တိုက္ခိုက္ခံခဲ့တယ္လို႔ ၿမိဳင္ PDF တပ္ဖြဲ႕ကေန သိရပါတယ္။

“အၾကမ္းဖက္စစ္အုပ္စုေတြဟာ မေန႔က ျပည္သူေတြသုံးတဲ့ အိမ္စီးကားကို သုံးၿပီးေတာ့ အမ်ိဳးသမီးေတြကို မတ္တပ္ရပ္ခိုင္းၿပီး အကာကြယ္ရယူကာ ၿမိဳင္PDF တပ္ဖြဲ႕ကို တိုက္ခိုက္ရာ ကံေကာင္းလို႔ လြတ္ေျမာက္ခဲ့တာ” လို႔ ၿမိဳင္PDF တပ္ဖြဲ႕ရဲ႕ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

ဒါေၾကာင့္ ၿမိဳင္PDF တပ္ဖြဲ႕အေနနဲ႔ မိဘျပည္သူေတြကို ကားမွန္ခ်ေမာင္းႏွင္ၾကဖို႔နဲ႔ အၾကမ္းဖက္စစ္အုပ္စုနဲ႔ အတူယွဥ္တြဲမေနဖို႔ ၃ ႀကိမ္တိုင္တိုင္ ေၾကညာခ်က္ထုတ္ျပန္ထားၿပီး ျဖစ္လို႔ ယခုေနာက္ဆုံးအႀကိမ္ ထပ္မံသတိေပး ေၾကညာခ်က္ထုတ္ျပန္ထားတယ္လို႔ဆိုပါတယ္။

ၿမိဳင္ PDF အေနနဲ႔ အၾကမ္းဖက္စစ္အုပ္စုနဲ႔ သူတို႔နဲ႔ ပတ္သက္ ဆက္ႏႊယ္သူေတြကိုပါ အၾကမ္းဖက္စစ္အုပ္စုကို တိုက္သလိုမ်ိဳး တိုက္ခိုက္သြားမွာ ျဖစ္လို႔ မိဘျပည္သူေတြအေနနဲ႔ ပူးေပါင္းကူညီေပးၾကပါလို႔ ေျပာပါတယ္။

ၿမိဳင္ၿမိဳ႕နယ္မွာ ႏိုဝင္ဘာလ ၄ ရက္ မနက္ပိုင္းကလည္း အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ကား သုံးစီးကို ၿမိဳင္-ဗဟင္း ကားလမ္းေပၚမွာ မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား တခ်ိဳ႕ ဒဏ္ရာ ရခဲ့တယ္လို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*