အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရ

ဧရာဝတီတိုင်း ဘိုကလေးမြို့ ဆတ်ကျွန်းကျေးရွာမှာ ဂဏန်းထောင်နေစဉ် မိကျောင်းဆွဲခံရတဲ့ အမျိုးသားတစ်ဦးကို ၃ ရက်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။

ဆတ်ကျွန်းကျေးရွာအုပ်စု ပဒဲကောကျေးရွာမှာနေတဲ့ စိုင်းခန့်ဇော်ဟာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက မြစ်ကမ်းဘေးမှာ ဂဏန်းထောင်နေစဉ် မိကျောင်းဆွဲခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညနေ ၅ နာရီလောက် ကမ်းစပ်မှာ ဂဏန်းထောင်နေတုန်း မိကျောင်းဆွဲသွားတယ်။ တွေ့မလားလို့တော့ မြစ်ထဲ အစုန်အဆန် ရှာနေတာပဲ၊ ခုထိတော့ မတွေ့သေးဘူး” လို့ လိုက်လံရှာဖွေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

မိချာင်းဆွဲခံရတဲ့ စိုင်းဇော်ခန့်ကို ကျေးရွာအတွင်းနေထိုင်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီး လိုက်လံရှာဖွေတာ ၃ ရက်ရှိပြီလို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက ဘောဂဝတီကျေးရွာမှာ သြဂုတ် ၃၀ ရက်နေ့က အမျိုးသားတစ်ဦးနဲ့ ၂၂ ရက်နေ့က သရော်ချောင်းကျေးရွာမြစ်ကမ်းစပ်မှာ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦးတို့ မိကျောင်းကိုက်ဆွဲခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

…………………….

ဧရာဝတီတိုင္း ဘိုကေလးၿမိဳ႕ ဆတ္ကြၽန္းေက်း႐ြာမွာ ဂဏန္းေထာင္ေနစဥ္ မိေက်ာင္းဆြဲခံရတဲ့ အမ်ိဳးသားတစ္ဦးကို ၃ ရက္ၾကာတဲ့အထိ ျပန္မေတြ႕ေသးဘူးလို႔ သိရပါတယ္။

ဆတ္ကြၽန္းေက်း႐ြာအုပ္စု ပဒဲေကာေက်း႐ြာမွာေနတဲ့ စိုင္းခန႔္ေဇာ္ဟာ ေအာက္တိုဘာ ၁၂ ရက္ ညေနပိုင္းက ျမစ္ကမ္းေဘးမွာ ဂဏန္းေထာင္ေနစဥ္ မိေက်ာင္းဆြဲခံခဲ့ရတာလို႔ ေဒသခံတဦးက ေျပာပါတယ္။

“ညေန ၅ နာရီေလာက္ ကမ္းစပ္မွာ ဂဏန္းေထာင္ေနတုန္း မိေက်ာင္းဆြဲသြားတယ္။ ေတြ႕မလားလို႔ေတာ့ ျမစ္ထဲ အစုန္အဆန္ ရွာေနတာပဲ၊ ခုထိေတာ့ မေတြ႕ေသးဘူး” လို႔ လိုက္လံရွာေဖြသူ ေဒသခံတစ္ဦးက ေျပာပါတယ္။

မိခ်ာင္းဆြဲခံရတဲ့ စိုင္းေဇာ္ခန႔္ကို ေက်း႐ြာအတြင္းေနထိုင္သူေတြနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြပူးေပါင္းၿပီး လိုက္လံရွာေဖြတာ ၃ ရက္ရွိၿပီလို႔ ဆိုပါတယ္။

ဘိုကေလးၿမိဳ႕နယ္အတြင္းက ေဘာဂဝတီေက်း႐ြာမွာ ၾသဂုတ္ ၃၀ ရက္ေန႔က အမ်ိဳးသားတစ္ဦးနဲ႔ ၂၂ ရက္ေန႔က သေရာ္ေခ်ာင္းေက်း႐ြာျမစ္ကမ္းစပ္မွာ ေရခ်ိဳးေနတဲ့ အမ်ိဳးသမီးတစ္ဦးတို႔

မိေက်ာင္းကိုက္ဆြဲခံရလို႔ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*