အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကို ဖျက်သိမ်းရေး ကြိုတင် ဆုံးဖြတ်ထားတာ မရှိ

နိုဝင်ဘာ ၂၆

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ NLD ပါတီကို ဖျက်သိမ်းရေး ကြိုတင်ဆုံးဖြတ်ထားတာ မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားပါတယ်။

“နိုင်ငံရေးပါတီတွေကို စစ်ဆေးတာ ၃၈ ရှိပါတီရှိပါတယ်။ NLD ပါတီကို စစ်မပြီးသေးပါဘူး။ နိုင်ငံရေးပါတီများဆိုတာက မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌါန်းထားတဲ့ တည်ဆဲဥပဒေများကို လိုက်နာဖို့ တာဝန်ရှိပါတယ်။

အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့တော့ NLD ပါတီကို ဖျက်ဖို့ဆိုတာ ကြိုတင်ဆုံးဖြတ်ထားတာ မရှိသေးဘူး။ သို့သော်လည်း ဥပဒေ၊ နည်းဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ၎င်းက ပြောကြားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခမ်းအနား (၃) ကြိမ် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွေကို တက်ရောက်နိုင်ရေး NLD ပါတီကို ဖိတ်ကြားခဲ့ပြီး ပါတီအနေနဲ့ အစည်းအဝေးများတွင် တက်ရောက်ခြင်း မရှိဘူးလို့ ၎င်းက ပြောကြားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော ပါတီ ၉၂ ပါတီရှိပြီး ပါတီစစ်ဆေးခြင်းဆောင်ရွက်ပြီးစီးမှုအနေနဲ့ ၃၂ ပါတီကို စစ်ဆေးပြီးကြောင်း သိရှိရပါတယ်။

 

>>>zawgyi<<<<

 

ႏိုဝင္ဘာ ၂၆

ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ NLD ပါတီကို ဖ်က္သိမ္းေရး ႀကိဳတင္ဆုံးျဖတ္ထားတာ မရွိဘူးလို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာၾကားပါတယ္။

“ႏိုင္ငံေရးပါတီေတြကို စစ္ေဆးတာ ၃၈ ရွိပါတီရွိပါတယ္။ NLD ပါတီကို စစ္မၿပီးေသးပါဘူး။ ႏိုင္ငံေရးပါတီမ်ားဆိုတာက မွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ျပ႒ါန္းထားတဲ့ တည္ဆဲဥပေဒမ်ားကို လိုက္နာဖို႔ တာဝန္ရွိပါတယ္။

အဲဒီေတာ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ေတာ့ NLD ပါတီကို ဖ်က္ဖို႔ဆိုတာ ႀကိဳတင္ဆုံးျဖတ္ထားတာ မရွိေသးဘူး။ သို႔ေသာ္လည္း ဥပေဒ၊ နည္းဥပေဒနဲ႔ အညီဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္” လို႔ ၎က ေျပာၾကားပါတယ္။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ အခမ္းအနား (၃) ႀကိမ္ က်င္းပခဲ့ၿပီး အဆိုပါ အခမ္းအနားေတြကို တက္ေရာက္ႏိုင္ေရး NLD ပါတီကို ဖိတ္ၾကားခဲ့ၿပီး ပါတီအေနနဲ႔ အစည္းအေဝးမ်ားတြင္ တက္ေရာက္ျခင္း မရွိဘူးလို႔ ၎က ေျပာၾကားပါတယ္။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္တြင္ မွတ္ပုံတင္ထားေသာ ပါတီ ၉၂ ပါတီရွိၿပီး ပါတီစစ္ေဆးျခင္းေဆာင္႐ြက္ၿပီးစီးမႈအေနနဲ႔ ၃၂ ပါတီကို စစ္ေဆးၿပီးေၾကာင္း သိရွိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*