အရာတော်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်တပ်က ဝင်စီး

အရာတော်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်တပ်က ဝင်စီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို စစ်တပ်က အောက်တိုဘာ ၂၂ ရက် မနက် ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ညောင်ပင်ကန်လမ်းကနေ အိမ်စီးဒိုင်နာကားတွေနဲ့လာတယ်။ နောက်ပြီးရွာသားတချို့ကို ဖမ်းပြီး စခန်းရှိရာကို လိုက်ပြခိုင်းတယ်။ ရွာသားတချိုု့တဝက်က ထွက်ပြေးနိုင်သလို၊ တချို့တဝက်က ပိတ်မိနေခဲ့တယ်ဗျ။

လောလောဆယ်တော့ ဘယ်သူတွေ အဖမ်းခံရလို့၊ ဘာတွေ ဖြစ်မလဲ မသိသေးရဘူးဗျ။ ကျနော်တို့အဖွဲ့တွေကတော့ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်ဗျ။ လက်ရှိ အချိန်မှာ ဒီကောင်တွေ ရလိုက်တာက စခန်းလောက်ပဲရမယ်ဗျ။

ဘာပစ္စည်းမှ ဒီကောင်တွေ မရဘူး။ နောက်ပိုင်း ဘာသိမ်းမိတယ်၊ ညာသိမ်းမိတယ်ဆိုပြီး ညာပြီးတက်ပြကြဦးမယ်ဆိုတာ ကျနော်တို့ ကြိုသိနေတယ်ဗျ”လို့ ဒေသခံ PDF အဖွဲ့ တစ်‌ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အရာတော်နယ်အတွင်း အောက်တိုဘာ ၂၀ ရက် ည ၁၂ နာရီ လောက်ကလည်း ကျေးရွာတစ်ရွာက အိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိစစ်ကောင်စီတပ်တွေက အရာတော်မြို့နယ် တောင်လတ်၊ ကန်ရင်း၊ မလဲသာ၊ ညောင်ပင်ကျေးရွာတွေဘက်မှာလည်း အင်အားအလုံးအရင်းဝင်ရောက်နေတဲ့ အကြောင်းနဲ့ အရာတော်ပိုင်ရွာလမ်းတွေက မဟုတ်ဘဲ မထင်မှတ်ထားတဲ့

ကျေးရွာတွေဘက်ကနေ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

………….

အရာေတာ္ၿမိဳ႕နယ္ကာကြယ္ေရးတပ္ဖြဲ႕စခန္းကို စစ္တပ္က ဝင္စီး

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕စခန္းတခုကို စစ္တပ္က ေအာက္တိုဘာ ၂၂ ရက္ မနက္ ၄ နာရီေလာက္မွာ ဝင္ေရာက္စီးနင္း ဖမ္းဆီးခဲ့တယ္လို႔ ေဒသခံေတြဆီကေန သိရပါတယ္။

“ေညာင္ပင္ကန္လမ္းကေန အိမ္စီးဒိုင္နာကားေတြနဲ႔လာတယ္။ ေနာက္ၿပီး႐ြာသားတခ်ိဳ႕ကို ဖမ္းၿပီး စခန္းရွိရာကို လိုက္ျပခိုင္းတယ္။ ႐ြာသားတခ်ိဳု႔တဝက္က ထြက္ေျပးႏိုင္သလို၊ တခ်ိဳ႕တဝက္က ပိတ္မိေနခဲ့တယ္ဗ်။

ေလာေလာဆယ္ေတာ့ ဘယ္သူေတြ အဖမ္းခံရလို႔၊ ဘာေတြ ျဖစ္မလဲ မသိေသးရဘူးဗ်။ က်ေနာ္တို႔အဖြဲ႕ေတြကေတာ့ ေဘးကင္းစြာနဲ႔ ဆုတ္ခြာႏိုင္ခဲ့တယ္ဗ်။ လက္ရွိ အခ်ိန္မွာ ဒီေကာင္ေတြ ရလိုက္တာက စခန္းေလာက္ပဲရမယ္ဗ်။

ဘာပစၥည္းမွ ဒီေကာင္ေတြ မရဘူး။ ေနာက္ပိုင္း ဘာသိမ္းမိတယ္၊ ညာသိမ္းမိတယ္ဆိုၿပီး ညာၿပီးတက္ျပၾကဦးမယ္ဆိုတာ က်ေနာ္တို႔ ႀကိဳသိေနတယ္ဗ်”လို႔ ေဒသခံ PDF အဖြဲ႕ တစ္‌ေယာက္က ေျပာပါတယ္။

စစ္ေကာင္စီတပ္သားေတြဟာ အရာေတာ္နယ္အတြင္း ေအာက္တိုဘာ ၂၀ ရက္ ည ၁၂ နာရီ ေလာက္ကလည္း ေက်း႐ြာတစ္႐ြာက အိမ္ ၅ လုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။

လက္ရွိစစ္ေကာင္စီတပ္ေတြက အရာေတာ္ၿမိဳ႕နယ္ ေတာင္လတ္၊ ကန္ရင္း၊ မလဲသာ၊ ေညာင္ပင္ေက်း႐ြာေတြဘက္မွာလည္း အင္အားအလုံးအရင္းဝင္ေရာက္ေနတဲ့ အေၾကာင္းနဲ႔ အရာေတာ္ပိုင္႐ြာလမ္းေတြက မဟုတ္ဘဲ မထင္မွတ္ထားတဲ့

ေက်း႐ြာေတြဘက္ကေန ဝင္ေရာက္ခဲ့တာ ျဖစ္တယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*