အရာတော် လေ့ကျင့်ရေးတပ်တွင် ပြည်သူတစ်ဦးအား ရိုက်နှက်‌နှိပ်စက်နေသည့် ဗွီဒီယိုထွက်ပေါ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (အရှေ့တပ်) အတွင်း ဖမ်းဆီးထားသူတစ်ဦးကို နေပူလှန်းပြီး ရိုက်နှက်နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်တခု အောက်တိုဘာ ၂၀ ရက်နေ့က အွန်လိုင်းပေါ် ပျံ့နှံ့လာပါတယ်။

အရာတော်မြို့နယ်က ဖမ်းဆီးခံရသူအများစုကို စခတ-၁၀ (အရပ်ခေါ် အရှေ့တပ်)ထဲမှာ ချုပ်နှောင်ထားပြီး နှိပ်စက်စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို မကြာခဏ နေပူထုတ်လှန်းပြီး ရိုက်နှက်စစ်ဆေးနေတာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ည ၂ နာရီ၊ ၃ နာရီ အချိန်မတော်ချိန်တော်လည်း ဖမ်းဆီးခံထားရသူတွေကို နှိုးပြီး စစ်ကြောနှိပ်စက်သေးတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အရာရှိတွေက မထင်ရင်မထင်သလို လက်ညှိုးထိုးခေါ် သီးသန့်စစ်ဆေး စေတတ်သလို ဖမ်းဆီးခံသံဃာတော်တွေကိုလည်း လူဝတ်လဲပြီး ရိုက်နှက်နှိပ်စက်နေကြတယ်လို့ စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

အရာတော်မြို့နယ်မှာ မတရားဖမ်းဆီးခံရသူ ၆၀ ဦးလောက်ရှိတဲ့ထဲက အမျိုးသမီးတစ်ဦးသာ မနေ့က ပြန်လည်လွတ်မြောက်လာသေးတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ မတရားအမိန့်ချခံရပြီး မုံရွာထောင်နဲ့ရွှေဘိုထောင်တို့မှာ အကျဉ်းကျနေတယ်လို့ သိရပါတယ်။

နေပူလှန်း ရိုက်နှက်နှိပ်စက်နေခံခဲ့ရသူ ဘယ်သူဆိုတာကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

……………………

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္၊ အမွတ္ ၁၀ စစ္အေျခခံေလ့က်င့္ေရးတပ္ (အေရွ႕တပ္) အတြင္း ဖမ္းဆီးထားသူတစ္ဦးကို ေနပူလွန္းၿပီး ႐ိုက္ႏွက္ႏွိပ္စက္ေနတဲ့ ဗြီဒီယိုဖိုင္တခု ေအာက္တိုဘာ ၂၀ ရက္ေန႔က အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔လာပါတယ္။

အရာေတာ္ၿမိဳ႕နယ္က ဖမ္းဆီးခံရသူအမ်ားစုကို စခတ-၁၀ (အရပ္ေခၚ အေရွ႕တပ္)ထဲမွာ ခ်ဳပ္ေႏွာင္ထားၿပီး ႏွိပ္စက္စစ္ေဆးတာေတြျပဳလုပ္ေနတာျဖစ္ၿပီး ဖမ္းဆီးခံရသူေတြကို မၾကာခဏ ေနပူထုတ္လွန္းၿပီး ႐ိုက္ႏွက္စစ္ေဆးေနတာလို႔ စစ္တပ္နဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

ဒါ့အျပင္ ည ၂ နာရီ၊ ၃ နာရီ အခ်ိန္မေတာ္ခ်ိန္ေတာ္လည္း ဖမ္းဆီးခံထားရသူေတြကို ႏႈိးၿပီး စစ္ေၾကာႏွိပ္စက္ေသးတယ္လို႔ ဆိုပါတယ္။

အၾကမ္းဖက္စစ္တပ္အရာရွိေတြက မထင္ရင္မထင္သလို လက္ညႇိဳးထိုးေခၚ သီးသန႔္စစ္ေဆး ေစတတ္သလို ဖမ္းဆီးခံသံဃာေတာ္ေတြကိုလည္း လူဝတ္လဲၿပီး ႐ိုက္ႏွက္ႏွိပ္စက္ေနၾကတယ္လို႔ စစ္တပ္နဲ႔ နီးစပ္သူက ေျပာပါတယ္။

အရာေတာ္ၿမိဳ႕နယ္မွာ မတရားဖမ္းဆီးခံရသူ ၆၀ ဦးေလာက္ရွိတဲ့ထဲက အမ်ိဳးသမီးတစ္ဦးသာ မေန႔က ျပန္လည္လြတ္ေျမာက္လာေသးတယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးခံရသူေတြထဲက အခ်ိဳ႕ဟာ မတရားအမိန႔္ခ်ခံရၿပီး မုံ႐ြာေထာင္နဲ႔ေ႐ႊဘိုေထာင္တို႔မွာ အက်ဥ္းက်ေနတယ္လို႔ သိရပါတယ္။

ေနပူလွန္း ႐ိုက္ႏွက္ႏွိပ္စက္ေနခံခဲ့ရသူ ဘယ္သူဆိုတာကိုေတာ့ မသိရေသးဘဲ ဒီဗြီဘီက စုံစမ္းေမးျမန္းေနဆဲ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*