အာဆီယံက စစ်ကောင်စီကို ဖယ်ကျဉ်လိုက်ခြင်းက သေချာပေါက် NUG ကို အကျိုးဖြစ်ထွန်းစေမှာလား

“အာဆီယံက စစ်ကောင်စီကို ဖယ်ကျဉ်လိုက်ခြင်းက သေချာပေါက် NUG ကို အကျိုးဖြစ်ထွန်းစေမှာပါ။ အာဆီယံအနေနဲ့ NUG နဲ့ ဆက်ဆံရေးစမယ်ဆိုတာမျိုး မလေးရှားက ထုတ်ပြောခဲ့ပြီးပြီပဲ။

စစ်ကောင်စီမှာ ရုရှားကလွဲပြီး အခြား မိတ်ဖက် နိုင်ငံမရှိတာမျိုးဖြစ်လာနိုင်တယ်။စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို နားမလည်ဘူး”

နိုင်ငံတကာရေးရာကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပမည့် ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့တွင်

တရားဝင်ကြေညာလိုက်ရာ ယင်းကြေညာချက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က နိုင်ငံတကာရေးရာကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အာဆီယံက မင်းအောင်လှိုင်ကို ထပ်သီးအစည်းအဝေးမှာ ကန့်သတ်ထားလိုက်တာက နိုင်ငံရေးအရ ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်မှုရှိလဲ။

ဖြေ။ ။ ဒီလုပ်ဆောင်မှုက နိုင်ငံရေးအရ သက်ရောက်မှု အများကြီးကို ရှိသွားပြီ။
မေး။ ။ စစ်ကောင်စီကို အာဆီယံက အသိအမှတ်မပြုတာက NUG အတွက် ဘာအကျိုးကျေးဇူးရှိမလဲ။ NUG နဲ့ကော ထိတွေ့ဆက်ဆံမှု                 အနာဂတ်မှာ ဖြစ်လာနိုင်လား။

ဖြေ။ ။ အာဆီယံက စစ်ကောင်စီကို ဖယ်ကျဉ်လိုက်ခြင်းက သေချာပေါက် NUG ကို အကျိုးဖြစ်ထွန်းစေမှာပါ။ အာဆီယံအနေနဲ့ NUG နဲ့              ဆက်ဆံရေးစမယ်ဆိုတာမျိုး မလေးရှားက ထုတ်ပြောခဲ့ပြီးပြီပဲ။

မေး။ ။ အာဆီယံအနေနဲ့ ဒီကန့်သတ်ချက်ကြောင့် စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရေး ဖြစ်လာမယ်လို့ရော မျှော်လင့်နိုင်ဖွယ်ရှိလား။
ဖြေ။ ။ ကျနော်မထင်ပါဘူး။ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို နားလည်တယ်လို့ မထင်ဘူး။

မေး။ ။ တကယ်လို့ စစ်ကောင်စီဘက်က ထပ်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် အာဆီယံက ထုတ်ပစ်တာမျိုးရှိလာနိုင်လား။
ဖြေ။ ။ အာဆီယံက ထုတ်ပစ်တာမျိုးတော့ ဖြစ်မလာနိုင်ဘူး။ ဒါပေမယ့် အဆင့်နိမ့်ချတဲ့ ဆက်ဆံရေး မျိုးနဲ့ အပြစ်ပေး အရေးယူတာတော့ရှိ            မှာသေချာပါတယ်။

မေး။ ။ တကယ်လို့ စစ်ကောင်စီက အာဆီယံနဲ့ မပူးပေါင်းဘဲ ဆက်ပြီး အုပ်ချုပ်နေမယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ နိုင်ငံတကာ      ဆက်ဆံရေးမှာ ရှိနိုင်လဲ။ ဆိုလိုတာက နိုင်ငံတကာ ဘေးဖယ်ဝိုင်းကျဉ်မှုက စစ်ကောင်စီ အာဏာပြုတ်ကျတဲ့အထိ ဖိအားပေးနိုင်ပါ့မလား။

ဖြေ။ ။ အာဆီယံက အကောင်းဆုံးသော မျှော်လင့်ချက်ပါ။ အနာဂတ်မှာ စစ်ကောင်စီအနေနဲ့ ပိုပြီး အထီးကျန်ဆန်လာပါလိမ့်မယ်။ စစ်ကောင်စီမှာ ရုရှားကလွဲပြီး အခြား မိတ်ဖက် နိုင်ငံမရှိတာမျိုးဖြစ်လာနိုင်တယ်။

ဒါပေမယ့် သူတို့ ဒီလို နိုင်ငံတကာ ဆက်ဆံရေးမှာ ဘယ်လောက် အခြေအနေဆိုးနေတယ်ဆိုတာ နားလည်မယ်မထင်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*