အာဆီယံအထူးသံရဲ့ ခရီးစဉ်အတွက် ညှိနှိုင်းနေဆဲ

အာဆီယံအထူးသံတမန်ရဲ့မြန်မာပြည်တွင်း ခရီးစဉ်အတွက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဘီဘီစီက သိရှိရတာကြောင့် ဒါဟာစစ်ကောင်စီဘက်က သဘောထားမပြောင်းလဲသေးတဲ့အကြောင်း ပြသရာရောက်နေပါတယ်။မြန်မာ့အရေးဖြေရှင်းဖို့

အားထုတ်မှုတစ်ရပ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရအာဆီယံအထူးသံတမန်ခန့်အပ်မှုပေါ်လာတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပေမဲ့သူ့ရဲ့မြန်မာပြည်တွင်း ခရီးစဉ် မပေါ်ပေါက်သေးပါဘူး။

အာဆီယံအထူးသံတမန် ဘရူနိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး-၂ ဖြစ်သူ မစ်စတာ ErywanYusof ကတော့ သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကို စစ်ကောင်စီဘက်ကို ပန်ကြားထားပေမဲ့စစ်ကောင်စီဘက်က

တိုက်ရိုက်တုံ့ပြန်ဖြေကြားတာမျိုးမရှိခဲ့ဘူးလို့ အစောပိုင်းမှာ ပြောထားပါတယ်။တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်နိုင်မယ်လို့ ယုံကြည်ရင်

အဲ့ဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့စစ်ကောင်စီရဲ့ပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အစောပိုင်းမှာ ပြောထားပါတယ်။အခုတော့ ဒီခရီးစဉ်အတွက် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့

ဘရူနိုင်းနိုင်ငံနဲ့ ညှိနှိုင်းနေသလို အဆင်ပြေလို့ ခရီးစဉ် ထွက်ပေါ်လာမယ်ဆိုရင် အခုလကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့အာဆီယံခေါင်းဆောင် တွေ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်ဖြစ်လိမ့်မယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားကတော့ စစ်ကောင်စီဘက်ကဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုမှုမပြသဘူးဆိုရင်လကုန်ပိုင်းကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့

ညီလာခံကို စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားဖို့ ခက်မယ်လို့ လူသိရှင်ကြားပြောဆိုထားပါတယ်။

………….

zawgyi

အာဆီယံအထူးသံတမန္ရဲ႕ျမန္မာျပည္တြင္း ခရီးစဥ္အတြက္ ညႇိႏႈိင္းေနဆဲျဖစ္တယ္လို႔ ဘီဘီစီက သိရွိရတာေၾကာင့္ ဒါဟာစစ္ေကာင္စီဘက္က သေဘာထားမေျပာင္းလဲေသးတဲ့အေၾကာင္း ျပသရာေရာက္ေနပါတယ္။ျမန္မာ့အေရးေျဖရွင္းဖို႔

အားထုတ္မႈတစ္ရပ္အေနနဲ႔ အာဆီယံေခါင္းေဆာင္ေတြၾကား ရရွိထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္အရအာဆီယံအထူးသံတမန္ခန႔္အပ္မႈေပၚလာတာ လနဲ႔ခ်ီၾကာျမင့္ေနၿပီျဖစ္ေပမဲ့သူ႔ရဲ႕ျမန္မာျပည္တြင္း ခရီးစဥ္ မေပၚေပါက္ေသးပါဘူး။

အာဆီယံအထူးသံတမန္ ဘ႐ူႏိုင္းႏိုင္ငံရဲ႕ႏိုင္ငံျခားေရးဝန္ႀကီး-၂ ျဖစ္သူ မစ္စတာ ErywanYusof ကေတာ့ သူ႔ရဲ႕ျမန္မာျပည္ခရီးစဥ္မွာေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခြင့္ကို စစ္ေကာင္စီဘက္ကို ပန္ၾကားထားေပမဲ့စစ္ေကာင္စီဘက္က

တိုက္႐ိုက္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိခဲ့ဘူးလို႔ အေစာပိုင္းမွာ ေျပာထားပါတယ္။တစ္ဖက္မွာလည္း ေဒၚေအာင္ဆန္းစုၾကည္တစ္ေယာက္တည္းနဲ႔ ေတြ႕ဆုံၿပီးျမန္မာႏိုင္ငံရဲ႕လက္ရွိျပႆနာေတြကို ေျဖရွင္းဖို႔ျဖစ္ႏိုင္မယ္လို႔ ယုံၾကည္ရင္

အဲ့ဒီယုံၾကည္မႈဟာ မ်က္ကန္းယုံၾကည္မႈလို႔စစ္ေကာင္စီရဲ႕ေျပာခြင့္ရဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကလည္း အေစာပိုင္းမွာ ေျပာထားပါတယ္။အခုေတာ့ ဒီခရီးစဥ္အတြက္ စစ္ေကာင္စီရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့

ဘ႐ူႏိုင္းႏိုင္ငံနဲ႔ ညႇိႏႈိင္းေနသလို အဆင္ေျပလို႔ ခရီးစဥ္ ထြက္ေပၚလာမယ္ဆိုရင္ အခုလကုန္ပိုင္းမွာ က်င္းပဖို႔ရွိတဲ့အာဆီယံေခါင္းေဆာင္ ေတြ ထိပ္သီးေဆြးေႏြးပြဲ မတိုင္ခင္ျဖစ္လိမ့္မယ္လို႔ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ မေလးရွားကေတာ့ စစ္ေကာင္စီဘက္ကဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္လိုမႈမျပသဘူးဆိုရင္လကုန္ပိုင္းက်င္းပမယ့္ အာဆီယံေခါင္းေဆာင္ေတြရဲ႕

ညီလာခံကို စစ္ေကာင္စီဥကၠ႒ကို ဖိတ္ၾကားဖို႔ ခက္မယ္လို႔ လူသိရွင္ၾကားေျပာဆိုထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*