အိမ်နီးချင်းနိုင်ငံတွေ ကို နိုင်ထက်စီးနင်း ပြုကျင့်မှာမဟုတ်ဘူး လို့ တရုတ်သမ္မတရှီ ပြော

နိုဝင်ဘာ ၂၂

နိုဝင်ဘာ ၂၂ ရက်၊နံနက်ပိုင်းကစလို့ အွန်လိုင်းစနစ်နဲ့ ကျင်းပနေတဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်ခဲ့ပြီး အာဆီယံ-တရုတ် ဆက်ဆံရေး နှစ် (၃၀) အထိမ်းအမှတ်အဖြင့် မိန့်ခွန်းတစ်ရပ်ကိုလည်း ပြောကြားခဲ့ပါတယ်။

2.jpg

အဲဒီထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတရှီက ပေကျင်းအစိုးရအနေနဲ့ သေးငယ်တဲ့ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေကို နိုင်ထက်စီးနင်းပြုကျင့်မှာမဟုတ်ဘူးလို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ခေါင်းဆောင်တွေကို ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။

5.jpg

အခုထိပ်သီးအစည်းအဝေးဟာ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကူညီပေးနိုင်မယ်လို့လည်း တရုတ်သမ္မတကပြောဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့အရွယ်အစားကို အခွင့်ကောင်းယူပြီး သေးငယ်တဲ့နိုင်ငံတွေကို

အနိုင်ကျင့်တာမျိုး လွှမ်းမိုးခြယ်လှယ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘဲ ကြားဝင်မစွက်ရေးမူကိုလက်ပိုင်ထားပြီး အာဆီယံနဲ့ အလုပ်အတူလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

3.jpg

အဲဒီထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်မပါဘဲ စတင်ခဲ့တာဖြစ်တယ်လို့ အစည်းအဝေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။ မြန်မာနစကကောင်စီရဲ့ ပြောခွင့်ရသူတစ်ဦးကတော့ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို တုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။

 

…………………

 

ႏိုဝင္ဘာ ၂၂

ႏိုဝင္ဘာ ၂၂ ရက္၊နံနက္ပိုင္းကစလို႔ အြန္လိုင္းစနစ္နဲ႔ က်င္းပေနတဲ့ အာဆီယံ-တ႐ုတ္ ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င္ တက္ေရာက္ခဲ့ၿပီး အာဆီယံ-တ႐ုတ္ ဆက္ဆံေရး ႏွစ္ (၃၀) အထိမ္းအမွတ္အျဖင့္ မိန႔္ခြန္းတစ္ရပ္ကိုလည္း ေျပာၾကားခဲ့ပါတယ္။

အဲဒီထိပ္သီးအစည္းအေဝးမွာ တ႐ုတ္သမၼတရွီက ေပက်င္းအစိုးရအေနနဲ႔ ေသးငယ္တဲ့ေဒသတြင္းအိမ္နီးခ်င္းႏိုင္ငံေတြကို ႏိုင္ထက္စီးနင္းျပဳက်င့္မွာမဟုတ္ဘူးလို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (အာဆီယံ) မွ ေခါင္းေဆာင္ေတြကို ေျပာဆိုခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာမွာ ေဖာ္ျပပါတယ္။

အခုထိပ္သီးအစည္းအေဝးဟာ ေဒသတြင္းၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ကူညီေပးႏိုင္မယ္လို႔လည္း တ႐ုတ္သမၼတကေျပာဆိုပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ သူ႔ရဲ႕အ႐ြယ္အစားကို အခြင့္ေကာင္းယူၿပီး ေသးငယ္တဲ့ႏိုင္ငံေတြကို

အႏိုင္က်င့္တာမ်ိဳး လႊမ္းမိုးျခယ္လွယ္တာမ်ိဳး ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘဲ ၾကားဝင္မစြက္ေရးမူကိုလက္ပိုင္ထားၿပီး အာဆီယံနဲ႔ အလုပ္အတူလုပ္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဲဒီထိပ္သီးအစည္းအေဝးကို ျမန္မာႏိုင္ငံဘက္က ကိုယ္စားလွယ္မပါဘဲ စတင္ခဲ့တာျဖစ္တယ္လို႔ အစည္းအေဝးနဲ႔ နီးစပ္တဲ့သတင္းရင္းျမစ္ႏွစ္ခုက ဆိုပါတယ္။ ျမန္မာနစကေကာင္စီရဲ႕ ေျပာခြင့္ရသူတစ္ဦးကေတာ့ ႐ိုက္တာသတင္းဌာနရဲ႕ မွတ္ခ်က္ေပးဖို႔ေတာင္းဆိုခ်က္ကို တုံ႔ျပန္တာမ်ိဳးမရွိခဲ့ပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*