ဧရာဝတီတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင်ငွေထုတ်မရ၍ တင်ဒါအောင်ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး အခက်တွေ့ ရပ်ဆိုင်းနေရဟုဆို

ဧရာဝတီတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင်ငွေထုတ်မရ၍ တင်ဒါအောင်ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး အခက်တွေ့ ရပ်ဆိုင်းနေရဟုဆို

စက်တင်ဘာလနှောင်းပိုင်းကစတင်ကာ ငွေထုတ်ယူခွင့်ရရှိပြီးဖြစ်သည့် တင်ဒါအောင် ဆောက်လုပ်ရေးကုမ္ပဏီများအား မြန်မာ့စီးပွားရေးဘဏ်ခွဲများက ငွေမရှိဟုဆိုကာငွေထုတ်မပေး၍

လုပ်ငန်းများဆက်လက်လုပ်ကိုင်မရတော့ပဲ ရပ်ဆိုင်းနေတယ်လို့သိရှိရပါတယ်။ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင်ငွေမရှိ၍ တိုင်းဒေသကြီးအတွင်းရှိ

တင်ဒါအောင်ဆောက်လုပ်ရေးလုပ်ငန်းအားလုံးရပ်ဆိုင်းနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏အသင်းဝင်များက ယခုလိုပြောပြထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက“ငွေထုတ်ခွင့်လည်းကျပြီးပြီ။လုပ်ငန်းက ၅၀ရာခိုင်နှုန်းတောင်ပြီးတော့မယ်။ငွေမထုတ်ပေးတော့ ဆက်မလုပ်နိုင်ကြတော့ဘူး။ အကုန်ရပ်ထားရတယ်။

ငွေသွားထုတ်တာ အခေါက်ပေါင်းမနည်းတော့ဘူး။တစ်ခါမှရမလာဘူး။အပြင်ဘဏ်တွေဆိုရင်မှ Mobile Banking နဲ့ငွေချေလို့ရနိုင်သေးတယ်။စီးပွားရေးဘဏ်ကျဘာမှလုပ်မရဘူး။

ပြီးတော့ စီးပွားရေးဘဏ်ကပိုက်ဆံထုတ်ပေးတာမှာ ဒီအတိုင်းပေးတာမဟုတ်ဘူး။အခုနောက်ပိုင်းစေတနာကြေးဆိုပြီးတော့တစ်ရာခိုင်နှုန်းအမြဲတောင်းတယ်”ဟုပြောသည်။

အစိုးရထံကတင်ဒါအောင်ဆောက်လုပ်ရေးလုပ်ငန်းများသည် ကိုယ်ပိုင်ငွေစိုက်ထုတ်ကာ လုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးစီးအောင်ဆောင်ရွက်ရပြီး ယင်းသို့ဆောင်ရွက်ပြီးစီးကြောင်း သက်ဆိုင်ရာအစိုးရဌာနထံတင်ပြပြီးမှသာငွေထုတ်ယူခွင့်ရရှိခြင်းဖြစ်သည်။

စီးပွားရေးဘဏ်တွင် ကိုယ်တိုင်ငွေသွားရောက်ထုတ်ယူခဲ့သူတစ်ဦးက “တင်ဒါငွေတွေပဲ ထုတ်မရတာလားဆိုပြီး တခြားအရင်က ငွေအပ်ထားဖူးသူတွေကို လိုက်မေးတော့လည်း အဲဒီအတိုင်းပဲ။

ထုတ်မရဘူးဖြစ်နေတာ၊ ပင်စင်နဲ့လစာပဲထုတ်ပေးနေတယ်။မေးတော့လည်း အကြောင်းပြချက်မရှိဘူး။နောက်တစ်ပတ်လာပါလို့ပဲပြောတယ်။ ပစ္စည်းဖိုးအကြွေးတွေလည်းမပေးနိုင်

လုပ်သားတွေကိုလည်းလုပ်ခမရှင်းနိုင်မို့ အလုပ်တွေနားလိုက်ရတယ်။နားတော့လည်း အလုပ်သမားကအလုပ်မရှိတော့ ဒုက္ခရောက်ပြန်ရောဆိုတော့ ဘာလုပ်ရမယ်ကိုမသိတာ”ဟုပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိမြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာနှင့်ဝန်ထမ်းလစာများကိုသာထုတ်ပေးလျက်ရှိပြီးပြင်ပငွေထုတ်ယူခွင့်မပြုသည်မှာ ၂ ပတ်ကျော်ကြာမြင့်နေပြီဟုသိရသည်။

……………

ဧရာဝတီတိုင္း ျမန္မာ့စီးပြားေရးဘဏ္တြင္ေငြထုတ္မရ၍ တင္ဒါေအာင္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအားလုံး အခက္ေတြ႕ ရပ္ဆိုင္းေနရဟုဆို

စက္တင္ဘာလေႏွာင္းပိုင္းကစတင္ကာ ေငြထုတ္ယူခြင့္ရရွိၿပီးျဖစ္သည့္ တင္ဒါေအာင္ ေဆာက္လုပ္ေရးကုမၸဏီမ်ားအား ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားက ေငြမရွိဟုဆိုကာေငြထုတ္မေပး၍

လုပ္ငန္းမ်ားဆက္လက္လုပ္ကိုင္မရေတာ့ပဲ ရပ္ဆိုင္းေနတယ္လို႔သိရွိရပါတယ္။ဧရာဝတီတိုင္းအတြင္းရွိ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္ေငြမရွိ၍ တိုင္းေဒသႀကီးအတြင္းရွိ

တင္ဒါေအာင္ေဆာက္လုပ္ေရးလုပ္ငန္းအားလုံးရပ္ဆိုင္းေနေၾကာင္း ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္း၏အသင္းဝင္မ်ားက ယခုလိုေျပာျပထားပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက“ေငြထုတ္ခြင့္လည္းက်ၿပီးၿပီ။လုပ္ငန္းက ၅၀ရာခိုင္ႏႈန္းေတာင္ၿပီးေတာ့မယ္။ေငြမထုတ္ေပးေတာ့ ဆက္မလုပ္ႏိုင္ၾကေတာ့ဘူး။ အကုန္ရပ္ထားရတယ္။

ေငြသြားထုတ္တာ အေခါက္ေပါင္းမနည္းေတာ့ဘူး။တစ္ခါမွရမလာဘူး။အျပင္ဘဏ္ေတြဆိုရင္မွ Mobile Banking နဲ႔ေငြေခ်လို႔ရႏိုင္ေသးတယ္။စီးပြားေရးဘဏ္က်ဘာမွလုပ္မရဘူး။

ၿပီးေတာ့ စီးပြားေရးဘဏ္ကပိုက္ဆံထုတ္ေပးတာမွာ ဒီအတိုင္းေပးတာမဟုတ္ဘူး။အခုေနာက္ပိုင္းေစတနာေၾကးဆိုၿပီးေတာ့တစ္ရာခိုင္ႏႈန္းအၿမဲေတာင္းတယ္”ဟုေျပာသည္။

အစိုးရထံကတင္ဒါေအာင္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ ကိုယ္ပိုင္ေငြစိုက္ထုတ္ကာ လုပ္ငန္း ၂၅ ရာခိုင္ႏႈန္းၿပီးစီးေအာင္ေဆာင္႐ြက္ရၿပီး ယင္းသို႔ေဆာင္႐ြက္ၿပီးစီးေၾကာင္း သက္ဆိုင္ရာအစိုးရဌာနထံတင္ျပၿပီးမွသာေငြထုတ္ယူခြင့္ရရွိျခင္းျဖစ္သည္။

စီးပြားေရးဘဏ္တြင္ ကိုယ္တိုင္ေငြသြားေရာက္ထုတ္ယူခဲ့သူတစ္ဦးက “တင္ဒါေငြေတြပဲ ထုတ္မရတာလားဆိုၿပီး တျခားအရင္က ေငြအပ္ထားဖူးသူေတြကို လိုက္ေမးေတာ့လည္း အဲဒီအတိုင္းပဲ။

ထုတ္မရဘူးျဖစ္ေနတာ၊ ပင္စင္နဲ႔လစာပဲထုတ္ေပးေနတယ္။ေမးေတာ့လည္း အေၾကာင္းျပခ်က္မရွိဘူး။ေနာက္တစ္ပတ္လာပါလို႔ပဲေျပာတယ္။ ပစၥည္းဖိုးအေႂကြးေတြလည္းမေပးႏိုင္

လုပ္သားေတြကိုလည္းလုပ္ခမရွင္းႏိုင္မို႔ အလုပ္ေတြနားလိုက္ရတယ္။နားေတာ့လည္း အလုပ္သမားကအလုပ္မရွိေတာ့ ဒုကၡေရာက္ျပန္ေရာဆိုေတာ့ ဘာလုပ္ရမယ္ကိုမသိတာ”ဟုေျပာသည္။

ဧရာဝတီတိုင္းအတြင္းရွိျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ ပင္စင္လစာႏွင့္ဝန္ထမ္းလစာမ်ားကိုသာထုတ္ေပးလ်က္ရွိၿပီးျပင္ပေငြထုတ္ယူခြင့္မျပဳသည္မွာ ၂ ပတ္ေက်ာ္ၾကာျမင့္ေနၿပီဟုသိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*