ရန်ကုန်အိမ်ခြံမြေဈေး အနည်းငယ်တက်လာ

စက်တင်ဘာ၂၀

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ပိုမိုဖြစ်နေပြီး နယ်မြို့များမှ လာရောက် ရောင်းဝယ်တာတွေ များလာတယ်လို့ အိမ်ခြံမြေအရောင်း အဝယ်ပြုလုပ်သူများနှင့် လက်ရှိ အိမ်ခြံ မြေများ ဝယ်ယူထားသူများရဲ့ ပြောဆိုမှုများအရ သိရှိရပါတယ်။

လတ်တလောမှာ မြန်မာငွေကျပ် ဖောင်းပွလာခြင်း၊ တန်ဖိုးကျဆင်းလာခြင်းနှင့် အတူ ဒေါ်လာဈေး၊ ရွှေဈေးဟာ လည်း စက္ကန့်နှင့် အမျှ ပြောင်းလဲနေချိန်

မိမိတို့ လက်ဝယ်ရှိ ငွေများသိမ်းဆည်းထားမယ့်အစား အိမ်ခြံမြေဘက်ကို ပိုမို ရင်းနှီးမြှုပ်နှံလာကြတယ်လို့ဆိုပါတယ်။

“ အရောင်းအဝယ်တွေလည်း ပိုဖြစ်လာတယ်။ အရင်အချိန် ဝါတွင်းဆိုရင် လုံးဝနီးပါးကိုဝယ်ရောင်းသိပ် မရှိတာ၊ အခုက ရောင်းချင်တဲ့ သူတွေကလည်း ဈေးတွေ ဖွင့်ထားတယ်၊

ဝယ်ချင်တဲ့ သူတွေကလည်း နေ့တိုင်းနီးပါး စုံစမ်း တယ်၊ အဆင်ပြေရင် ရောင်းသူ၊ ဝယ်သူ ပေးတွေ့ လိုက်တယ်”လို့ လက်ရှိ အိမ်ခြံမြေ အနေအထားနဲ့ ပတ်သက်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကရှင်းပြပါတယ်။

အိမ်ခြံမြေကို နေထိုင်ရန်ဝယ်ယူသူများနှင့် မိမိရဲ့ငွေကြေးကို ရင်းနှီးမြှုပ်နှံလိုတာကြောင့် ဝယ်ယူကြသူများ ရှိရာ လက်ရှိအချိန်မှာလည်း ဝါတွင်းကာလဖြစ်ပေမယ့်

အိမ်ပြောင်းရွှေ့မှုနည်းသော်လည်း ဝယ်ယူမှုများကတော့ ပိုမိုများပြားနေတယ်လို့လည်း သိရပါတယ်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအနေဲ့ရန်ကုန်မြို့မှာ ဝယ်ယူရင်းနှီးမြှုပ်နှံတာတွေရှိနေသလို နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာလည်း ဝယ်ယူမှုများရှိနေပြီး

ပြီးခဲ့တဲ့ လအတွင်းကပဲ နေပြည်တော်မှာ အိမ်ခြံဝယ်ယူတာတွေများပြားနေတယ်လို့ နေပြည်တော်အိမ်ခြံမြေအသင်းရဲ့တာဝန်ရှိသူတစ်ဦးကမီဒီယာတွေကိုဖြေကြားထားတာတွေရှိနေတာပါ။

အိမ်မြေအဝယ်လိုက်လာတာကြောင့်ယခင်အိမ်မြေကွက်ဈေးဟာသိန်း၂၀၀တန်မြေကွက်ကိုသိန်း၅၀၀အထိတိုးမြှင့်ဈေးခေါ်နေကြတယ်လို့လည်းသိရပါတယ်။

 

<<<<< zawgyi >>>>>

 

စက္တင္ဘာ၂၀

ရန္ကုန္အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ပိုမိုျဖစ္ေနၿပီး နယ္ၿမိဳ႕မ်ားမွ လာေရာက္ ေရာင္းဝယ္တာေတြ မ်ားလာတယ္လို႔ အိမ္ၿခံေျမအေရာင္း အဝယ္ျပဳလုပ္သူမ်ားႏွင့္ လက္ရွိ အိမ္ၿခံ ေျမမ်ား ဝယ္ယူထားသူမ်ားရဲ႕ ေျပာဆိုမႈမ်ားအရ သိရွိရပါတယ္။

လတ္တေလာမွာ ျမန္မာေငြက်ပ္ ေဖာင္းပြလာျခင္း၊ တန္ဖိုးက်ဆင္းလာျခင္းႏွင့္ အတူ ေဒၚလာေဈး၊ ေ႐ႊေဈးဟာ လည္း စကၠန႔္ႏွင့္ အမွ် ေျပာင္းလဲေနခ်ိန္

မိမိတို႔ လက္ဝယ္ရွိ ေငြမ်ားသိမ္းဆည္းထားမယ့္အစား အိမ္ၿခံေျမဘက္ကို ပိုမို ရင္းႏွီးျမႇဳပ္ႏွံလာၾကတယ္လို႔ဆိုပါတယ္။

“ အေရာင္းအဝယ္ေတြလည္း ပိုျဖစ္လာတယ္။ အရင္အခ်ိန္ ဝါတြင္းဆိုရင္ လုံးဝနီးပါးကိုဝယ္ေရာင္းသိပ္ မရွိတာ၊ အခုက ေရာင္းခ်င္တဲ့ သူေတြကလည္း ေဈးေတြ ဖြင့္ထားတယ္၊

ဝယ္ခ်င္တဲ့ သူေတြကလည္း ေန႔တိုင္းနီးပါး စုံစမ္း တယ္၊ အဆင္ေျပရင္ ေရာင္းသူ၊ ဝယ္သူ ေပးေတြ႕ လိုက္တယ္”လို႔ လက္ရွိ အိမ္ၿခံေျမ အေနအထားနဲ႔ ပတ္သက္လို႔ အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးကရွင္းျပပါတယ္။

အိမ္ၿခံေျမကို ေနထိုင္ရန္ဝယ္ယူသူမ်ားႏွင့္ မိမိရဲ႕ေငြေၾကးကို ရင္းႏွီးျမႇဳပ္ႏွံလိုတာေၾကာင့္ ဝယ္ယူၾကသူမ်ား ရွိရာ လက္ရွိအခ်ိန္မွာလည္း ဝါတြင္းကာလျဖစ္ေပမယ့္

အိမ္ေျပာင္းေ႐ႊ႕မႈနည္းေသာ္လည္း ဝယ္ယူမႈမ်ားကေတာ့ ပိုမိုမ်ားျပားေနတယ္လို႔လည္း သိရပါတယ္။

အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနဲ႔ရန္ကုန္ၿမိဳ႕မွာ ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံတာေတြရွိေနသလို ေနျပည္ေတာ္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာလည္း ဝယ္ယူမႈမ်ားရွိေနၿပီး

ၿပီးခဲ့တဲ့ လအတြင္းကပဲ ေနျပည္ေတာ္မွာ အိမ္ၿခံဝယ္ယူတာေတြမ်ားျပားေနတယ္လို႔ ေနျပည္ေတာ္အိမ္ၿခံေျမအသင္းရဲ႕တာဝန္ရွိသူတစ္ဦးကမီဒီယာေတြကိုေျဖၾကားထားတာေတြရွိေနတာပါ။

အိမ္ေျမအဝယ္လိုက္လာတာေၾကာင့္ယခင္အိမ္ေျမကြက္ေဈးဟာသိန္း၂၀၀တန္ေျမကြက္ကိုသိန္း၅၀၀အထိတိုးျမႇင့္ေဈးေခၚေနၾကတယ္လို႔လည္းသိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*