ပြည်ပအဝင်မရှိတာကြောင့် ပြည်တွင်းဂျုံဈေး သုံးတင်းဝင် တစ်အိတ်ကျပ် ၂သိန်းထိဈေးမြင့်

စက်တင်ဘာ ၂၂

ပြည်တွင်း ဂျုံဈေးဟာယခင်နှစ်တွေကထက် ဈေးနှုန်းမြင့်လာပြီး ဂျုံသီးနှံ သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၂သိန်း အထိ ဈေးမြင့်လာနေရာ ပြည်ပကနေဂျုံတင်သွင်းမှုအဝင်မရှိတာကြောင့်

ဈေးကြီးမြင့်ခြင်းဖြစ်တယ်လို့ ရောင်းချသူ ကုန်သည်တွေထံကသိရပါတယ်။ဂျုံတင်သွင်းမှုဟာ ပြည်တွင်မှာ စိုက်ပျိုးတဲ့ မြန်မာလယ်ယာထွက်ကုန် ဂျုံသီးနှံများ

ယခုနှစ်မှာ အထွက်နှုန်းကောင်းမွန်လာတာကြောင့် မတင်သွင်းဖြစ်တာဖြစ်ကြောင်းနဲ့ယခင်ဂျုံဈေးထက် ကျပ် ၁သိန်းကျော် ဈေးမြင့်လာတယ်လို့ဆိုပါတယ်။

ဂျုံသုံးတင်းဝင်တစ်အိတ်ဟာ ယခင်ဈေးမြင့်တက်မှုမရှိခင်ကတစ်အိတ်ကို၉သောင်းခွဲနှုန်းရောင်းချရာကနေ အခုကာလမှာတစ်အိတ်ကို၂သိန်းနှုန်းဖြစ်လာတာကြောင့်

ဈေးနှုန်းအတက်ကြမ်းသွားတယ်လို့ဝယ်ယူသုံးစွဲသူတွေကသုံးသပ်ပြောကြားထားပါတယ်။” ဂျုံဈေးကတော့တော်တော်တက်သွားတာ အရင်က ဂရမ်နဲ့ရောင်းတဲ့ဒုံးပျံ1.6ကီလိုဂရမ်တစ်ထုပ်ကို

၁၉၀၀ကျပ်နှုန်းနဲ့ဝယ်ခဲ့ရတာကနေအခုတော့၆၀၀၀ကျပ်နီးပါးဖြစ်နေတော့ဈေးကတစ်ဆနှစ်ဆတက်တယ်လို့ကိုပြောလို့ကိုမရတော့တာအတော်ကိုအတက်ကြမ်းသွားတာပါလို့” ဂျုံအသုံးပြုကာ မုန့်လုပ်ဖြန့်ဖြူးနေသူတစ်ဦးကပြောပါတယ်။

ဂျုံကိုပြည်တွင်းမှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပြီး မန္တလေး ၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာအဓိကထားစိုက်ပျိုးကြကြောင်း သိရပါတယ်။

 

<<<<< zawgyi >>>>>

 

စက္တင္ဘာ ၂၂








Be the first to comment

Leave a Reply

Your email address will not be published.


*