မှားအပိတ်ခံရတဲ့ Kpay အကောင့်တွေ ဗဟိုဘဏ်ကို E-mail ပို့တင်ပြနိုင်တယ် လို့ KBZ Payထုတ်ပြန်

မှားယွင်းအပိတ်ခံရတဲ့ KBZ Pay အကောင့်တွေ ဗဟိုဘဏ်ကို အီးမေးလ်တိုက်ရိုက်ပေးပို့တင်ပြနိုင်တယ်လို့KBZ Pay ကဒီနေ့စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဗဟိုဘဏ်က တရားမဝင်ငွေလွှဲပြောင်းမှုနဲ့ ငွေကြေးလိမ်လည်မှု ကာကွယ်ဖို့ Mobile Pay အချက်အလက်တွေ ပြည့်စုံစွာ ဖြည့်သွင်းရမှာဖြစ်ပြီး လုပ်ဆောင်မှုမရှိပါက အပြီးတိုင်ပိတ်သိမ်းမယ်လို့ ကြေညာပြီးနောက်

KBZ Pay အသုံးပြုနေတဲ့ ပြည်သူတချို့ အကောင့်ပိတ်သိမ်းခံရမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။“ KPay အကောင့်နဲ့ အရောင်းအဝယ်လုပ်နေတာ နေ့စဉ် ငွေလွှဲငွေထုတ်ကတော့ရှိမှာပဲ။

Sim Card တူ Level -2 ကိုယ်လည်းအပိတ်ခံရတယ်၊ ဘာလို့ပိတ်တာလည်းဆိုတော့ ငွေအဝင်အထွက်များလို့တဲ့။ Kpay Center ကိုမေးတော့ ဗဟိုဘဏ်ကပိတ်တာ မေးလ်ပို့ဖြေရှင်းရမယ်ဆိုပြီး

အသုံးပြုတွေရဲ့ အခက်အခဲကို မဖြေရှင်းပေးဘဲ မျက်နှာလွှဲခဲပစ်လုပ်သလို ဖြစ်နေတယ်”လို့ KBZ Pay အကောင့်ပိတ်ခံရသူတစ်ဦးက ပြောပါတယ်။

ပိတ်ခံရတဲ့ အကောင့်တွေမှာ ငွေကြေးပမာဏ အနည်းငယ်ကနေ ပမာဏများစွာရှိနေတဲ့အကောင့်တွေလည်း ပါ၀င်ပြီး ဘဏ်ကို ဆက်သွယ်ရာမှာ တိကျတဲ့အဖြေပေးမှုမရှိဘဲ

ဗဟိုဘဏ်ကိုသာ ဆက်သွယ်ရမယ်လို့ ဖြေကြားတယ်လို့ အကောင့်ပိတ်ခံရတဲ့ ပြည်သူတချို့က လူမှုကွန်ရက်ကတဆင့်ပြောကြားထားကြပါတယ်။

လက်ရှိ တချို့ Level အဆင့်မမြှင့်ရသေးတဲ့ အကောင့်တချို့ကလည်းဆက်လက်သုံးစွဲလို့ရနေဆဲဖြစ်ပြီး ငွေလွှဲငွေထုတ် မမှန်ကန်လုပ်မိတဲ့သူတချို့ကိုသာ ပိတ်တာလို့ ဘဏ်ကပြောကြောင်း

KBZ ဘဏ်ကို သွားရောက်မေးမြန်းခဲ့တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။“ညီမ Level-1 နဲ့ 1.5 Kpayကို သုံးနေတာနေ့စဉ်ငွေအဝင်အထွက် လည်းများတော့ စိတ်ချရအောင်ဘဏ်သွားမေးပြီး အဆင့်လည်းသွားတင်တာ။

သူတို့ကတော့ အကောင့်တွေပိတ်ခိုင်းတာ အဆင့်မြှင့်ခိုင်းတာ အဲ့လို တိတိကျကျညွှန်ကြားလာတာတောင်မရှိသေးဘူးပေါ့။ ငွေလွှဲအကောင့်ဖြစ်လို့ ငွေဝင်ထွက်များနေမှာပဲ တချို့မှားယွင်းလုပ်မိလို့သာ ပိတ်ခံရတာမျိုးဖြစ်မှာပါလို့ပြောတယ်။

ဒါပေမယ့် လုံခြုံစိတ်ချရအောင် အဆင့်မြှင့်ထားတာကောင်းတယ်ပေါ့ ။ မှတ်ပုံတင်ပါတယ် ကိုယ်တိုင်သုံးတယ်ဆို Level-2 အကောင့်ချက်ချင်းရပါတယ်” လို့ ဘဏ်သွားရောက်ခဲ့တဲ့ပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မှားယွင်းပိတ်ခံခဲ့ရတဲ့ KBZ Pay အကောင့်သုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိတို့အကောင့်ပြန်လည်ဖွင့်လှစ်အသုံးပြုနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အီးမေးလ်တိုက်ရိုက်ပေးပို့ တင်ပြနိုင်တယ်လို့ KBZ Pay ကထုတ်ပြန်ထားပါတယ်။

 

<<<<< zawgyi >>>>>

 

မွားယြင္းအပိတ္ခံရတဲ့ KBZ Pay အေကာင့္ေတြ ဗဟိုဘဏ္ကို အီးေမးလ္တိုက္႐ိုက္ေပးပို႔ တင္ျပႏိုင္တယ္လို႔ KBZ Pay က ဒီေန႔ စက္တင္ဘာ ၂၁ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာပါတယ္။

ဗဟိုဘဏ္က တရားမဝင္ေငြလႊဲေျပာင္းမႈနဲ႔ ေငြေၾကးလိမ္လည္မႈ ကာကြယ္ဖို႔ Mobile Pay အခ်က္အလက္ေတြ ျပည့္စုံစြာ ျဖည့္သြင္းရမွာျဖစ္ၿပီး လုပ္ေဆာင္မႈမရွိပါက အၿပီးတိုင္ပိတ္သိမ္းမယ္လို႔ ေၾကညာၿပီးေနာက္

KBZ Pay အသုံးျပဳေနတဲ့ ျပည္သူတခ်ိဳ႕ အေကာင့္ပိတ္သိမ္းခံရမႈေတြ ျဖစ္ေပၚေနတာျဖစ္ပါတယ္။“ KPay အေကာင့္နဲ႔ အေရာင္းအဝယ္လုပ္ေနတာ ေန႔စဥ္ ေငြလႊဲေငြထုတ္ကေတာ့ရွိမွာပဲ။

Sim Card တူ Level -2 ကိုယ္လည္းအပိတ္ခံရတယ္၊ ဘာလို႔ပိတ္တာလည္းဆိုေတာ့ ေငြအဝင္အထြက္မ်ားလို႔တဲ့။ Kpay Center ကိုေမးေတာ့ ဗဟိုဘဏ္ကပိတ္တာ ေမးလ္ပို႔ေျဖရွင္းရမယ္ဆိုၿပီး

အသုံးျပဳေတြရဲ႕ အခက္အခဲကို မေျဖရွင္းေပးဘဲ မ်က္ႏွာလႊဲခဲပစ္လုပ္သလို ျဖစ္ေနတယ္”လို႔ KBZ Pay အေကာင့္ပိတ္ခံရသူတစ္ဦးက ေျပာပါတယ္။

ပိတ္ခံရတဲ့ အေကာင့္ေတြမွာ ေငြေၾကးပမာဏ အနည္းငယ္ကေန ပမာဏမ်ားစြာရွိေနတဲ့အေကာင့္ေတြလည္း ပါ၀င္ၿပီး ဘဏ္ကို ဆက္သြယ္ရာမွာ တိက်တဲ့အေျဖေပးမႈမရွိဘဲ

ဗဟိုဘဏ္ကိုသာ ဆက္သြယ္ရမယ္လို႔ ေျဖၾကားတယ္လို႔ အေကာင့္ပိတ္ခံရတဲ့ ျပည္သူတခ်ိဳ႕က လူမႈကြန္ရက္ကတဆင့္ေျပာၾကားထားၾကပါတယ္။

လက္ရွိ တခ်ိဳ႕ Level အဆင့္မျမႇင့္ရေသးတဲ့ အေကာင့္တခ်ိဳ႕ကလည္းဆက္လက္သုံးစြဲလို႔ရေနဆဲျဖစ္ၿပီး ေငြလႊဲေငြထုတ္ မမွန္ကန္လုပ္မိတဲ့သူတခ်ိဳ႕ကိုသာ ပိတ္တာလို႔ ဘဏ္ကေျပာေၾကာင္း

KBZ ဘဏ္ကို သြားေရာက္ေမးျမန္းခဲ့တဲ့ ျပည္သူတစ္ဦးကေျပာပါတယ္။“ညီမ Level-1 နဲ႔ 1.5 Kpayကို သုံးေနတာ ေန႔စဥ္ေငြအဝင္အထြက္လည္းမ်ားေတာ့ စိတ္ခ်ရေအာင္ဘဏ္သြားေမးၿပီး အဆင့္လည္းသြားတင္တာ။

သူတို႔ကေတာ့ အေကာင့္ေတြပိတ္ခိုင္းတာ အဆင့္ျမႇင့္ခိုင္းတာ အဲ့လို တိတိက်က်ၫႊန္ၾကားလာတာေတာင္မရွိေသးဘူးေပါ့။ ေငြလႊဲအေကာင့္ျဖစ္လို႔ ေငြဝင္ထြက္မ်ားေနမွာပဲ တခ်ိဳ႕မွားယြင္းလုပ္မိလို႔သာ ပိတ္ခံရတာမ်ိဳးျဖစ္မွာပါလို႔ေျပာတယ္။

ဒါေပမယ့္ လုံၿခဳံစိတ္ခ်ရေအာင္ အဆင့္ျမႇင့္ထားတာေကာင္းတယ္ေပါ့ ။ မွတ္ပုံတင္ပါတယ္ ကိုယ္တိုင္သုံးတယ္ဆို Level-2 အေကာင့္ခ်က္ခ်င္းရပါတယ္” လို႔ ဘဏ္သြားေရာက္ခဲ့တဲ့ျပည္သူတစ္ဦးကေျပာပါတယ္။

လက္ရွိမွာ မွားယြင္းပိတ္ခံခဲ့ရတဲ့ KBZ Pay အေကာင့္သုံးစြဲသူ ျပည္သူေတြအေနနဲ႔ မိမိတို႔အေကာင့္ျပန္လည္ဖြင့္လွစ္အသုံးျပဳႏိုင္ဖို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကို အီးေမးလ္တိုက္႐ိုက္ေပးပို႔ တင္ျပႏိုင္တယ္လို႔ KBZ Pay ကထုတ္ျပန္ထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*