ပြည်တွင်းဈေးကွက်၌ ကျရိပ်အနည်းငယ်ပြပြီးနောက် ရွှေနဲ့ဒေါ်လာ စျေးတန်းတစ်ခုမှာ ငြိမ်နေ
စက်တင်ဘာ ၂၂
ပြင်ပငွေကြေးစျေးကွက်မှာ ရွှေနဲ့ဒေါ်လာစျေး ကျရိပ်အနည်းငယ်ပြပြီးနောက် ရွှေစျေး ကျပ်၂၈ သိန်း ၀န်းကျင်နဲ့ ဒေါ်လာစျေး ၃၂၀၀ ကျပ်ဝန်းကျင် စျေးတန်းမှာ ၄ ရက်ကြာငြိမ်နေတယ်လို့
ရန်ကုန်မြို့ကရွှေဆိုင်တွေနဲ့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ဒီနေ့ စက်တင်ဘာ ၂၂ရက် နံနက် ၁၁ နာရီ ရွှေအဖွင့်စျေးမှာ ၁၆ ပဲရည်တစ်ကျပ်သားကို ၂၈ သိန်း ဖြစ်ပြီး
ဆိုင်ပြန်ဝယ်စျေးကတော့ ၂၇၅၀၀၀၀ ကျပ် ဖြစ်တယ်လို့ ရွှေဆိုင်တစ်ဆိုင်ကဖြေကြားထားသလို ပြင်ပဒေါ်လာစျေး၃၂၀၀ ကျပ် ၀န်းကျင်မှာရှိတယ်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့(စက်တင်ဘာ ၁၉ ရက်)က ရွှေဆိုင်တွေရဲ့ ရွှေအဖွင့်စျေး ၁၆ ပဲရည်တစ်ကျပ်သားကို ၂၈၇၀၀၀၀ ကျပ် ၊ စက်တင်ဘာ ၂၀ ရက်နေ့ ရွှေအဖွင့်စျေး ၂၈၃၀၀၀၀ ကျပ်၊
စက်တင်ဘာ ၂၁ ရက်နေ့ရွှေအဖွင့်စျေးကတော့ ၂၈၂၀၀၀၀ ကျပ်ဖြစ်ပြီး နေ့စဉ် ရွှေစျေးအတက်အကျ ကျပ် တစ်သောင်းကနေ နှစ်သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
လေးရက်တာကာလအတွင်း ပြင်ပဒေါ်လာစျေးကတော့ ကျပ် ၃၂၀၀ ၀န်းကျင်မှာရှိနေပြီး စျေးအတက်အကျ ၅၀ ကနေ ၁၀၀ ကျပ် ၀န်းကျင်ဖြစ်ပေါ်တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရွှေနဲ့ ဒေါ်လာစျေး အနည်းငယ်ကျလာတယ်လို့ပြောနိုင်ပြီး ပြီးခဲ့တဲ့ အပတ်က ရွှေစျေးအမြင့်ဆုံး ကျပ် ၃၁ သိန်းဝန်းကျင်နဲ့ ဒေါ်လာစျေး ၃၅၀၀ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရွှေအဖွင့်စျေးကတော့ ၁၉၅၄၀၀၀ ကျပ်ဖြစ်ပြီး ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ် ရည်ညွှန်းစျေးကတော့ တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြစ်ပါတယ်။
<<<<< zawgyi >>>>>
စက္တင္ဘာ ၂၂
ပြင်ပငွေကြေးဈေးကွက်မှာ ရွှေနဲ့ဒေါ်လာဈေး ကျရိပ်အနည်းငယ်ပြပြီးနောက် ရွှေဈေး ကျပ်၂၈ သိန်း ၀န်းကျင်နဲ့ ဒေါ်လာဈေး ၃၂၀၀ ကျပ်ဝန်းကျင် ဈေးတန်းမှာ ၄ ရက်ကြာငြိမ်နေတယ်လို့
ဆိုင်ပြန်ဝယ်ဈေးကတော့ ၂၇၅၀၀၀၀ ကျပ် ဖြစ်တယ်လို့ ရွှေဆိုင်တစ်ဆိုင်ကဖြေကြားထားသလို ပြင်ပဒေါ်လာဈေး၃၂၀၀ ကျပ် ၀န်းကျင်မှာရှိတယ်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့(စက်တင်ဘာ ၁၉ ရက်)က ရွှေဆိုင်တွေရဲ့ ရွှေအဖွင့်ဈေး ၁၆ ပဲရည်တစ်ကျပ်သားကို ၂၈၇၀၀၀၀ ကျပ် ၊ စက်တင်ဘာ ၂၀ ရက်နေ့ ရွှေအဖွင့်ဈေး ၂၈၃၀၀၀၀ ကျပ်၊
စက်တင်ဘာ ၂၁ ရက်နေ့ရွှေအဖွင့်ဈေးကတော့ ၂၈၂၀၀၀၀ ကျပ်ဖြစ်ပြီး နေ့စဉ် ရွှေဈေးအတက်အကျ ကျပ် တစ်သောင်းကနေ နှစ်သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
လေးရက်တာကာလအတွင်း ပြင်ပဒေါ်လာဈေးကတော့ ကျပ် ၃၂၀၀ ၀န်းကျင်မှာရှိနေပြီး ဈေးအတက်အကျ ၅၀ ကနေ ၁၀၀ ကျပ် ၀န်းကျင်ဖြစ်ပေါ်တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရွှေနဲ့ ဒေါ်လာဈေး အနည်းငယ်ကျလာတယ်လို့ပြောနိုင်ပြီး ပြီးခဲ့တဲ့ အပတ်က ရွှေဈေးအမြင့်ဆုံး ကျပ် ၃၁ သိန်းဝန်းကျင်နဲ့ ဒေါ်လာဈေး ၃၅၀၀ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရွှေအဖွင့်ဈေးကတော့ ၁၉၅၄၀၀၀ ကျပ်ဖြစ်ပြီး ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ် ရည်ညွှန်းဈေးကတော့ တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြစ်ပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*