၁၈ လအတွင်း ပထမဆုံး ရုပ်ရှင် ရုံပြန်တင် လို့ ပရိသတ်များ က ရုပ်ရှင်ရုံရှေ့ တွင် ကခုန်ခြင်းများ ပြုလုပ်

နိုဝင်ဘာ ၆

အိန္ဒိယရုပ်ရှင်ပရိသတ်များသည် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ဘောလိဝုဒ်၏ပထမဆုံးဘတ်ဂျက်ငွေကြီးမားစွာထွက်ရှိမှုကို ဂုဏ်ပြုရန်အတွက် ပြီးခဲ့တဲ့ သောကြာနေ့က မွမ်ဘိုင်းရုပ်ရှင်ရုံအပြင်ဘက်တွင် ကိတ်မုန့်စားကာ ဒရမ်တီး ကခုန်ခဲ့ကြကာ ပျော်ပွဲရွှင်ပွဲပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယတွင် ကိုဗစ်-၁၉ စတင်ဝင်ရောက်ချိန်ကတည်းကစပြီး တင်းကျပ်တဲ့လော့ခ်ဒေါင်းများကြောင့် ၂၀၂၀မတ်လတွင် ရုပ်ရှင်ရုံများ ပိတ်ထားခဲ့ပြီး ဧပြီလမတိုင်ခင်တွင် ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ရောဂါကူးစက်မှုများပြားလာခြင်းကြောင့် ရုပ်ရှင်ရုံတွေကို ပြန်လည်ပိတ်ထားခဲ့ရတာပဲဖြစ်ပါတယ်။

1.jpg

အိန္ဒိယ၏ မီဒီယာနှင့် ဖျော်ဖြေရေး ဝင်ငွေသည် ယခင်နှစ်တွင် လေးပုံတစ်ပုံမှ ဒေါ်လာ ၁၈.၇ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း စာရင်းအင်းကုမ္ပဏီ EY က ဆိုထားပါတယ်။ဒါဇင်နှင့်ချီသော ရုပ်ရှင်ရုံငယ်များ ပြိုကျခဲ့ပြီး  အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဘောလီးဝုဒ် အက်ရှင်ဇာတ်ကားသစ် “Sooryavansh” ကတော့ အိန္ဒိယရဲ့ ကိုဗစ်-၁၉ ကြောင့် အခြေအနေဆိုးရွားသွားရတဲ့ ရုပ်ရှင်ရုံများတွင် အားလပ်ရက်ရာသီတွင် ရုံတင်ပြသမည့် ရုပ်ရှင်ကားတစ်ကားအဖြစ် စတင်လိုက်တာပဲဖြစ်ပါတယ်။

3.jpg

ပရိတ်သတ်များသည်အက်ရှင်မင်းသား Akshay Kumar ၏အမည်နဲ့ ရုပ်ရှင်အမည်အား ဟစ်ကြွေးကာ ဖောင်းကြွနေသော ချောကလက်ကိတ်မုန့်များနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။

…………………….

ႏိုဝင္ဘာ ၆

အိႏၵိယ႐ုပ္ရွင္ပရိသတ္မ်ားသည္ ကပ္ေရာဂါစတင္ျဖစ္ပြားကတည္းက ေဘာလိဝုဒ္၏ပထမဆုံးဘတ္ဂ်က္ေငြႀကီးမားစြာထြက္ရွိမႈကို ဂုဏ္ျပဳရန္အတြက္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က မြမ္ဘိုင္း႐ုပ္ရွင္႐ုံအျပင္ဘက္တြင္ ကိတ္မုန႔္စားကာ ဒရမ္တီး ကခုန္ခဲ့ၾကကာ ေပ်ာ္ပြဲ႐ႊင္ပြဲျပဳလုပ္ခဲ့ပါတယ္။

အိႏၵိယတြင္ ကိုဗစ္-၁၉ စတင္ဝင္ေရာက္ခ်ိန္ကတည္းကစၿပီး တင္းက်ပ္တဲ့ေလာ့ခ္ေဒါင္းမ်ားေၾကာင့္ ၂၀၂၀မတ္လတြင္ ႐ုပ္ရွင္႐ုံမ်ား ပိတ္ထားခဲ့ၿပီး ဧၿပီလမတိုင္ခင္တြင္ ေခတၱျပန္လည္ဖြင့္လွစ္ခဲ့ေပမယ့္လည္း ေရာဂါကူးစက္မႈမ်ားျပားလာျခင္းေၾကာင့္ ႐ုပ္ရွင္႐ုံေတြကို ျပန္လည္ပိတ္ထားခဲ့ရတာပဲျဖစ္ပါတယ္။

အိႏၵိယ၏ မီဒီယာႏွင့္ ေဖ်ာ္ေျဖေရး ဝင္ေငြသည္ ယခင္ႏွစ္တြင္ ေလးပုံတစ္ပုံမွ ေဒၚလာ ၁၈.၇ ဘီလီယံအထိ က်ဆင္းသြားခဲ့ေၾကာင္း စာရင္းအင္းကုမၸဏီ EY က ဆိုထားပါတယ္။ဒါဇင္ႏွင့္ခ်ီေသာ ႐ုပ္ရွင္႐ုံငယ္မ်ား ၿပိဳက်ခဲ့ၿပီး အႀကီးအက်ယ္ ဆုံးရႈံးခဲ့ရတယ္လို႔လည္း သိရပါတယ္။

ေဘာလီးဝုဒ္ အက္ရွင္ဇာတ္ကားသစ္ “Sooryavansh” ကေတာ့ အိႏၵိယရဲ႕ ကိုဗစ္-၁၉ ေၾကာင့္ အေျခအေနဆိုး႐ြားသြားရတဲ့ ႐ုပ္ရွင္႐ုံမ်ားတြင္ အားလပ္ရက္ရာသီတြင္ ႐ုံတင္ျပသမည့္ ႐ုပ္ရွင္ကားတစ္ကားအျဖစ္ စတင္လိုက္တာပဲျဖစ္ပါတယ္။

ပရိတ္သတ္မ်ားသည္အက္ရွင္မင္းသား Akshay Kumar ၏အမည္နဲ႔ ႐ုပ္ရွင္အမည္အား ဟစ္ေႂကြးကာ ေဖာင္းႂကြေနေသာ ေခ်ာကလက္ကိတ္မုန႔္မ်ားနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပခဲ့ၾကတာပဲျဖစ္ပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*