ပလတ်စတစ် စွန့်ပစ်မှု ပိုများလာပြီး ကမ္ဘာ့အညစ်ညမ်း ဆုံး မြစ်စာရင်းမှာ ဧရာဝတီမြစ် ပါဝင်လာ

နိုဝင်ဘာ ၁၂

ဧရာဝတီမြစ် အတွင်း ပလတ်စတစ် စွန့်ပစ်မှုများမှာ တစ်နှစ်ထက် တစ်နှစ် ပိုများလာကြောင်း မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့  FFI ၏ စစ်တမ်းအရ သိရပါတယ်။

ဧရာဝတီမြစ်ကမ်း တစ်လျှောက် နေထိုင်သူများ၏ ပလတ်စတစ်စွန့်ပစ်မှုများ မှာ လျော့နည်းသွားခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ်ထက်ပိုများလာကြောင်း သိရပါတယ်။

ဧရာဝတီမြစ် အတွင်းကို မြစ်ဝကျွန်းပေါ်ဒေသများ မှ တစ်ရက်လျှင် ပလတ်စတစ် ၃၂ တန် စွန့်ပစ်နေပြီး ရန်ကုန်မြို့သည် တစ်ရက်လျှင် ပလတ်စတစ် ၂၉ တန် စွန့်ပစ်မှုရှိနေ ကြောင်း အဆိုပါစစ်တမ်း တွင် ဖော်ပြထားပါတယ်။

ကျေးလက်ဒေသများ တွင် စနစ်တကျ စွန့်ပစ်အမှိုက်သိမ်းသည့် စနစ် မရှိသဖြင့် အစိုးရအနေဖြင့် အမှိုက်သိမ်းစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အပံ့များ လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း သိရပါတယ်။

ဧရာဝတီမြစ် အတွင်းသို့ နေ့စဉ် ပလတ်စတစ်စွန့်ပစ္စည်း ၁၁၉ တန်ခန့် စီးဝင်လျက်ရှိသည့် အတွက် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးမြစ် ၁၀ စင်းတွင် နံပါတ် ၉ အဆင့်တွင်ရှိနေကြောင်း သိရပါတယ်။

…………….

 

ႏိုဝင္ဘာ ၁၂

ဧရာဝတီျမစ္အတြင္း ပလတ္စတစ္စြန႔္ပစ္မႈမ်ားမွာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားလာေၾကာင္း ျမန္မာႏိုင္ငံအေျခစိုက္ အျပည္ျပည္ဆိုင္ရာ ေတာ႐ိုင္းတိရစာၦန္ႏွင့္ သဘာဝအပင္မ်ားထိန္းသိမ္းေရးအဖြဲ႕ FFI ၏ စစ္တမ္းအရ သိရပါတယ္။

ဧရာဝတီျမစ္ကမ္းတစ္ေလွ်ာက္ ေနထိုင္သူမ်ား၏ ပလတ္စတစ္စြန႔္ပစ္မႈမ်ားမွာ ေလ်ာ့နည္းသြားျခင္းမရွိဘဲ ၿပီးခဲ့သည့္ႏွစ္ထက္ပိုမ်ားလာေၾကာင္း သိရပါတယ္။

ဧရာဝတီျမစ္အတြင္းကို ျမစ္ဝကြၽန္းေပၚေဒသမ်ားမွ တစ္ရက္လွ်င္ ပလတ္စတစ္ ၃၂ တန္ စြန႔္ပစ္ေနၿပီး ရန္ကုန္ၿမိဳ႕သည္ တစ္ရက္လွ်င္ ပလတ္စတစ္ ၂၉ တန္ စြန႔္ပစ္မႈရွိေနေၾကာင္း အဆိုပါစစ္တမ္းတြင္ ေဖာ္ျပထားပါတယ္။

ေက်းလက္ေဒသမ်ားတြင္ စနစ္တက် စြန႔္ပစ္အမႈိက္သိမ္းသည့္စနစ္ မရွိသျဖင့္ အစိုးရအေနျဖင့္ အမႈိက္သိမ္းစနစ္ ဖြံ႕ၿဖိဳးတိုးတက္လာေစေရး အေထာက္အပံ့မ်ား လုပ္ေဆာင္ေပးရန္ လိုအပ္ေနေၾကာင္း သိရပါတယ္။

ဧရာဝတီျမစ္အတြင္းသို႔ ေန႔စဥ္ ပလတ္စတစ္စြန႔္ပစၥည္း ၁၁၉ တန္ခန႔္ စီးဝင္လ်က္ရွိသည့္အတြက္ ကမာၻေပၚတြင္ အညစ္ညမ္းဆုံးျမစ္ ၁၀ စင္းတြင္ နံပါတ္ ၉ အဆင့္တြင္ရွိေနေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*