အလုပ် အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင် မယ့် ဝန်ဆောင်မှု တယ်လီနော စတင်

နိုဝင်ဘာ၊ ၁၃

မိုဘိုင်းဖုန်းပေါ် ကနေ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင်မယ့် ဒစ်ဂျစ်တယ် အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု “Find.Job” ကို တယ်လီနောမြန်မာက စတင်မိတ်ဆက် လိုက်ပါတယ်။

 

 

တယ်လီနော အနေနဲ့ နိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုများကို ဦးဆောင်လျက်ရှိတဲ့ MyJobs နဲ့ လက်တွဲပူးပေါင်းပြီး အဆိုပါ ဝန်ဆောင်မှု ကို စတင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်အကိုင် ရှာဖွေနေသူများ နဲ့ အလုအ်အကိုင် အသစ်သို့ ကူးပြောင်းလုပ်ကိုင် လိုသူများအတွက် မြောက်များစွာ တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ကို Find.Job ကဏ္ဍမှာ မြန်မာ သို့မဟုတ် အင်္ဂလိပ် ဘာသာစကား နှစ်ခုစလုံးနဲ့ မြင်တွေ့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းအပြင် Find.Job မှာ အလုပ်အကိုင်ရှာဖွေနိုင်ရုံသာမက တယ်လီနောနဲ့ MyJobs တို့မှ စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများနဲ့ အကြောင်းအရာများကို ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပြီး Custom Alert၊ Favourite job areas၊ Talks & Forum ကဲ့သို့သော အခြားအစီအစဉ်များကို

လာမယ့်လများတွေ မှာ ထပ်မံ မိတ်ဆက်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို မှန်ကန်စွာ မှတ်ပုံတင်ထားတဲ့ တယ်လီနော ဆင်းမ်ကတ်ဖြင့် တယ်လီနော သုံးစွဲသူ မည်သူမဆို နောက်ဆုံးဗားရှင်းဖြစ်တဲ့ မိုင်တယ်လီနော အက်ပလီကေးရှင်းမှ

တစ်ဆင့် Find.Job ကို ဝန်ဆောင်ခ မှတ်ပုံတင်ကြေး ပေးစရာမလိုဘဲ ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

………zawgyi……

 

Be the first to comment

Leave a Reply

Your email address will not be published.


*