ပျောက်ဆုံးသွားသောစည်းခမ်းမြို့တော် (သို့) အင်းတော်ကြီးအိုင် သမိုင်း အပိုင်း(၃)

အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါး

အင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်

(၁) အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်၀န်းသောကြောင့်တပါး၊ (၂) အနောဒတ်အိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊ (၃) အလွန်ကျယ်၀န်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင်

အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘြယ္တပါး၊(၄)-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသောလည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိူင်းပိုတ်ခတ်တင်ပေးခြင်း၊

(၅- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊(၆)-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊(ရ)-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော်

အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊(၈) -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊(၉) -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလအထိ အင်းထဲရှိ ငါးများကို အင်းတော်ကြီး တောင်ပိုင်အခြား အကြာ

(၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊ ဟုသိရပါတယ်။ထူးခြားတာကတော့တန္ခူး ကဆုန် ရေနည်းချိန်မှာ အင်းတော်ကြီးရဲ့ အရှေ့ဘက်ကမ်းအနီးက

“နတ်မောက်ကန်”နဲ့ “ဟဲပု”ကျေးရွာအကြားရေပြင်အောက်မှာ ထမံသီလူမျိုးတွေ တည်ဆောက် နေထိုင်ခဲ့ကြတဲ့အဆောက်အဦးတိုင်တွေကို အတိုင်းသား မြင်တွေ့ရခြင်းမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။

(၁၁)ရာစု အနော်ရထာမင်းနဲ ့ခေတ်ပြိုင် ဥတည်ဘွားဘုရင်ကို ဆက်စပ်ကြည့်ရင် မိုးညှင်းမြို့တည် ရာစုနှစ်ဟာ မှန်ကန်ဖွယ်ရှိပြီး စည်းခမ်းမြို့ကြီးကို အင်းဖွဲ့တဲ့ နှစ်ပေါင်းဟာလည်း (၁၀)ရာစုထက် စောနိုင်စရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။

အနော်ရထာ နတ်ရွာစံပြီးတဲ့နောက်မှာ “အရှင်ဗုဒ္ဓမထေရ်”နဲ့ “အရှင်သုမနမထေရ်”တို့က ဒီဒေသကို ဗုဒ္ဓသာသနာ ထွန်းကားအောင်ပြု လုပ်ခဲ့ကြပါတယ်။တစ်ချိန်တုန်းက အင်းတော်ကြီးက ရေလုပ်သားကြီး “ဦးရန်အောင်”ဆိုသူဟာ

ကွန်ပစ်ရင်း ရရှိခဲ့ဖူးတဲ့ လည်ပင်းရှည် အဝကျဉ်းအိုး (ပျူ ခေတ်အိုးပုံစံ)နဲ့အိုးထဲမှာ အရိုးပြာလို့ ယူဆရတဲ့ အရိုးအပိုင်းအစနဲ့ ရောင်စုံပုတီးစေ့(၂)လုံး တွေ့ခဲ့ဖူးကြောင်း (၁၉၈၉ ခုနှစ် မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းက စီစဉ်ထုတ်ဝေတဲ့

“မိုးညှင်းမဂ္ဂဇင်း” အမှတ်(၁) မင်းဥက္ကာဆွေရဲ့ “မြန်မာ့မိုးပျံအင်း” ဆောင်းပါး (စာ-၃၃)မွာ လေ့လာ သိရှိရပါတယ်။အင်းဖွဲ့ခြင်း မခံရမီက စည်းခမ်းမြို့ကလူတွေရဲ့ဘာသာဓလေ့နဲ့ ဆက်စပ်နေတဲ့ ထုံးတမ်းစဉ်လာတွေဟာ ပျူ နဲ့တူနေတာကို တွေ့နိုင်ပါတယ်။

သေသူကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရောင်စုံပုတီးစေ့တွေ နဲ့အတူ အိုးမှာထည့်တဲ့ ဓေလ့ဟာ ပျူ တွေရဲ့ဓလေ့ဖြစ်ပါတယ်။“အင်းတော်ကြီး””အင်းတော်လေး”နဲ့ပါတ်သက်ပြီး ဒဏ္ဍာရီဖြစ်ရပ်တစ်ခုကလည်း စိတ်ဝင်စားစရာပါ။

ဧရာပထနဂါးမင်းရဲ့ သားတော်နှစ်ပါးဟာ အင်းတော်ကြီးဒေသနဲ့ အင်းတော်မြို့အနီးက နေရာတွေမှာ အသီးသီး အပြိုင် အင်းဖွဲ့ကြရာ ညီတော်က နောင်တော်ကို “အင်းဖွဲ့လို့ နောင်တော် အနိုင်ရရင် ညီတော်က ခေါင်းမဖော်ဘဲ နေမယ်”ဆိုတဲ့ စကားကတိရှိခဲ့လို့

အင်းရေပြင်ပေါ်မှာ ကြာဖက်တွေ အပြည့်အုပ်မိုးနေကြောင်း အင်းဖွဲ့ရာမှာ နောင်တော်ရဲ့အင်းလောက် ကြီးကျယ်ခြင်းမရှိလို့ ရှုံးနိမ့်သွားတဲ့ ညီတော်ရဲ့စကားကတိ တည်ခဲ့ကြောင်းများကို ယနေ့တိုင် ပြောဆိုယုံကြည်နေကြတာကို ကြားသိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ “အင်းတော်ကြီး”ဒေသကတော့ ပျောက်ဆုံးနေတဲ့ “ဥတ္တရစောဖြူ မင်း”ရဲ့ ရွှေမြို့တော်ကြီး တည်နေရာ ဖြစ်သလို ရှမ်းနီတိုင်းရင်းသား”တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း”တို့ရဲ့

အံ့ဖွယ်ထူးခြား လှပလွန်းတဲ့ နေရာဒေသတစ်ခု ဖြစ်တာကိုတော့ ဘယ်သူမှငြင်းနိုင်မှမဟုတ်တာကတော့ အသေအချာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*