အမေ့လျော့ခံ ခန္ဓာကိုယ် အစိတ်အပိုင်း သို့မဟုတ် မျက်စိ ကျန်းမာရေး

လူတစ်ယောက်မှာ မျက်စိကျန်းမာရေးကလည်း အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လူတစ်ယောက်မှာ မျက်စိအလင်းမရှိတော့ရင် ဘဝကြီးက အဓိပ္ပါယ်မရှိသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်အတွက် မျက်စိကျန်းမာရေးက အရေးကြီးပါတယ်။

မျက်လုံးက လိုအပ်တဲ့ မျက်စိစမ်းသပ်မှုတွေကိုလည်း ခံယူဖို့ လိုအပ်ပါတယ်နော်။ ဒါကြောင့် မျက်စိအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေကို လုပ်ပေးရပါတယ်။ မျက်လုံးအမြင်မကြည်ဘူး မျက်မှန်လုပ်ရမယ်ဆိုတာနဲ့ အချို့က ပေတေနေတတ်ပါတယ်။

တစ်ချို့ကတော့ စစ်ဆေးမေးမြန်းတာမျိုးတောင် မလုပ်တော့ဘဲ စစ်ဆေးချက်တွေကို မျက်မှန်ဆိုင်ကို အပ်လိုက်ကြတာများပါတယ်။ ဒီတော့ ကိုယ့်မျက်လုံးအခြေအနေကို သိရအောင် ဆရာဝန်ကို မေးတာဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေသိသင့်ပါတယ်။

2.jpg

အနီးမှုန်လား၊ အဝေးမှုန်လား

မျက်စိပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို တိုင်းတာတဲ့ရလဒ်ဖြစ်ပြီး မျက်စိစမ်းသပ်တဲ့အခါ Sphere လို့ဖော်ပြပါတယ်။ မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ သို့မဟုတ် ဘာလက္ခဏာမှမပါဘဲ ဆိုရင် အနီးမှုန် (farsighted) ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင် အဝေးမှုန် (nearsighted)

ပါဝါဖြစ်ပါတယ်။

1.jpg

Hyperopia လို့ ခေါ်ကြတဲ့ Farsighted (အနီးမှုန်ခြင်း) ဆိုတာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ အနီးမှုန်ခြင်းက အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။

4.jpg

Myopia လို့ခေါ်တဲ့ Nearsighted (အဝေးမှုန်ခြင်း) ဆိုတာ အနီးနားက ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

10.jpg

Cylinder (CYL) ကတော့ မျက်စိဆလင်ဒါပါဝါ ဖြစ်ပါတယ်။ Astigmatism (မျက်စိအရှေ့ပိုင်း အခုံး မညီညာမှုကြောင့် အမြင်အာရုံချို့ယွင်းခြင်း) လို့လည်းခေါ်ပါတယ်။ သူ့ကိုလည်း diopters နဲ့ပဲတိုင်းတာ တာဖြစ်ပြီး အနီးမှုန်၊ အဝေးမှုန်တိုင်းတာခြင်း နဲ့အတူတူပဲဖြစ်ပါတယ်။

7.jpg

မျက်စိကျန်းမာရေးအတွက် ညဘက်ကို ၈ နာရီအိပ်ချိန်ရှိဖို့လိုပါတယ်။ မျက်လုံးတွေ ကောင်းကောင်း အနား ယူထားမှနေ့ဘက်မှာ အမြင်အာရုံကောင်းနိုင်မှာပါ။ မျက်စိကို ကိုယ်ကိုယ်တိုင်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ်ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကနေမျက်စိကို ပါဝါနဲ့ စလင်ဒါ နည်းသွားအောင် ဂရုစိုက်ပေးလို့ ရပါတယ်။ ဒါကြောင့် ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ကိုပြောပြပေးလိုက်ပါတယ်နော်။

3.jpg

(၁) မျက်စိအတွက် အာဟာရပြည့်အောင်စားပါ

မျက်စိကျန်းမရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင် စားသုံးသင့်ပါတယ်။ အဆီအစိမ့်တွေကို လျှော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက မျက်စိကျန်းမာရေးကို ထိန်းသိမ်းခြင်းအတွက် တကယ်ကို အကျိုးထူးစေနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်စိကျန်းမာရေးအတွက် အာဟာရပြည့်ဝစွာ ရရှိစေနိုင်တဲ့ အရင်းအမြစ်တွေ ပဲဖြစ်ပါတယ်။ ဒါကြောင့် မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဘလူးဘယ်ရီ၊ ပြောင်းဖူး၊ ကိုက်လန်၊ ဆယ်လမွန်ငါး၊ အစေ့အဆန်တွေနဲ့ ဥအမျိုးမျိုးကို စားသုံးပေးပါ။

5.jpg

(၂) အသင့်စားအစားအစာတွေကို ရှောင်ပါ

အသင့်စားအစားအစာတွေ၊ အချိုများလွန်တဲ့ သရေစာတွေက အမြင်အာရုံအတွက် အဆိုးဆုံးပါ။ မျက်စိမှန်ဘီလူးကို ပိုခုံးစေပြီး အဝေးမှုန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ အစာအာဟာရပုံမှန်မရှိရင် အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း၊ ရေတိမ်၊ အတွင်းတိမ်ရောဂါတွေအထိပါဖြစ်စေနိုင်ပါတယ်။

အငန်ကိုလည်း လျှော့စားဖို့ လိုအပ်ပါတယ်။ မျက်စိပါဝါများသူတွေ ကော်ဖီနဲ့ ကဖင်းပါတဲ့ သောက်စရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

9.jpg

(၃) မျက်လုံးအနားပေးပါ

မျက်စိကျန်းမာရေးအတွက် အိပ်ရေးဝအောင်အိပ်ပါ။ မျက်စိက အာရုံစိုက်တာ များတဲ့အခါ အနားပေးဖို့ လိုအပ်ပါတယ်။ တစ်နေကုန်ကွန်ပျူတာ သုံးတာ၊ ဖုန်းသုံးတာတွေက အချိန်ကြာလာရင် မျက်စိညောင်းလာ တတ်ပါတယ်။ ကွန်ပျူတာ သုံးတာဖြစ်ဖြစ်၊ ဖုန်းသုံးတာဖြစ်ဖြစ် နာရီဝက်တစ်ခါ အနားပေးဖို့ လိုအပ်ပါတယ်။

သစ်ပင်စိမ်းစိမ်းကို ကြည့်တာ၊ မျက်တောင်ခဏခဏ ခပ်ပေးတာ၊ မျက်စိခဏ မှိတ်တာတွေ လုပ်ပေးလို့ ရပါတယ်နော်။

6.jpg

(၄) Screen ကြည့်ချိန်ကိုလျှော့ပါ

အလုပ်ကြောင့်၊ ကျောင်းကြောင့် တစ်နေကုန်အာရုံစိုက်နေရပါတယ်။ ဒါတောင် တီဗီ၊ ဖုန်းနဲ့ ကွန်ပျူတာတွေ ကို အကြာကြီးကြည့်မယ်ဆိုရင် မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Screen ကြည့်ချိန်တွေကိုလျှော့ပြီး မျက်စိကို အနားပေးပါ။

11.jpg

(၅) အလင်းရောင်စူးလွန်းတာ၊ မှောင်လွန်းတာတွေကို သတိထားပါ

ဖုန်းနဲ့ကွန်ပျူတာတွေ ကြည့်တဲ့အခါမှာ အလင်းရောင်က စူးလွန်းတာ၊ မှောင်လွန်းတာတွေက မျက်စိကို ပိုပြီးတော့ ထိခိုက်စေနိုင်ပါတယ်။ ဒါက မျက်စိပါဝါကို လျှော့စေမယ့် နည်းလမ်းမဟုတ်ပေမယ့် မျက်စိပါဝါကို တော့ ထပ်မတိုးစေနိုင်ပါဘူး။ ဒါကြောင့် အလင်းရောင်စူးလွန်းတာ၊ မှောင်လွန်းတာတွေကို သတိထားပါ။

နောက်ထပ်အရေးကြီးတာ တစ်ခုကတော့ အလင်းရောင် နည်းတဲ့နေရာတွေမှာ အာရုံစိုက်ရတဲ့ အလုပ်တွေကိုလည်း ရှောင်သင့်ပါတယ်နော်။  အခုလို အိမ်တွင်းဒအောင်းနေရချိန်တွေမှာ အများစုက ဖုန်းသုံးတာ၊ ကွန်ပြူတာ သုံးတာ၊ တီဗွီကြည့်တာတွေနဲ့ ဂိမ်းဆော့တာတွေ အတော်များပါတယ်။

အထူးသဖြင့် မျက်စိကို အနားပေးတာမျိုး လုပ်ပေးတာက မိမိမျက်လုံးအတွက် အထူးသင့်လျှော်ပါတယ်။ တကယ်လို့ မျက်စိဆေးခန်းသွားပြရရင်လည်း ဆရာန်ဝန်ကို သေချာမေးမြန်းတာတွေ ပြုလုပ်ဖို့ မမေ့နဲ့ဆိုတာ ထပ်ပြီး သတိပေးပါရစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*