နေပြည်တော် ရှိ ကျေးရွာ(၃)ရွာတွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်

နိုဝင်ဘာ၊ ၂၄

ခေတ်မီစံပြကျေးရွာ(Smart Village)  ထူထောင်ရေးစီမံကိန်းကို နေပြည်တော်ရှိ ကျေးရွာ(၃)ရွာမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။

မြို့ပြနဲ့ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရေးနဲ့ ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်း မြင့်မားတဲ့ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်

ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ အဆိုပါ ဝန်ကြီးဌာနက သိရပါတယ်။ အဆိုပါ ခေတ်မီစံပြ ကျေးရွာစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေး ဝန်ဆောင်မှုနဲ့

နည်းပညာပံ့ပိုးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေဖို့ကို ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ယင်းအပြင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီး နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေဖို့နဲ့ ကျေးရွာသူ၊ ကျေးရွာသားများနဲ့ ကျေးရွာအသင်းအဖွဲ့များ

စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်ကာ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါစီမံကိန်းကို Pilot အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နဲ့ တပ်ကုန်းမြို့နယ်တို့ရှိ

ကျေးရွာ (၃) ရွာမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ အဆိုပါစီမံကိန်းကို တိုးချဲ့ဆောင်ရွက်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

<<<<zawgyi>>>>

ႏိုဝင္ဘာ၊ ၂၄

ေခတ္မီစံျပေက်း႐ြာ(Smart Village)  ထူေထာင္ေရးစီမံကိန္းကို ေနျပည္ေတာ္ရွိ ေက်း႐ြာ(၃)႐ြာမွာ စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနက သိရပါတယ္။

ၿမိဳ႕ျပနဲ႔ေက်းလက္ဖြံ႕ၿဖိဳးမႈ ကြာဟခ်က္မ်ား က်ဥ္းေျမာင္းေစေရး၊ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ႏိုင္ေစေရးနဲ႔ ေက်းလက္ေဒသမ်ား စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးေရးကို ေမွ်ာ္မွန္း၍ လူေနမႈအဆင့္အတန္း ျမင့္မားတဲ့ ေခတ္မီစံျပေက်း႐ြာ (Smart Village) ထူေထာင္ေရးစီမံကိန္းကို အေကာင္အထည္ေဖာ္

ေဆာင္႐ြက္သြားရမွာ ျဖစ္တယ္လို႔ အဆိုပါ ဝန္ႀကီးဌာနက သိရပါတယ္။ အဆိုပါ ေခတ္မီစံျပ ေက်း႐ြာစီမံကိန္းကို ေက်း႐ြာအေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေစျခင္းျဖင့္ ေက်းလက္ေနျပည္သူမ်ားရဲ႕ လူေနမႈအဆင့္အတန္း ျမင့္မားလာေစရန္၊ သြင္းအားစု၊ ေငြေၾကး ဝန္ေဆာင္မႈနဲ႔

နည္းပညာပံ့ပိုးျခင္းျဖင့္ ေက်းလက္စီးပြားေရး ျမင့္မားလာေစဖို႔ကို ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။ ယင္းအျပင္ သဘာဝပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြရွိၿပီး ေနခ်င့္စဖြယ္စံျပေက်း႐ြာမ်ား ျဖစ္ေပၚလာေစဖို႔နဲ႔ ေက်း႐ြာသူ၊ ေက်း႐ြာသားမ်ားနဲ႔ ေက်း႐ြာအသင္းအဖြဲ႕မ်ား

စြမ္းေဆာင္ရည္ ျမင့္မားလာေစျခင္းျဖင့္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးမႈကို ေဖာ္ေဆာင္ႏိုင္ရန္ရည္႐ြယ္ကာ ေဆာင္႐ြက္လ်က္ ရွိတယ္လို႔ သိရပါတယ္။ လက္ရွိမွာ အဆိုပါစီမံကိန္းကို Pilot အေနျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ လယ္ေဝးၿမိဳ႕နယ္နဲ႔ တပ္ကုန္းၿမိဳ႕နယ္တို႔ရွိ

ေက်း႐ြာ (၃) ႐ြာမွာ စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ပိုင္းမွာလည္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာပါ အဆိုပါစီမံကိန္းကို တိုးခ်ဲ႕ေဆာင္႐ြက္သြားဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*