”မမွေးလာခဲ့သင့်ဘူး” ဆိုတဲ့ အကြောင်းပြချက် နဲ့ မိခင်ရဲ့ဆရာ၀န်ဟောင်းအား ဒေါ်လာသန်းနဲ့ ချီရလိုမှုနဲ့ တရားစွဲ

နို၀င်ဘာ ၂၈

မွေးရာပါကျောရိုးထိခိုက်မှုဖြင့် မွေးလာခဲ့တဲ့ အင်္ဂလန်သူ မြင်စီးအားကစားသမား မိန်းကလေးတစ်ဦးဟာ သူမမိခင်ရဲ့ ဆရာ၀န်ဟောင်းဖြစ်သူကို “သူမဟာမွေးဖွားမလာခဲ့သင့်ဘူး”ဆိုကာ ဒေါ်လာသန်းနဲ့ချီရယူလိုမှုနဲ့ တရားစွဲထားပါတယ်။

အသက် ၂၀ နှစ်အရွယ် Evie Toombes က မိခင်ရဲ့အထွေထွေရောဂါကုဆရာ၀န် Dr. Philip Mitchell ဟာ မိခင်ဖြစ်သူအား ဖောလစ်အက်ဆစ်ဖြည့်စွက်ဆေးသောက်သုံးဖို့အကြံပေးရန်ပျက်ကွက်ခဲ့တာကြောင့် သန္ဓေတည်မှုမှားယွင်းခဲ့ကာ

4.jpg

သူမကို ချို့ယွင်းချက်ရှိသူ‌တစ်ယောက်အဖြစ် မွေးဖွားလာစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။၂၀၀၁ခုနှစ် နို၀င်ဘာလတွင် မွေးခဲ့တဲ့ Toombes ဟာ မွေးရာပါကျောရိုးရှိအာရုံကြောပြွန်ချို့ယွင်းမှုဖြစ်ကာ ကျောရိုးတစ်လျှောက်တွင်အရိုးများကောင်းစွာ မဖွံ့ဖြိုးတော့ဘဲ

အမြဲတမ်းမသန်စွမ်းသူဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ ဆရာ၀န်အနေနဲ့ မိခင်အား ဖောလစ်အက်ဆစ်ဖြည့်စွက်ဆေးသာ သောက်သုံးဖို့အကြံပေးခဲ့ပါက သူမဒီလိုဖြစ်မှာမဟုတ်ဘူးလို့  Toombes က အခိုင်အမာပြောကြားပါတယ်။

သူမရဲ့ရှေ့နေ  Susan Rodway ကတော့ “မသန်စွမ်းတဲ့အခြေအနေတွင်မွေးဖွားခဲ့တာကြောင့် သူမရဲ့အခြေအနေအရ နေထိုင်မှုကုန်ကျစရိတ်များကိုကာမိစေရန်အတွက်လိုအပ်သောဒေါ်လာသန်းပေါင်းများစွာကိုပြန်လည်ရယူလိုကြောင်းနဲ့ တရားစွဲဆိုထားကြောင်းဆိုပါတယ်။

1.jpg

ဆရာ၀န် Mitchell ကတော့ သူ့မှာ တာ၀န်ယူစရာအကြောင်းမရှိကြောင်းငြင်းဆိုခဲ့ပြီး သူ့အနေနဲ့လူနာများကို ကိုယ်၀န်မဆောင်ခင်နဲ့ကိုယ်၀န် ၁၂ ပတ်အတွင်း သောက်သုံးသင့်သည်များကို လမ်းညွှန်ပေးလေ့ရှိသည်မှာ ပုံသေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူ့အနေနဲ့ ဖောလစ်အက်ဆစ် ၄၀၀မီလီဂရမ်သောက်သုံးရန်အကြံပေးလေ့ရှိသလို မိခင်အနေနဲ့လည်း လိုအပ်တဲ့အာဟာရပြည့်စုံဖို့အတွက် ကောင်းမွန်သောအစားအစာတွေစားသုံးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

Toombes ရဲ့မိခင်ကလည်း ဆရာ၀န်ကိုသွားပြစဉ်မှာ ကျွန်မအာဟာရပြည့်အောင်စားရင် ဖောလစ်အက်စစ်သောက်သုံးဖို့မလိုဘူးလို့ ပြောခဲ့ပါတယ်။ လို့ တရားသူကြီးကိုပြောပါတယ်။

နောက်ဆုံးစီရင်ချက်ကိုတော့ နောက်နေ့တွင်ချိန်းဆိုထားပါတယ်။

>>>zawgyi<<<<

ႏို၀င္ဘာ ၂၈

ေမြးရာပါေက်ာ႐ိုးထိခိုက္မႈျဖင့္ ေမြးလာခဲ့တဲ့ အဂၤလန္သူ ျမင္စီးအားကစားသမား မိန္းကေလးတစ္ဦးဟာ သူမမိခင္ရဲ႕ ဆရာ၀န္ေဟာင္းျဖစ္သူကို “သူမဟာေမြးဖြားမလာခဲ့သင့္ဘူး”ဆိုကာ ေဒၚလာသန္းနဲ႔ခ်ီရယူလိုမႈနဲ႔ တရားစြဲထားပါတယ္။

အသက္ ၂၀ ႏွစ္အ႐ြယ္ Evie Toombes က မိခင္ရဲ႕အေထြေထြေရာဂါကုဆရာ၀န္ Dr. Philip Mitchell ဟာ မိခင္ျဖစ္သူအား ေဖာလစ္အက္ဆစ္ျဖည့္စြက္ေဆးေသာက္သုံးဖို႔အႀကံေပးရန္ပ်က္ကြက္ခဲ့တာေၾကာင့္ သေႏၶတည္မႈမွားယြင္းခဲ့ကာ

သူမကို ခ်ိဳ႕ယြင္းခ်က္ရွိသူ‌တစ္ေယာက္အျဖစ္ ေမြးဖြားလာေစခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။၂၀၀၁ခုႏွစ္ ႏို၀င္ဘာလတြင္ ေမြးခဲ့တဲ့ Toombes ဟာ ေမြးရာပါေက်ာ႐ိုးရွိအာ႐ုံေၾကာႁပြန္ခ်ိဳ႕ယြင္းမႈျဖစ္ကာ ေက်ာ႐ိုးတစ္ေလွ်ာက္တြင္အ႐ိုးမ်ားေကာင္းစြာ မဖြံ႕ၿဖိဳးေတာ့ဘဲ

အၿမဲတမ္းမသန္စြမ္းသူျဖစ္ေစခဲ့တာပဲျဖစ္ပါတယ္။ ဆရာ၀န္အေနနဲ႔ မိခင္အား ေဖာလစ္အက္ဆစ္ျဖည့္စြက္ေဆးသာ ေသာက္သုံးဖို႔အႀကံေပးခဲ့ပါက သူမဒီလိုျဖစ္မွာမဟုတ္ဘူးလို႔  Toombes က အခိုင္အမာေျပာၾကားပါတယ္။

သူမရဲ႕ေရွ႕ေန  Susan Rodway ကေတာ့ “မသန္စြမ္းတဲ့အေျခအေနတြင္ေမြးဖြားခဲ့တာေၾကာင့္ သူမရဲ႕အေျခအေနအရ ေနထိုင္မႈကုန္က်စရိတ္မ်ားကိုကာမိေစရန္အတြက္လိုအပ္ေသာေဒၚလာသန္းေပါင္းမ်ားစြာကိုျပန္လည္ရယူလိုေၾကာင္းနဲ႔ တရားစြဲဆိုထားေၾကာင္းဆိုပါတယ္။

ဆရာ၀န္ Mitchell ကေတာ့ သူ႔မွာ တာ၀န္ယူစရာအေၾကာင္းမရွိေၾကာင္းျငင္းဆိုခဲ့ၿပီး သူ႔အေနနဲ႔လူနာမ်ားကို ကိုယ္၀န္မေဆာင္ခင္နဲ႔ကိုယ္၀န္ ၁၂ ပတ္အတြင္း ေသာက္သုံးသင့္သည္မ်ားကို လမ္းၫႊန္ေပးေလ့ရွိသည္မွာ ပုံေသျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

သူ႔အေနနဲ႔ ေဖာလစ္အက္ဆစ္ ၄၀၀မီလီဂရမ္ေသာက္သုံးရန္အႀကံေပးေလ့ရွိသလို မိခင္အေနနဲ႔လည္း လိုအပ္တဲ့အာဟာရျပည့္စုံဖို႔အတြက္ ေကာင္းမြန္ေသာအစားအစာေတြစားသုံးဖို႔လည္း လိုအပ္တယ္လို႔ ဆိုပါတယ္။

Toombes ရဲ႕မိခင္ကလည္း ဆရာ၀န္ကိုသြားျပစဥ္မွာ ကြၽန္မအာဟာရျပည့္ေအာင္စားရင္ ေဖာလစ္အက္စစ္ေသာက္သုံးဖို႔မလိုဘူးလို႔ ေျပာခဲ့ပါတယ္။ လို႔ တရားသူႀကီးကိုေျပာပါတယ္။

ေနာက္ဆုံးစီရင္ခ်က္ကိုေတာ့ ေနာက္ေန႔တြင္ခ်ိန္းဆိုထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*