ရိုးရာအခမ်းအနား နဲ့ လက်ထပ်ခွင့် ရနိုင်ဖို့ အိန္ဒိယ လိင်တူချစ်သူတွေ တောင်းဆို

နိုဝင်ဘာ ၃၀

အိန္ဒိယနိုင်ငံက တရားရုံးချုပ်ဟာ ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ လိင်တူချစ်သူတွေအပေါ်တားမြစ်ပိတ်ပင်ထားတဲ့ ပြဌာန်းချက်ကို ၂၀၁၈ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီးဖြစ်ပေမယ့် လိင်တူလက်ထပ်မှုကတော့ တရားဝင်မှု မရသေးပါဘူး။

အိန္ဒိယနိုင်ငံသား LGBTQ အသိုက်ဝန်းကလူတွေကတော့ ရိုးရာအခမ်းအနားနဲ့လက်ထပ်တာ၊ ကလေးမွေးစားတာတွေအပါအဝင် ပိုပြီးတော့ တန်းတူညီမှုတဲ့ အခွင့်အရေးတွေ လမ်းပွင့်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

14.jpg

နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ တရားရုံးချုပ်မှာ လိင်တူလက်ထပ်မှုကို တရားဝင် သတ်မှတ်ပေးဖို့ တောင်းဆိုချက်ကို နောက်ဆုံးအဆင့် ကြားနာတော့မှာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက လိင်တူ လိင်စုံမက်မှု ဆုံးဖြတ်ချက်ချပြီးတဲ့နောက် နိုင်ငံရေးမှာ ပိုပြီး ကိုယ်စားပြုခွင့်ရလာတာ၊ ရုပ်သံလိုင်းတွေမှာ သရုပ်ဆောင်ခွင့်ရလာတာ စတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

15.jpg

အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ နေထိုင်မှုတွေ ရယူပိုင်ဆိုင်ခွင့်တွေကနေ LGBTQ လူတွေ မရအောင် တားဆီးပိတ်ပင်ထားတာ၊ ခွဲခြားဆက်ဆံတာတွေရှိနေဆဲဖြစ်တဲ့ ရှေးရိုးစွွဲတွေများတဲ့ အိန္ဒိယနိုင်ငံမှာ မိမိကိုယ်ကို လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ဟဝန်ခံဖို့ ကြောက်ရွံ့နေကြဆဲဖြစ်ပါတယ်။

ဒါ့အပြင် လိင်တူချစ်သူတွေဟာ လက်ထပ်ခွင့်မရတဲ့အတွက် တိုက်ခန်းငှားတဲ့နေရာမှာ မြေပိုင်ရှင်တွေရဲ့ ပယ်ချမှုတွေခံရတာ၊ အရေးပေါ်ကုသရေး ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချတာမျိုးတွေ မလုပ်နိုင်တာနဲ့ ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

16.jpg

ဒီကိစ္စအတွက်တောင်းဆိုသူတွေနဲ့ ဖက်ဒရယ်အစိုးရကြား နောက်ဆုံး ဆွေးနွေးငြင်းခုန်မှုတွေကို အပြီးသတ်စီရင်ချက်မချခင် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။ ကျား/မ ဆိုတဲ့လိင်ကို သီးခြားဖော်ပြမထားတဲ့

ဟိန္ဒူလူမျိုးနှစ်ဦးကြား လက်ထပ်မှုကို တရားဝင်ပြုပေးထားတဲ့ ဟိန္ဒူလက်ထပ်မှု အက်ဥပဒေအောက်မှာ လက်ထပ်ခွင့်ရှိတဲ့အကြောင်း LGBTQ တက်ကြွလှုပ်ရှားသူတွေက အစိုးရကို စတင်စိန်ခေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

17.jpg

အိန္ဒိယအစိုးရဘက်ကတော့ အခုလို လိင်တူချစ်သူအခွင့်အရေးနဲ့ ပတ်သက်လို့ အသံတိတ်နေဆဲဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရကိုကိုယ်စားပြုတဲ့ ရှေ့နေ တူရှာ မက်တာက အခုလိုတောင်းဆိုချက်ကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ မိသားစုစတိုင်ဖြစ်တဲ့ ခင်ပွန်း၊ ဇနီးနဲ့ ကလေးဆိုတဲ့ပုံစံနဲ့ အတူနေချစ်သူ၊ လိင်တူပုဂ္ဂိုလ်ချင်း လိင်ပိုင်းဆိုင်ရာအရ ဆက်ဆံရေး ရှိနေတာမျိုးက ဆီလျော်မှုမရှိတဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

19.jpg

နောက်ဆုံးစီရင်ချက်ကို ဘယ်တော့ချမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိန္ဒိယရဲ့ တရားရေးစနစ်အရ နောက်ဆုံးစီရင်ချရဖို့ ပျှမ်းမျှ အချိန် ၆ နှစ်လောက်ကြာတတ်ပါတယ်။

 

++++zawgyi++++

 

နိုဝင်ဘာ ၃၀





အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ နေထိုင်မှုတွေ ရယူပိုင်ဆိုင်ခွင့်တွေကနေ LGBTQ လူတွေ မရအောင် တားဆီးပိတ်ပင်ထားတာ၊ ခွဲခြားဆက်ဆံတာတွေရှိနေဆဲဖြစ်တဲ့ ရှေးရိုးစွဲတွေများတဲ့ အိန္ဒိယနိုင်ငံမှာ မိမိကိုယ်ကို လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ဟဝန်ခံဖို့ ကြောက်ရွံ့နေကြဆဲဖြစ်ပါတယ်။







Be the first to comment

Leave a Reply

Your email address will not be published.


*