အမျိုးသမီးတိုင်း လျစ်လျူမရှုထားသင့်တဲ့ ကျန်းမာရေးလက္ခဏာ (၈) ခု

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အမြဲတမ်းလိုလို ပြောင်းလဲနေတာကြောင့် တချို့ရောဂါတွေမှာ စောစောစီးစီး လက္ခဏာတွေ ပြလာရင် နားလည်ဖို့ ခက်ခဲပါတယ်။ အမျိုးသမီးတွေ လျစ်လျူ မရှုထားသင့်တဲ့ ဆိုးရွားတဲ့ ကျန်းမာရေး လက္ခဏာတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ ဗိုက်ပူလာခြင်း

အမျိုးသမီးတွေ လစဉ် ဓမ္မတာလာတဲ့အချိန် ဗိုက်ပူလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ဝတာကြောင့် မဟုတ်ဘဲ ဗိုက်ပူတာက ၂ ပတ် ကျော်လာရင်တော့ သတိထားသင့်ပါတယ်။ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။

၂။ မေးစေ့တွင် ဝက်ခြံများပေါက်လာခြင်း

ဓမ္မတာမလာခင် ၂ ပတ်အလိုမှာ ခန္ဓာကိုယ်မှာ estrogen နဲ့ progesterone တွေ မြင့်လာပါတယ်။ အဲဒါကြောင့် ဟော်မုန်း level မြင့်သွားပြီး မေးစေ့မှာ ဝက်ခြံတွေပေါက်လာပါတယ်။ ဒါပေမယ့် ရက်အနည်းငယ် ကြာရင်တော့ ပျောက်သွားပါတယ်။

အဲဒီလို မဟုတ်ဘဲ မေးရိုးနဲ့ မေးစေ့မှာ ဝက်ခြံတွေက အမြဲလိုလို ပေါက်နေရင်တော့ သင့်ရဲ့ဟော်မုန်းမှာ ပြဿနာတွေ ရှိနေနနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်း လုပ်တဲ့အခါ နာကျင်ခြင်း

ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အကြာကြီး ရပ်နေတဲ့အခါ တင်ပါးဆုံရိုးတစ်ဝိုက် အရမ်းနာလာရင် သားအိမ်တွင်းမှာ ပြဿနာ ရှိနေနိုင်ပါတယ်။ အဲဒါကြောင့် လေ့ကျင့်ခန်းတွေလုပ်ရင် မခံနိုင်အောင် နာကျင်တတ်ပါတယ်။

၄။ ခါးနဲ့ ခြေထောက်နာကျင်ခြင်း

အမျိုးသမီးတွေ ဓမ္မတာချိန်ကျရင် ခါးနာတတ်ပါတယ်။ အဲဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ဓမ္မတာမလာခင်၊ လာနေချိန်၊ လာပြီးချိန်တွေမှာ ခါးနဲ့ ပုခုံးတွေ အရမ်းနာနေရင် endometriosis လို့ခေါ်တဲ့ သားအိမ်အတွင်းအမြှေးသား အခြားနေရာရောက်လို့ သွေးလုံးစုတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။

Endometriosis ရဲ့ အခြား လက္ခဏာတွေကတော့ ခြေထောက်နာတာပါ။ ခြေထောက်နှစ်ဖက်လုံးကို ပြန့်နှံ့ပြီးနာတဲ့ နာကျင်မှုမျိုးပါ။

၅။ ဓမ္မတာလာချိန် သွေးခဲများ ပါလာခြင်း

အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် ဓမ္မတာလာတဲ့ ပုံစံချင်း မတူပါဘူး။ ဓမ္မတာလာချိန်မှာ သွေးခဲအနည်းငယ် ပါတာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သွေးတွေက အရောင်ရင့်ပြီး သွေးခဲတွေက အမြဲလိုလို ပါလာရင် သားအိမ်ထဲ ကင်ဆာမဟုတ်တဲ့ အသားလုံးတည်နေတာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

၆။ အကြိုက်ဆုံး အစားအစာတွေကို မစားချင်တော့ခြင်း

ဘာမှ မစားဘဲ အမြဲလိုလို ဗိုက်ပြည့်နေရင်၊ အစားစားချင်စိတ်တွေ ပျောက်ဆုံးနေရင်၊ ခဏခဏ ဗိုက်နာနေတတ်ရင် သားအိမ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တာက ဆံပင်ကျန်းမာစေတဲ့ ဟော်မုန်းဖြစ်တဲ့ testosterone လျော့ကျလာလို့ပါ။ ဆံပင်တွေက ကိုင်လိုက်ရင်ကို အထွေးလိုက် ပါလာတတ်ပါတယ်။

၈။ အမြဲပူနေခြင်း သို့မဟုတ် အမြဲအေးနေခြင်း

Estrogen ဟော်မုန်းနည်းနေရင် အမြဲတမ်းပူတယ်လို့ ခံစားရပြီး များနေရင် အမြဲအေးနေတယ်လို့ ခံစားရပါတယ်။ အဲဒီဟော်မုန်းက သင့်ကျန်းမာရေးအတွက် အရမ်းကို အရေးပါတာကြောင့် သေချာသတိထား စောင့်ကြည့်သင့်ပါတယ်။

>>>>zawgyi<<<<<

အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္က အၿမဲတမ္းလိုလို ေျပာင္းလဲေနတာေၾကာင့္ တခ်ိဳ႕ေရာဂါေတြမွာ ေစာေစာစီးစီး လကၡဏာေတြ ျပလာရင္ နားလည္ဖို႔ ခက္ခဲပါတယ္။ အမ်ိဳးသမီးေတြ လ်စ္လ်ဴ မရႈထားသင့္တဲ့ ဆိုး႐ြားတဲ့ က်န္းမာေရး လကၡဏာေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

၁။ ဗိုက္ပူလာျခင္း

အမ်ိဳးသမီးေတြ လစဥ္ ဓမၼတာလာတဲ့အခ်ိန္ ဗိုက္ပူလာတာက ပုံမွန္ပါပဲ။ ဒါေပမယ့္ ဝတာေၾကာင့္ မဟုတ္ဘဲ ဗိုက္ပူတာက ၂ ပတ္ ေက်ာ္လာရင္ေတာ့ သတိထားသင့္ပါတယ္။ ရင္သားကင္ဆာ၊ သားအိမ္ကင္ဆာရဲ႕ လကၡဏာေတြ ျဖစ္ေနတတ္ပါတယ္။

၂။ ေမးေစ့တြင္ ဝက္ၿခံမ်ားေပါက္လာျခင္း

ဓမၼတာမလာခင္ ၂ ပတ္အလိုမွာ ခႏၶာကိုယ္မွာ estrogen နဲ႔ progesterone ေတြ ျမင့္လာပါတယ္။ အဲဒါေၾကာင့္ ေဟာ္မုန္း level ျမင့္သြားၿပီး ေမးေစ့မွာ ဝက္ၿခံေတြေပါက္လာပါတယ္။ ဒါေပမယ့္ ရက္အနည္းငယ္ ၾကာရင္ေတာ့ ေပ်ာက္သြားပါတယ္။

အဲဒီလို မဟုတ္ဘဲ ေမး႐ိုးနဲ႔ ေမးေစ့မွာ ဝက္ၿခံေတြက အၿမဲလိုလို ေပါက္ေနရင္ေတာ့ သင့္ရဲ႕ေဟာ္မုန္းမွာ ျပႆနာေတြ ရွိေနနႏိုင္ပါတယ္။

၃။ ေလ့က်င့္ခန္း လုပ္တဲ့အခါ နာက်င္ျခင္း

ေျပးတဲ့အခါ၊ လမ္းေလွ်ာက္တဲ့အခါ၊ အၾကာႀကီး ရပ္ေနတဲ့အခါ တင္ပါးဆုံ႐ိုးတစ္ဝိုက္ အရမ္းနာလာရင္ သားအိမ္တြင္းမွာ ျပႆနာ ရွိေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေလ့က်င့္ခန္းေတြလုပ္ရင္ မခံႏိုင္ေအာင္ နာက်င္တတ္ပါတယ္။

၄။ ခါးနဲ႔ ေျခေထာက္နာက်င္ျခင္း

အမ်ိဳးသမီးေတြ ဓမၼတာခ်ိန္က်ရင္ ခါးနာတတ္ပါတယ္။ အဲဒါက ပုံမွန္ပါပဲ။ ဒါေပမယ့္ ဓမၼတာမလာခင္၊ လာေနခ်ိန္၊ လာၿပီးခ်ိန္ေတြမွာ ခါးနဲ႔ ပုခုံးေတြ အရမ္းနာေနရင္ endometriosis လို႔ေခၚတဲ့ သားအိမ္အတြင္းအေျမႇးသား အျခားေနရာေရာက္လို႔ ေသြးလုံးစုတဲ့ေရာဂါ ျဖစ္ႏိုင္ပါတယ္။

Endometriosis ရဲ႕ အျခား လကၡဏာေတြကေတာ့ ေျခေထာက္နာတာပါ။ ေျခေထာက္ႏွစ္ဖက္လုံးကို ျပန႔္ႏွံ႔ၿပီးနာတဲ့ နာက်င္မႈမ်ိဳးပါ။

၅။ ဓမၼတာလာခ်ိန္ ေသြးခဲမ်ား ပါလာျခင္း

အမ်ိဳးသမီး တစ္ေယာက္နဲ႔တစ္ေယာက္ ဓမၼတာလာတဲ့ ပုံစံခ်င္း မတူပါဘူး။ ဓမၼတာလာခ်ိန္မွာ ေသြးခဲအနည္းငယ္ ပါတာက ျပႆနာ မရွိပါဘူး။ ဒါေပမယ့္ ေသြးေတြက အေရာင္ရင့္ၿပီး ေသြးခဲေတြက အၿမဲလိုလို ပါလာရင္ သားအိမ္ထဲ ကင္ဆာမဟုတ္တဲ့ အသားလုံးတည္ေနတာရဲ႕ လကၡဏာ ျဖစ္ႏိုင္ပါတယ္။

၆။ အႀကိဳက္ဆုံး အစားအစာေတြကို မစားခ်င္ေတာ့ျခင္း

ဘာမွ မစားဘဲ အၿမဲလိုလို ဗိုက္ျပည့္ေနရင္၊ အစားစားခ်င္စိတ္ေတြ ေပ်ာက္ဆုံးေနရင္၊ ခဏခဏ ဗိုက္နာေနတတ္ရင္ သားအိမ္ကင္ဆာရဲ႕ လကၡဏာ ျဖစ္ေနႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ျပသသင့္ပါတယ္။

၇။ ဆံပင္ကြၽတ္ျခင္း

ဆံပင္ကြၽတ္တာက ဆံပင္က်န္းမာေစတဲ့ ေဟာ္မုန္းျဖစ္တဲ့ testosterone ေလ်ာ့က်လာလို႔ပါ။ ဆံပင္ေတြက ကိုင္လိုက္ရင္ကို အေထြးလိုက္ ပါလာတတ္ပါတယ္။

၈။ အၿမဲပူေနျခင္း သို႔မဟုတ္ အၿမဲေအးေနျခင္း

Estrogen ေဟာ္မုန္းနည္းေနရင္ အၿမဲတမ္းပူတယ္လို႔ ခံစားရၿပီး မ်ားေနရင္ အၿမဲေအးေနတယ္လို႔ ခံစားရပါတယ္။ အဲဒီေဟာ္မုန္းက သင့္က်န္းမာေရးအတြက္ အရမ္းကို အေရးပါတာေၾကာင့္ ေသခ်ာသတိထား ေစာင့္ၾကည့္သင့္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*