အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ထုတ်ရောင်း ပေမယ့် ဒေါ်လာဈေး ဆက်လက် မြင့်တက်နေဆဲ ဖြစ်တယ်

ဒီဇင်ဘာ ၁

၂ လအတွင်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ထုတ်ရောင်းပေမယ့် ဒေါ်လာဈေး ကျပ် ၁၈၀၀ ဝန်းကျင်ခန့်ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ ငွေကြေးဈေးကွက်အတွင်း မှ စုံစမ်းသိရှိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်မှုတွေကို ထိန်းချုပ် ဖို့အတွက် အောက်တိုဘာလ အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၁၀ နဲ့ နိုဝင်ဘာလအတွင်းမှာ အမေရိကန် ဒေါ်လာ ၃၁ သန်း ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အောက်တိုဘာလအတွင်း အမေရိကန် ဒေါ်လာ ၁၁၀သန်းကို ၃ ကြိမ် ထုတ်ရောင်းခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ အမေရိကန် ဒေါ်လာ သန်း ၅၀ ၊အောက်တိုဘာ ၂၂ ရက်နေ့မှာ အမေရိကန် ဒေါ်လာသန်း ၃၀ နှင့်  အောက်တိုဘာ ၂၆ ရက်နေ့မှာ

အမေရိကန် ဒေါ်လာ သန်း ၃၀  ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးဈေးကွက်အတွင်းမှ လုပ်ငန်းရှင်တစ်ဦးက “ ဗဟိုဘဏ်က ဒေါ်လာဈေး ထိန်းဖို့ အောက်တိုဘာလ ၁ လတည်းကို ဒေါ်လာသန်း ၁၁၀ အထိ ထုတ်ရောင်းတယ်လို့ သူတို့ကတော့ ထုတ်ပြန်တာပေါ့လေ။

၃ ကြိမ်ရောင်းတယ်။ သန်း ၁၁၀ ပေါ့။ သူတို့က ရောင်းတယ်ဆိုပေမယ့်လည်း ဈေးကွက်ထဲမှာ ဒေါ်လာဈေးက  ၁၈၀၀ ဝန်းကျင်ပဲ ။ နည်းနည်း တက်မယ်။ နည်းနည်းပြန်ကျမယ်။ အဲဒီလောက်ပဲ ။ ဘာမှ မထူးခဲ့ဘူး။ အခု နိုဝင်ဘာလထဲမှာတော့ သူတို့၂ ကြိမ်ထုတ်ရောင်းတယ်။

၃၁ သန်း ထင်တယ်။ ထုတ်တာရောင်းတာ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု နည်းတယ်” လို့ မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။ ဗဟိုဘဏ် သည် နိုဝင်ဘာလအတွင်း ပထမအကြိမ်အဖြစ် အမေရိကန် ဒေါ်လာသန်း ၃၀ ကို ပျမ်းမျှငွေလဲနှုန်း ၁၇၆၀ ကျပ် ဖြင့် ရောင်းချခဲ့သလို

နိုဝင်ဘာ ၃၀ ရက်နေ့တွင်လည်း အမေရိကန် ဒေါ်လာ ၁ သန်းကို ငွေလဲနှုန်း ၁၇၇၅ ကျပ်ဖြင့်  နိုင်ငံခြားငွေစျေးပြိုင် လေလံပုံစံ နဲ့ ရောင်းချခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဈေးကွက်အတွင်းသို့ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ဘယ်လောက်အထိ ထုတ်ရောင်းပေးနေတယ်ဆိုပေမယ့် ဒေါ်လာဈေးက ကျပ် ၁၈၀၀ ဝန်းကျင်အထိ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

>>zawgyi<<<<

ဒီဇင္ဘာ ၁

၂ လအတြင္း ဗဟိုဘဏ္က အေမရိကန္ေဒၚလာ သန္း ၁၄၀ ေက်ာ္ ထုတ္ေရာင္းေပမယ့္ ေဒၚလာေဈး က်ပ္ ၁၈၀၀ ဝန္းက်င္ခန႔္ဆက္လက္ျမင့္တက္ေနဆဲျဖစ္တယ္လို႔ ေငြေၾကးေဈးကြက္အတြင္း မွ စုံစမ္းသိရွိရပါတယ္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ျပည္တြင္းေငြေၾကးေဈးကြက္အတြင္း ေဒၚလာေဈးျမင့္တက္မႈေတြကို ထိန္းခ်ဳပ္ ဖို႔အတြက္ ေအာက္တိုဘာလ အတြင္းမွာ အေမရိကန္ ေဒၚလာ သန္း ၁၁၀ နဲ႔ ႏိုဝင္ဘာလအတြင္းမွာ အေမရိကန္ ေဒၚလာ ၃၁ သန္း ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္သည္ ေအာက္တိုဘာလအတြင္း အေမရိကန္ ေဒၚလာ ၁၁၀သန္းကို ၃ ႀကိမ္ ထုတ္ေရာင္းခဲ့ပါတယ္။ ေအာက္တိုဘာ ၁၈ ရက္ေန႔မွာ အေမရိကန္ ေဒၚလာ သန္း ၅၀ ၊ေအာက္တိုဘာ ၂၂ ရက္ေန႔မွာ အေမရိကန္ ေဒၚလာသန္း ၃၀ ႏွင့္  ေအာက္တိုဘာ ၂၆ ရက္ေန႔မွာ

အေမရိကန္ ေဒၚလာ သန္း ၃၀  ထုတ္ေရာင္းခဲ့တာ ျဖစ္ပါတယ္။ ေငြေၾကးေဈးကြက္အတြင္းမွ လုပ္ငန္းရွင္တစ္ဦးက “ ဗဟိုဘဏ္က ေဒၚလာေဈး ထိန္းဖို႔ ေအာက္တိုဘာလ ၁ လတည္းကို ေဒၚလာသန္း ၁၁၀ အထိ ထုတ္ေရာင္းတယ္လို႔ သူတို႔ကေတာ့ ထုတ္ျပန္တာေပါ့ေလ။

၃ ႀကိမ္ေရာင္းတယ္။ သန္း ၁၁၀ ေပါ့။ သူတို႔က ေရာင္းတယ္ဆိုေပမယ့္လည္း ေဈးကြက္ထဲမွာ ေဒၚလာေဈးက  ၁၈၀၀ ဝန္းက်င္ပဲ ။ နည္းနည္း တက္မယ္။ နည္းနည္းျပန္က်မယ္။ အဲဒီေလာက္ပဲ ။ ဘာမွ မထူးခဲ့ဘူး။ အခု ႏိုဝင္ဘာလထဲမွာေတာ့ သူတို႔၂ ႀကိမ္ထုတ္ေရာင္းတယ္။

၃၁ သန္း ထင္တယ္။ ထုတ္တာေရာင္းတာ ေဈးကြက္အေပၚ အက်ိဳးသက္ေရာက္မႈ နည္းတယ္” လို႔ ျမန္မာ့ပလက္ေဖာင္းကို ေျပာပါတယ္။ ဗဟိုဘဏ္ သည္ ႏိုဝင္ဘာလအတြင္း ပထမအႀကိမ္အျဖစ္ အေမရိကန္ ေဒၚလာသန္း ၃၀ ကို ပ်မ္းမွ်ေငြလဲႏႈန္း ၁၇၆၀ က်ပ္ ျဖင့္ ေရာင္းခ်ခဲ့သလို

ႏိုဝင္ဘာ ၃၀ ရက္ေန႔တြင္လည္း အေမရိကန္ ေဒၚလာ ၁ သန္းကို ေငြလဲႏႈန္း ၁၇၇၅ က်ပ္ျဖင့္  ႏိုင္ငံျခားေငြေစ်းၿပိဳင္ ေလလံပုံစံ နဲ႔ ေရာင္းခ်ခဲ့တယ္လို႔ထုတ္ျပန္ထားပါတယ္။

ေဈးကြက္အတြင္းသို႔ ဗဟိုဘဏ္က အေမရိကန္ ေဒၚလာ ဘယ္ေလာက္အထိ ထုတ္ေရာင္းေပးေနတယ္ဆိုေပမယ့္ ေဒၚလာေဈးက က်ပ္ ၁၈၀၀ ဝန္းက်င္အထိ ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*