အွန်လိုင်း ကာစီနိုမှာ ကိုယ်တွေ့ကြုံခဲ့ရ တဲ့ ညီလေး တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်

တည်နေရာ – ရွှေကုက္ကိုယ်။အမည်-အပိုလို သဲပုံဂိတ်(သောင်ရင်းမြစ်နားမှာပါ) ဆောက်ခါစရုံအသစ်ပါ။ တစ်ချို.အ​ဆောက်အဦးတွေဆို ဆောက်လို. တောင်မပြီးသေးပါဘူး။ အဆောက်အဦးပုံစံတွေကို ပုံမှာ ကြည့်ပါ။ ကာစီနိုရုံကြီး မှာ အလုပ်ခေါ်ပါတယ် E-Skill နဲ့ Computer Typing Skill ကျွမ်းရင် ရပါတယ်။
တစ်လကို ယွမ် ၅၀၀၀ (1 yuan-285 kyat) ကနေ၊ စရတယ်ဆိုလို့ အင်တာဗျူးသွားဖြေခဲ့တာပါ။ အလုပ်ခေါ်တဲ့နေရာကတော့… မြဝတီ ထ (၁) ကျောင်း၊ မျက်စောင်းထိုး၊ အာရှကားဂိတ်၊ နောက်ကျော မှာအင်တာဗျူးလုပ်ပါတယ်။ အင်တာဗျူးအောင်တာနဲ့ အဲ့ဒီညမှာပဲ ‌ရွှေကုက္ကိုကို သွားပို့ပါတယ်။
အလုပ်ရုံစ ရောက်ရောက်ချင်းမှာပဲ…ရုံအပေါက်ဝ ဘေးမှာ သံတိုင်(အကျဉ်းခန်း) တစ်ခုတွေ့ရပါတယ်။ အထဲမှာ တရုတ်လူမျိုး နှစ်ယောက်ကို ချုပ်ထားတာတွေ့ရတယ်။ စုံစမ်းကြည့်လိုက်တော့ တရုတ်ပြည်ကနေ ရောင်းစားခံထိ ထားတဲ့သူတွေပါ။
ထွက်ပြေးဖို ကြံစည်ရင်း မိသွားလို့၊ ကျဉ်စက်နဲ့အတို့ခံရပြီး၊ အချုပ်ခံထားရတာပါ။ Security တွေက BGF တွေပါ။ “သူတို.လည်း ကျွန်တော်ပြန်ထွက်လာမှ လုပ်ရတဲ့လုပ်ငန်း အမျိုးအစားနဲ့ ဒီအကြောင်း အရင်းတွေကို သိရတာပါ။”ဝန်းထဲမှာ ရောင်းစားခံထိထားတဲ့ တရုတ်လူမျိုးတွေသာမက၊ ထိုင်းလူမျိုး လည်း ရှိပါတယ်။
အဲ့ဒီလူတွေကိုတော့ အလုပ်ချိန်နဲ့ ထမင်းစားချိန်ကလွဲပြီးတော့၊ အခန်းထဲမှာ၊ သော့ပိတ်ခံထားတဲ့အပြင်၊ အပြင်မှာလုံခြုံရေးချထားခံရတဲ့အထိ စောင့်ကြည့်ခံရတဲ့ သူတွေပါ။ တချို. မြန်မာ အလုပ်သမားတွေကိုတော့၊ မြန်မာ ပွဲစားလား? အလုပ်ခေါ်ယုံလားတော့ သေချာမသိဘူး။
အလုပ်ကိုပို့ပြီးတာနဲ့ ကြိုတင်ငွေ ဘတ်တစ်သောင်း စီနဲ့ရောင်းစားခံ ထိထားတဲ့ သူတွေပါ။ သူတို. အလုပ်ပြုတ်သည် ဖြစ်စေ၊ ထွက်လာသည် ဖြစ်စေ၊ စာချုပ် သက်တမ်း မပြည့်ပါက အဲ့ငွေတွေကိုပါ လျော်ရပါတယ်။
အလုပ်မှာ ဘာလုပ်ရသလဲ ဆိုတာကတော့….
Facebook Gridr Tender WhatSapp Instragram အစရှိတဲ့ အကောင့် အတု တွေ ကို Instragram ကနေ သူများပုံ ယူပြီး ဖွင့်ရပါတယ်.အဲဒီ ကနေ တဆင့် ပိုက်ဆံရှိတဲ့သူတွေ ကို လိုက်ကြူ ပြီး ပိုက်ဆံ လိမ်တာပါ။ အထူးသဖြင့် USAကို ပစ်မှတ်ထားပါတယ်။
ကြူတဲ့အခါမှာ ယောကျ်ားတွေဆိုရင် gay လို ကြူရပြီး၊ မိန်းကလေး ဆိုရင်၊ ယောကျာ်းလို ကြူရတာပါ။ ရှင်းရှင်းပြောရရင် Se…ချက်ရတာပါပဲ။ မိန်းကလေး ပဲဖြစ်ဖြစ်၊ Gay ပဲဖြစ်ဖြစ်၊ အောက်ပိုင်းကို အထိကထားပြီး Se…ချက်ရတာပါ။ သူတို.ဆီ မှာ se…ဓါတ်ပုံ အမျိုးမျိုး ရှိပါတယ်။
အကြူခံရတဲ့ သူတွေ နဲ့ ရင်းနှီးအောင် လုပ်ပြီး၊ ချစ်သူဖြစ်တဲ့ အထိ ကြူပြီး ငွေလိမ်ရပါတော့တယ်။ တစ်ရက်ကို လူရှာလို မရရင် အပြစ်ပေးခံရပါတယ်။ ရှာလို.ရပြန်လည်း စာရေးတာနည်းရင် အပြစ်ပေးခံရပါတယ်။ စာရေးတာများပြန်တော့လည်း သူတို. ဖတ်ကြည့်လို. စိတ်တိုင်းမကျရင် အပြစ်ပေးခံရပါတယ်။
အလုပ်မှာ အပြစ်ပေးရင် ကျား / ဆိုရင် ဒိုက်ထိုး အခါ ၅၀ ကနေ၊ ၁၀၀ အထိ၊ မ/ ဆိုရင် ထိုင်ထ အခါ ၅၀ ကနေ ၁၀၀ အထိ၊လုပ်ရပါတယ်။ တစ်ခါတစ်ရံ မီတာ ၂၀၀ ကနေ၊ ၄၀၀ အထိ၊ ရှည်တဲ့ကွင်းကို၊ ၄ ပတ် ကနေ၊ ၁၀ ပတ် အထိ၊ ပြေးခိုင်းပါတယ်။
အလုပ်ချိန်က ည ၁၀:၃ဝ နာရီ၊ ကနေ မနက် ၁၀:၃၀ နာရီ အထိပါ။ အလုပ်စပြီဆိုတာနဲ့ သီချင်းဆိုရပြီး! အဲ့ဒီအချိန်ကနေစတင် ဆူဆဲပါတော့တယ်။ အလုပ်လုပ် နေချိန်မှာ ဘာမှသိပ်မပြောပေမဲ့၊ အလုပ်ဆင်းချိန်ဆို ထပ်မံ ဆူဆဲ ပြန်ပါတယ်။
တစ်ညလုံး မအိပ်ရ‌ေပမဲ့၊ ပေးလိုက်တဲ့ အိမ်စာမပြီးရင်တော့ အပြစ်ပေးခံရပါတယ်။မိန်းကလေး တွေ ဆို ဒီလိုအလုပ်မျိုး ပို ရှောင်သင့်ပါတယ်.chat နဲ့ နေရာ မှာ လူရရင်ပြီးရော ဆိုတဲ့ အတွက် ကြိုက်ရာ application ကနေ လူရအောင် chat ပြီး whatsapp ထဲ ကို ရောက်အောင်ခေါ်ရပါတယ်။
တစ်ချို့ App တွေက နှာဘူးတွေ အများဆုံးပါ။ ‌​ေနာက်ပြီးတော့ gay တွေ က အရမ်းများပါတယ်။ ဗလာကျင်း Se.. ပုံတွေနဲ့ အမြဲတမ်း ထိတွေ့ရပါတယ်။
သူတို.'(တရုတ်)တွေဆီမှာလည်း အဲ့ဒီလိုဓါတ်ပုံတွေအများကြီးသိမ်းထားပါတယ်၊ အဲ့ဒီလိုဓါတ်ပုံတွေကို ဝန်ထမ်းတွေဆီ ပေးထားပါတယ်။
ဘောစိတွေကို ပစ်မှတ်ထားပြီး လိမ်ရတဲ့အတွက် Customer တွေကိုဂျင်းထည့်လို. ကောင်းအောင် story ရေးရပါတယ်။ပထမ က my self ပါ။ USA ကို ပစ်မှတ် ထားပြီး၊ ဘောစိတွေကို လိမ်ရမှာဖြစ်တဲ့ အတွက် ချက်ချင်းပဲ ကိုယ်တွေက ဘောစိ ဖြစ်သွားပါတယ်။
Gay ဖြစ်လာတဲ့အကြောင်း.. ချပေးတဲ့ frame ကလည်း ….လိုပဲ!…မိန်းမသေသွားတဲ့ နောက်ပိုင်း မှာ ကိုယ်ကပြိုလဲပျက်စီး၊ အပျော်ရှာရင်း၊ သူငယ်ချင်း someone ကကိုယ့်ကိုသမလိုက်လို့။ ကိုယ်က အဲ့အရသာကြီးကို ကြိုက်သွားလို. Gay တာတဲ့လေ!
နောက်ဟာတွေက ကိုယ်နေတဲ့ နိုင်ငံရဲ့ အစားအစာ၊ ရိုးရာဓလေ့၊ သမိုင်း စတာတွေ ရေးရတယ်။ အလုပ်စ ဝင်ကတည်း က နေ့တိုင်း ဆူဆဲ စရောက်တဲ့ နေ့ က စပြီး ပြန်လိုက်တဲ့ဘလူဟောင်းတွေ အစကသူတို.ပြောတယ်၊ သူတို.ထုတ်ရင်မလျော်ရဘူးတဲ့။ ကိုယ့်ဟာကိုယ်ပြန်ရင် လျော်ရတယ်တဲ့။
ကျွန်တော် ပထမ ပြန်မယ်ပြောတော့ ဘတ် ၂၁၅၀၀ လျော်ရမယ်တဲ့။  လူဟောင်းတချို.ကို ကြည့်မရတဲ့ပုဒ်မနဲ့ ထုတ်တယ်။ လျော်ခိုင်းတယ်။ထုတ်တာကလည်း မနက်ဖြန်လစာထုတ်မယ့်ရက် ဘာအပြစ်လည်းလို့မေးတော့ ကြည့်မရလို့တဲ့ဗျာ။ ရှင်းရှင်းပြောရရင် လစာမပေးချင်လို့ပါ။
“ယခုဖော်ပြပါအကြောင်းအရာသည် ကာစီနိုမှာကိုယ်တွေ့ကြုံခဲ့ရတဲ့ ညီလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဖြစ်ပါသည်။ သူကိုယ်တိုင်ကြုံတွေ့လာခဲ့ရတာတွေကိုရေးသားပြီး ကျနော်ဆီပို့ပေးခဲ့တာပါ။ ကျနော်က စာအနည်းငယ်ပြန်လည်ပြင်ဆင်ပြီး၊ ညီလေးရဲ့ခွင့်ပြုချက်ဖြင့်‌
မသိနားမလည်သေးသောသူများ ဒုက္ခမရောက်စေရန်အတွက် ပညာပေးအနေဖြင့်ရေးသားလိုက်ရခြင်းဖြစ်ပါသည်။”

Be the first to comment

Leave a Reply

Your email address will not be published.


*