ရှေးလူကြီးတွေပြောသော “စာတစ်လုံးဘုရားတစ်ဆူ” ဆိုသည်မှာ . . . . . . . . .

ရှေးလူကြီးတွေကတော့ … “စာတစ်လုံးဘုရားတစ်ဆူလို့ “ပြောခဲ့ကြတာ…အရင်ကတော့ နားမလည်ခဲ့ဘူး။ဒီ Post လေးတွေ့လိုက်တော့မှ…အော်… ဒါကိုပြောတာလားဆိုပီး နားလည်လာတော့တယ်…။ထပ်ဆင့် မျှဝေကုသိုလ်ပြုလိုက်ပါတယ်…။
🙏 က  🙏ကကြီး ဟူသည်ကား . . . .ကိလေသာ မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။ 🙏 🙏  – ခခွေး ဟူသည်ကား . . . . .ခန္ဓမာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏ဂငယ်ဟူသည်ကား . . . . .ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ဃကြီး ဟူသည်ကား . . . . .ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော မြတ်စွာဘုရား။
🙏 🙏င ဟူသည်ကား . . . . .မာန်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား။ 🙏 🙏 – စလုံး ဟူသည်ကား . . . . .စကြ၀ဠာ တစ်သိုက် တုဖက်ပြိုင်ဖက် ရှိတော်မမူသော မြတ်စွာဘုရား။
🙏 🙏 – ဆလိမ် ဟူသည်ကား . . . . .ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင်းအောင်မြင်တော်မူသော မြတ်စွာဘုရား။ 🙏 🙏ဇကွဲ ဟူသည်ကား . . . . .ဇာတိဿ ရဥာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏ဇမျဉ်ဇွဲ ဟူသည်ကား . . . . .စျာန်သမာပတ်အပေါင်း ပြည့်စုံတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ည ဟူသည်ကား . . . . .ဉေယျ ဓံတရား ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
🙏 🙏တတလင်းချိတ် ဟူသည်ကား . . . . .ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော မြတ်စွာဘုရား။ 🙏 ဋ္ဌ 🙏 -ဋ္ဌဝန်ဘဲ ဟူသည်ကား . . . . .ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏ဒရင်ကောက် ဟူသည်ကား . . . . .ကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟု ပြောဆိုခံရသော မြတ်စွာဘုရား။
🙏 🙏ဓရင်မှုတ် ဟူသည်ကား . . . . .ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ဏကြီး ဟူသည်ကား . . . . .တဏှာတည်းဟူသော အမိုက်မှောင်တို့ကိုပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏တဝမ်းပူ ဟူသည်ကား တစ်ထောင်မကသော ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ထဆင်ထူး ဟူသည်ကား . . . . .ထူးမြတ်သော တရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
🙏 🙏ဒဒွေး ဟူသည်ကား . . . . .ဒိပ္ပစက္ခု ရွှေဥာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ဓအောက်ချိုက် ဟူသည်ကား . . . . .ဓမ္မစကြာ တရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
🙏 🙏နငယ် ဟူသသည်ကား . . . . .နိဗ္ဗာန်ခေမာ ပြည့်အောင်ဥာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ပစောက် ဟူသည်ကား . . . . .ပုဗ္ဗနေိဝါသ နုဿ တိဥာဏ်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏ဖဥထုပ် ဟူသည်ကား . . . . .ဖိုလ် ၊ မဂ် ချမ်းသာကို အောင်မြင်တော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ဗလချိုက် ဟူသည်ကား . . . . .ဗောဓိပင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏ဘကုန်း ဟူသည်ကား . . . . .ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ 🙏 🙏မ ဟူသည်ကား . . . . .မစ္စု မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏ယပလက် ဟူသည်ကား . . . . .ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။ 🙏 🙏 -ရကောက် . . . . .ဟူသည်ကား . . . . .ရတနာခြောက်သွယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
🙏 🙏လ ဟူသည်ကား . . . . .လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက် ကင်းတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ဝ ဟူသည်ကား . . . . . ဝသုနြေ္ဒ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသော မြတ်စွာဘုရား။
🙏 🙏သ ဟူသည်ကား . . . . .သစ္စာလေးပါး တရားအပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – ဟ ဟူသည်ကား. . . . . ဟန်ဒ ဒါနိ ဘိက်ခဝေ ပါဋ္ဌိတော်လာသည်နှင့်အနိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား။
🙏 🙏လကြီး ဟူသည်ကား . . . . .ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား။ 🙏 🙏 – အ ဟူသည်ကား . . . . .နေ အရုဏ်မတက်မှီ အာသဝေါကင်း၍ အာသဝက္ခယဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား။
ထို့ကြောင့် ” စာတစ်လုံးဘုရားတစ်ဆူ ” ဟု ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။
” သာဓုသာဓုသာဓု “
      🙏 🙏 🙏

Be the first to comment

Leave a Reply

Your email address will not be published.


*