တိုကင်ယူစရာမလိုဘဲ ငွေထုတ်နိုင်တဲ့ ဘဏ်အများစုဟာ နယ်မြို့များမှ ဖြစ်နေတာကြောင့်ရာခိုင်နှုန်းပေး ငွေထုတ်နေရဆဲဖြစ်

တိုကင်ယူစရာမလိုဘဲ ငွေထုတ်နိုင်တဲ့ ဘဏ်အများစုဟာ နယ်မြို့များမှ အများစုဖြစ်နေတာကြောင့် ရာခိုင်နှုန်းပေး ငွေထုတ်နေရဆဲဖြစ်

ဘဏ်ငွေထုတ်ယူသူများရဲ့အခက်အခဲကို ဗဟိုဘဏ်အနေနဲ့ အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခြင်း မရှိသ၍ ရာခိုင်နှုန်းသံသရာက လွတ်မြောက်မှာမဟုတ်ဘူးလို့ ဘဏ်ငွေထုတ်ယူသူအချို့က ပြောဆိုနေကြပါတယ်။

နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်ကစလို့ ပြည်တွင်း ပုဂ္ဂလိကဘဏ်အချို့မှ၎င်းတို့ရဲ့ဘဏ်များမှငွေထုတ်ယူခြင်းကိစ္စတွေအတွက် ကြိုတင်တိုကင်(Booking)ယူစရာမလိုဘဲဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာဘဏ်အသီးသီးက ကြေညာခဲ့ကြပါတယ်။

တိုကင်ယူစရာမလိုဘဲငွေထုတ်ဖို့စီစဉ်ထုတ်ပြန်ခဲ့တဲ့ ဘဏ်အများစုဟာ နယ်မြို့များမှအများစုဖြစ်နေတာကြောင့် တစ်ဦးချင်းအကောင့်များမှငွေထုတ်လိုသူတွေသာမက စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအထိ အခက်အခဲတွေ ကြုံတွေ့နေရပြီး

ပြင်ပတွင် ရာခိုင်နှုန်းပေးကာငွေထုတ်ရခြင်းတွေကိုသာလုပ်ဆောင်နေရတယ်လို့ ဘဏ်အသုံးပြုသူများကဆိုပါတယ်။အသုံးပြုသူတစ်ဦးက “အခုက ATM ကိုတောင်ပေးမထုတ်တော့ဘူးလေ။ဘယ်ဘဏ်မှ ATM စက်တွေမှာပိုက်ဆံလာမဖြည့်တော့ဘူး။

အရင်ကတော့တိုကင်ယူဖို့ဖုန်းဆက်ပုံမှန်လေးရနေသေးတယ်။နောက်ပိုင်းဖုန်းကိုမကိုင်တော့တာ၊အခုတိုကင်ယူစရာ မလိုဘဲထုတ်လို့ရတယ်တဲ့ ဟုတ်တိပတ်တိကြေညာတယ်။ဘဏ်ခွဲအကုန်လုံးကနယ်တွေ မှာကြီးပဲ။

ရန်ကုန်မှာဆိုလို့ ရိုးမတစ်ခုပဲရှိမယ်ထင်တယ်၊အဲ့တော့ ဘဏ်တွေက ကိုယ့်ပိုက်ဆံကိုယ်ထုတ်ဖို့က ရန်ကုန်မှာလဲတိုကင်မယူရဘဲနဲ့တစ်ပတ်တစ်ခါပုံမှန် ပြန်ထုတ်လို့ရအောင်လုပ်ပေးမှပဲရမယ်။ ဘဏ်တွေကိုညွှန်ကြားချက်တွေပေးနေတဲ့ဗဟိုဘဏ်အနေနဲ့

လူတွေကိုယ့်ပိုက်ဆံကိုအဆင်ပြေပြေနဲ့ထုတ်နိုင်ဖို့အဓိကကြပ်မတ်စေချင်တယ်။အခုကတော့ရာခိုင်နှုန်းယူပြီးထုတ်ပေးမယ့်သူကိုလုပ်ကျွေးနေရသလိုပဲ။”လို့ သူ့အမြင်ကိုပြောပါတယ်။

လုပ်ငန်းရှင်တစ်ဦးက “ ဗဟိုဘဏ်ကသတ်မှတ်တယ်၊သိန်း ၂၀၀ ကျော်ရင်အွန်လိုင်း ငွေချေစနစ် သုံးပါ။ကျွန်တော်တို့ လုပ်ပေးတယ်။ customer ကအွန်လိုင်းကငွေချေတယ်။တချို့ဆို ဘဏ် ချက်လက်မှတ်တွေနဲ့ ရှင်းတယ်။သို့သော်ကျွန်တော်တို့ ဘဏ်မှာငွေသွားထုတ်တယ် ချက်လက်မှတ်နဲ့ ဆိုပိုခက်တယ်။

အဲ့ဒီတော့ အပြင်မှာရာခိုင်နှုန်းပေးပြီးပြန်ထုတ်ရတယ်။အခု ဘဏ်တွေကကြေညာတယ် တိုကင်မလိုဘူး ဆိုပြီး၊ ရုံးချုပ်ကရန်ကုန်မှာဘယ်လိုထုတ်ရမလဲ၊နယ်ဘဏ်ကလည်းပိုက်ဆံထုတ်ပေးနိုင်ဦးမှ တစ်ခါတစ်လေစောင့်ရတယ်။

ဟိုဘက်က လူကိုငွေကရှင်းရတော့မယ်။အဲဒီတော့ဘာဖြစ်လဲ ရာခိုင်နှုန်းနဲ့ထပ်လုပ်ရပြန်ရောဒီသံသရာထဲမှာကျွန်တော်တို့ ရုန်းမထွက်နိုင်သေးဘူး”လို့ ပြောပါတယ်။

ဒါကြောင့် လက်ရှိဘဏ်တွေနဲ့ ပြည်သူတွေအတွက် ငွေသွင်း ငွေထုတ်ခြင်းတွေ အဆင်ပြေချောမွေ့ဖို့ရာ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍဟာများစွာအရေးပါလာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြင့်မားခဲ့ခြင်းကိုလျော့ချခဲ့တဲ့အစီအမံမျိုးကဲ့သို့

ပြည်သူများနှင့်စီးပွားရေးလုပ်ငန်းများအတွက်အဆင်ပြေပြေနဲ့ငွေထုတ်ယူနိုင်ဖို့အဓိကထားဆောင်ရွက်သင့်တယ်လို့လည်း ဘဏ်အသုံးပြုသူများကဆိုနေပါတယ်။

………..zawgyi……….

တိုကင္ယူစရာမလိုဘဲ ေငြထုတ္ႏိုင္တဲ့ ဘဏ္အမ်ားစုဟာ နယ္ၿမိဳ႕မ်ားမွ အမ်ားစုျဖစ္ေနတာေၾကာင့္ ရာခိုင္ႏႈန္းေပး ေငြထုတ္ေနရဆဲျဖစ္

ဘဏ္ေငြထုတ္ယူသူမ်ားရဲ႕အခက္အခဲကို ဗဟိုဘဏ္အေနနဲ႔ အဆင္ေျပစြာေဆာင္႐ြက္ေပးႏိုင္ျခင္း မရွိသ၍ ရာခိုင္ႏႈန္းသံသရာက လြတ္ေျမာက္မွာမဟုတ္ဘူးလို႔ ဘဏ္ေငြထုတ္ယူသူအခ်ိဳ႕က ေျပာဆိုေနၾကပါတယ္။

ႏိုဝင္ဘာလ ေနာက္ဆုံးရက္သတၱပတ္ကစလို႔ ျပည္တြင္း ပုဂၢလိကဘဏ္အခ်ိဳ႕မွ၎တို႔ရဲ႕ဘဏ္မ်ားမွေငြထုတ္ယူျခင္းကိစၥေတြအတြက္ ႀကိဳတင္တိုကင္(Booking)ယူစရာမလိုဘဲေဆာင္႐ြက္ႏိုင္ရန္ စီစဥ္ထားေၾကာင္း သက္ဆိုင္ရာဘဏ္အသီးသီးက ေၾကညာခဲ့ၾကပါတယ္။

တိုကင္ယူစရာမလိုဘဲေငြထုတ္ဖို႔စီစဥ္ထုတ္ျပန္ခဲ့တဲ့ ဘဏ္အမ်ားစုဟာ နယ္ၿမိဳ႕မ်ားမွအမ်ားစုျဖစ္ေနတာေၾကာင့္ တစ္ဦးခ်င္းအေကာင့္မ်ားမွေငြထုတ္လိုသူေတြသာမက စီးပြားေရးလုပ္ငန္းလုပ္ကိုင္သူမ်ားအထိ အခက္အခဲေတြ ႀကဳံေတြ႕ေနရၿပီး

ျပင္ပတြင္ ရာခိုင္ႏႈန္းေပးကာေငြထုတ္ရျခင္းေတြကိုသာလုပ္ေဆာင္ေနရတယ္လို႔ ဘဏ္အသုံးျပဳသူမ်ားကဆိုပါတယ္။အသုံးျပဳသူတစ္ဦးက “အခုက ATM ကိုေတာင္ေပးမထုတ္ေတာ့ဘူးေလ။ဘယ္ဘဏ္မွ ATM စက္ေတြမွာပိုက္ဆံလာမျဖည့္ေတာ့ဘူး။

အရင္ကေတာ့တိုကင္ယူဖို႔ဖုန္းဆက္ပုံမွန္ေလးရေနေသးတယ္။ေနာက္ပိုင္းဖုန္းကိုမကိုင္ေတာ့တာ၊အခုတိုကင္ယူစရာ မလိုဘဲထုတ္လို႔ရတယ္တဲ့ ဟုတ္တိပတ္တိေၾကညာတယ္။ဘဏ္ခြဲအကုန္လုံးကနယ္ေတြ မွာႀကီးပဲ။

ရန္ကုန္မွာဆိုလို႔ ႐ိုးမတစ္ခုပဲရွိမယ္ထင္တယ္၊အဲ့ေတာ့ ဘဏ္ေတြက ကိုယ့္ပိုက္ဆံကိုယ္ထုတ္ဖို႔က ရန္ကုန္မွာလဲတိုကင္မယူရဘဲနဲ႔တစ္ပတ္တစ္ခါပုံမွန္ ျပန္ထုတ္လို႔ရေအာင္လုပ္ေပးမွပဲရမယ္။ ဘဏ္ေတြကိုၫႊန္ၾကားခ်က္ေတြေပးေနတဲ့ဗဟိုဘဏ္အေနနဲ႔

လူေတြကိုယ့္ပိုက္ဆံကိုအဆင္ေျပေျပနဲ႔ထုတ္ႏိုင္ဖို႔အဓိကၾကပ္မတ္ေစခ်င္တယ္။အခုကေတာ့ရာခိုင္ႏႈန္းယူၿပီးထုတ္ေပးမယ့္သူကိုလုပ္ေကြၽးေနရသလိုပဲ။”လို႔ သူ႔အျမင္ကိုေျပာပါတယ္။

လုပ္ငန္းရွင္တစ္ဦးက “ ဗဟိုဘဏ္ကသတ္မွတ္တယ္၊သိန္း ၂၀၀ ေက်ာ္ရင္အြန္လိုင္း ေငြေခ်စနစ္ သုံးပါ။ကြၽန္ေတာ္တို႔ လုပ္ေပးတယ္။ customer ကအြန္လိုင္းကေငြေခ်တယ္။တခ်ိဳ႕ဆို ဘဏ္ ခ်က္လက္မွတ္ေတြနဲ႔ ရွင္းတယ္။သို႔ေသာ္ကြၽန္ေတာ္တို႔ ဘဏ္မွာေငြသြားထုတ္တယ္ ခ်က္လက္မွတ္နဲ႔ ဆိုပိုခက္တယ္။

အဲ့ဒီေတာ့ အျပင္မွာရာခိုင္ႏႈန္းေပးၿပီးျပန္ထုတ္ရတယ္။အခု ဘဏ္ေတြကေၾကညာတယ္ တိုကင္မလိုဘူး ဆိုၿပီး၊ ႐ုံးခ်ဳပ္ကရန္ကုန္မွာဘယ္လိုထုတ္ရမလဲ၊နယ္ဘဏ္ကလည္းပိုက္ဆံထုတ္ေပးႏိုင္ဦးမွ တစ္ခါတစ္ေလေစာင့္ရတယ္။

ဟိုဘက္က လူကိုေငြကရွင္းရေတာ့မယ္။အဲဒီေတာ့ဘာျဖစ္လဲ ရာခိုင္ႏႈန္းနဲ႔ထပ္လုပ္ရျပန္ေရာဒီသံသရာထဲမွာကြၽန္ေတာ္တို႔ ႐ုန္းမထြက္ႏိုင္ေသးဘူး”လို႔ ေျပာပါတယ္။

ဒါေၾကာင့္ လက္ရွိဘဏ္ေတြနဲ႔ ျပည္သူေတြအတြက္ ေငြသြင္း ေငြထုတ္ျခင္းေတြ အဆင္ေျပေခ်ာေမြ႕ဖို႔ရာ ဗဟိုဘဏ္ရဲ႕အခန္းက႑ဟာမ်ားစြာအေရးပါလာၿပီး ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ျမင့္မားခဲ့ျခင္းကိုေလ်ာ့ခ်ခဲ့တဲ့အစီအမံမ်ိဳးကဲ့သို႔

ျပည္သူမ်ားႏွင့္စီးပြားေရးလုပ္ငန္းမ်ားအတြက္အဆင္ေျပေျပနဲ႔ေငြထုတ္ယူႏိုင္ဖို႔အဓိကထားေဆာင္႐ြက္သင့္တယ္လို႔လည္း ဘဏ္အသုံးျပဳသူမ်ားကဆိုေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*