လောကကြီး ကို သတ္တိရှိ တဲ့ လူတွေ ဦးဆောင်နေတာ

ဆရာကြီးဦးအောင်သင်းပြောတဲ့ ” သတ္တိ “

လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ သတ္တိမရှိတဲ့ကောင်တွေအတွက်
နေရာမရှိဘူး ..

ဟောဒီသစ်သားပြားပေါ်ကို သံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက် သံချောင်းစိုက်ဝင်သွားမယ်။

သစ်သားပြား သူထက်မာတဲ့ကောင်နဲ့တွေ့တော့ နေရာ ဖယ်ပေးလိုက်ရတယ်

အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက် သံချောင်းပဲကွေးသွားမယ်။
ကျောက်တုံးက နေရာဖယ်မပေးဘူး I’m sorry ပဲ ..

သွေးကြောင်ရင် ဘေးရှောင် သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲ။

အဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား ..

ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစား ကိုယ်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေး မညှာတမ်းတွေး အားမနာတမ်းတွေး
ကိုယ့်ကိုကိုယ်ညှာတွေးနေသရွေ့ ကိုယ့်အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူး။

အားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူး။ ပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံးမတိုးတက်ဘူး
အဲ့ဒါ မင်းတို့ ပုံသေယုံ ..

ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ်။ အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူး။
ကိုယ့်အမိန့်ကို ကိုယ်လိုက်နာနိုင်ရမယ်။

လူတွေက သူများအမိန့်ပဲ ကျိူးနွံတာ ကိုယ့်အမိန့်ကို ကျိူးနွံနိုင်တဲ့သူရှားတယ် .. မနက်ဘယ်အချိန်ထမယ်ဆိုပြီး နှိုးစက်လေးချထားတယ်။
မနက်ရောက်တော့ နှိုးစက်ကမြည်တယ်။

လူကအိပ်ချင်မူးတူးနဲ့ မထချင်ဘူး။ စောပါသေးတယ် ဘာညာနဲ့ ပိတ်လိုက်တယ်။ အဲ့ဒါ ကိုယ့်အမိန့်ကို မနာခံတာ
ကိုယ့်ကိုကိုယ် မအောင်နိုင်တာ။

ကိုယ့်ကိုကိုယ် မအောင်နိုင်သေးသရွေ့ လောကကြီးကို မအောင်နိုင်ဘူးဆိုတာ
မင်းတို့ပုံသေယုံလိုက်ပါ ..


လူတစ်ယောက် မိုးပျံအောင်တော် တာဝန်ယူချင်တဲ့စိတ် တာဝန်ယူရဲတဲ့ သတ္တိမရှိရင် လောကကြီးအတွက် လူပိုပဲ။
ကိုယ့်တိုင်းပြည် ကိုယ့်မိသားစုအတွက် နိုင်သလောက် တာဝန်ယူနိုင်ရမယ် ..

ရိုးသားနိုင်ခြင်းဟာ သတ္တိ… ရိုးသားတယ်ဆိုတာ နုံတာ အ.တာမဟုတ်ဘူး။ ကိုယ်မရသင့်မရထိုက်တာကို မမက်မောတာ
မလိုချင်တာ မယူတာ အဲ့ဒါရိုးသားဖြောင့်မတ်တာ…။


ရိုးသားမှုကို လူတိုင်းကြိုက်တယ်…။ ဒါပေမယ့် လူတိုင်းဆီမှာ မရှိဘူး။
ရိုးသားခြင်းကြောင့် ဒုက္ခရောက်တတ်တယ်…။

အပင်တောင် ဖြောင့်တဲ့အပင်ပဲရွေးခုတ်တတ်ကြတယ်။ သတ္တိမရှိပဲ ရိုးသားလို့မရဘူး .. အမှန်တရားကို ချစ်မြတ်နိုးတာ အမှန်တရားကို ပြောရဲတာ သတ္တိ
မှန်တာပြောရင် ရွာ့အပြင်ထုတ်ခံရတတ်တယ်ဆိုတဲ့စကားရှိတယ်။


သတ္တိရှိဖို့လိုတယ် .. ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ကြိုစားတယ် မအောင်မြင်သေးဘူး ဇွဲရှိရမယ်။
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ ဂုဏ်သတ္တိကိုပြောတာ ..။

ကြောက်လို့ထွက်ပြေးရင်… တစ်သက်လုံးပြေးပေတော့… အောင်မြင်မှုက မင်းတို့နောက်လိုက်မလာဘူး
ရင်ဆိုင်နိုင်ရမယ် ။ ရင်ဆိုင်ရဲတဲ့သတ္တိရှိရမယ် ..။


ရန်ဖြစ်တာ သတ္တိမဟုတ်ဘူး ။ ကိုယ့်ကိုကိုယ်-တ်သေရဲတာသတ္တိမဟုတ်ဘူး .. သတ္တိဆိုတဲ့စကားလုံးဟာ အရမ်းကျယ်ပြန့်တယ် နက်ရှိုင်းတယ် ..
သတ္တိဆိုတာ အရည်အချင်းအားလုံးရဲ့ဇစ်မြှစ်

သတ္တိမရှိသရွေ့ ဘယ်တော့မှ မတိုးတက်ဘူးဘာသတ္တိမှ မရှိရင် ဘာမှဖြစ်မလာနိုင်ဘူးအဲ့ဒါ မင်းတို့ ပုံသေယုံပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*