ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးနေပြီး ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်ရန် ဆောင်ရွက်နေ

နေပြည်တော်၊ ဒီဇင်ဘာ ၁၄။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေး အတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးနေပြီး ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နှင့် ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း၊ ဆေးစတင်ထုတ်လုပ်ချိန်မှစ၍ တစ်လလျှင်ဆေးအလုံးရေ ၅ သန်း ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊

မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု မရှိသေးသော်လည်း အိမ်နီးချင်း နိုင်ငံအချို့နှင့် ဒေသတွင်း နိုင်ငံအချို့တွင် ကူးစက်မှုများ ရှိနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှု မရှိစေရေး သတိထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

ကာကွယ်ဆေးထိုးနှံ ထားသူများတွင် ထိခိုက်မှု နှုန်းနည်းပါးသည်ဟု သိရှိရကြောင်း” ၎င်းက ဆိုသည်။၎င်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုဗစ် ရောဂါကာကွယ်ဆေးနှင့်ပတ်သက်ပြီး နိုင်ငံတော်မှ ဝယ်ယူမှု၊ ပြည်ပနိုင်ငံများမှ နိုင်ငံတော်နှင့် တပ်မတော်သို့လှူဒါန်းမှု၊ ပုဂ္ဂလိကလှူဒါန်းမှု နှင့် မြန်မာ-တရုတ် နယ်စပ်ဒေသအတွက် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းက လှူဒါန်းမှုများ အပါအဝင်

ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးရောက်ရှိမှုမှာ စုစုပေါင်း ၄၂၇၇၁၆၀၀ ရှိပြီဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံမှဝယ်ယူထားသည့် ကာကွယ်ဆေးအလုံးရေ တစ်သန်းမှာလည်း ယခုလအတွင်းရောက်ရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ထပ်မံလှူဒါန်းပေးမည်ဖြစ်ကြောင်း၊

ဂျပန်နိုင်ငံ Nippon Foundation မှ လည်း ကာကွယ်ဆေး အလုံးရေ ၂ သန်းလှူဒါန်း ပေးမည်ဖြစ်ကြောင်း၊ ယခုလတွင် ၁ သန်း၊ ဇန်နဝါရီလ တွင် ၁ သန်းရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း တွင် ကာကွယ်ဆေး ထိုးနှံပြီးမှု Doses အရေအတွက် ၃၁၀၄၉၂၇၅ ၊ လက်ကျန် Doses အနေဖြင့် ၁၁၇၂၂၃၂၅ ဖြစ်ပြီး နှစ်ကြိမ်အပြည့် ဆေးထိုးနှံပြီးသူ ၁၂၆၉၃၉၄၅ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၅၆၆၁၃၈၅ ဦးရှိပြီး တစ်ကြိမ်နှင့်အထက် ဆေးထိုးနှံပြီးသူ ၁၈၃၅၅၃၃၀ ဦးဖြစ်ကြောင်း သိရသည်။

………….zawgyi…………

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၄။

ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္ေရး အတြက္ တ႐ုတ္ႏိုင္ငံႏွင့္ ေဆြးေႏြးေနၿပီး ဇန္နဝါရီလအတြင္း စတင္ထုတ္လုပ္ရန္ ေဆာင္႐ြက္ေနေၾကာင္း စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

“ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္ေရးႏွင့္ ပတ္သက္၍ တ႐ုတ္ႏိုင္ငံ ႏွင့္ ေဆြးေႏြးလ်က္ရွိၿပီး ဇန္နဝါရီလအတြင္း စတင္ထုတ္လုပ္ႏိုင္ေရးေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ေဆးစတင္ထုတ္လုပ္ခ်ိန္မွစ၍ တစ္လလွ်င္ေဆးအလုံးေရ ၅ သန္း ထုတ္လုပ္ႏိုင္ေရး ရည္မွန္းခ်က္ထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊

မိမိတို႔ႏိုင္ငံတြင္ အိုမီခ႐ြန္ ကိုဗစ္ဗီဇေျပာင္း ေရာဂါပိုးမ်ား ကူးစက္မႈ မရွိေသးေသာ္လည္း အိမ္နီးခ်င္း ႏိုင္ငံအခ်ိဳ႕ႏွင့္ ေဒသတြင္း ႏိုင္ငံအခ်ိဳ႕တြင္ ကူးစက္မႈမ်ား ရွိေနသျဖင့္ ႏိုင္ငံအတြင္း ကူးစက္မႈ မရွိေစေရး သတိထား ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊

ကာကြယ္ေဆးထိုးႏွံ ထားသူမ်ားတြင္ ထိခိုက္မႈ ႏႈန္းနည္းပါးသည္ဟု သိရွိရေၾကာင္း” ၎က ဆိုသည္။၎က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၁၈/၂၀၂၁)တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ကိုဗစ္ ေရာဂါကာကြယ္ေဆးႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္မွ ဝယ္ယူမႈ၊ ျပည္ပႏိုင္ငံမ်ားမွ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္သို႔လႉဒါန္းမႈ၊ ပုဂၢလိကလႉဒါန္းမႈ ႏွင့္ ျမန္မာ-တ႐ုတ္ နယ္စပ္ေဒသအတြက္ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးအသင္းက လႉဒါန္းမႈမ်ား အပါအဝင္

ကိုဗစ္ – ၁၉ ေရာဂါကာကြယ္ေဆးေရာက္ရွိမႈမွာ စုစုေပါင္း ၄၂၇၇၁၆၀၀ ရွိၿပီျဖစ္ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံမွဝယ္ယူထားသည့္ ကာကြယ္ေဆးအလုံးေရ တစ္သန္းမွာလည္း ယခုလအတြင္းေရာက္ရွိမည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွ ကာကြယ္ေဆးမ်ား ထပ္မံလႉဒါန္းေပးမည္ျဖစ္ေၾကာင္း၊

ဂ်ပန္ႏိုင္ငံ Nippon Foundation မွ လည္း ကာကြယ္ေဆး အလုံးေရ ၂ သန္းလႉဒါန္း ေပးမည္ျဖစ္ေၾကာင္း၊ ယခုလတြင္ ၁ သန္း၊ ဇန္နဝါရီလ တြင္ ၁ သန္းေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံအတြင္း တြင္ ကာကြယ္ေဆး ထိုးႏွံၿပီးမႈ Doses အေရအတြက္ ၃၁၀၄၉၂၇၅ ၊ လက္က်န္ Doses အေနျဖင့္ ၁၁၇၂၂၃၂၅ ျဖစ္ၿပီး ႏွစ္ႀကိမ္အျပည့္ ေဆးထိုးႏွံၿပီးသူ ၁၂၆၉၃၉၄၅ ဦး၊ တစ္ႀကိမ္ထိုးႏွံၿပီးသူ ၅၆၆၁၃၈၅ ဦးရွိၿပီး တစ္ႀကိမ္ႏွင့္အထက္ ေဆးထိုးႏွံၿပီးသူ ၁၈၃၅၅၃၃၀ ဦးျဖစ္ေၾကာင္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*