တရုတ်အစိုးရ ရန်ပုံငွေနဲ့ ဆောက်လုပ်ခဲ့တဲ့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၊ ယနေ့ လွှဲပြောင်းအပ်နှံ

ဒီဇင်ဘာ၊ ၁၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရရန်ပုံငွေနဲ့ ဆောက်လုပ်ခဲ့တဲ့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၊ သုဝဏ္ဏ အဆင့်မြှင့်တင်ပြီးနောက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ လွှဲပြောင်းအပ်နှံခြင်း ပွဲအခမ်းအနားကို ယနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲရုံကို တရုတ်နိုင်ငံအစိုးရ ရန်ပုံငွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေးကို သင်္ကေတပြုနိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဆိုပါတယ်။

“အမျိုးသားအားကစားရုံရဲ့ အခန်းကဏ္ဍကို ပိုမိုပြည့်စုံစေဖို့ တရုတ်နိုင်ငံ အစိုးရက အားကစားရုံကို အခမဲ့ ပြုပြင်မွမ်းမံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နှစ်ဘက်လုံးရဲ့ ပူးပေါင်းကြိုးပမ်းမှုကြောင့် ယနေ့ စီမံကိန်းကို အောင်မြင်စွာ ပြီးဆုံးပြီး လွှဲပြောင်းအပ်နှံနိုင်ခဲ့တာ ဖြစ်ပါတယ်။”

လို့ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောပါတယ်။ ယင်အပြင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အားကစားနယ်ပယ်မှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ တရုတ်နိုင်ငံရဲ့ အားကစားဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ ပိုမိုမျှဝေဖို့၊

နှစ်နိုင်ငံအကြား အားကစားနယ်ပယ် ဖလှယ်မှုကို ယန္တရားစနစ်အဖြစ် အားကောင်းလာစေဖို့၊ လူငယ်အားကစားသမားများ အပြန်အလှန်ဖလှယ်ရေး စတဲ့ လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) ပြန်လည် ပြုပြင်မွမ်းမံခြင်း စီမံကိန်းကို ယွမ်သန်း ၂၂၀ အကုန်အကျခံကာ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်မှာ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

>>>>zawgyi<<<<

ဒီဇင္ဘာ၊ ၁၄

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရရန္ပုံေငြနဲ႔ ေဆာက္လုပ္ခဲ့တဲ့ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁) ၊ သုဝဏၰ အဆင့္ျမႇင့္တင္ၿပီးေနာက္ အားကစားႏွင့္လူငယ္ေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံထံ လႊဲေျပာင္းအပ္ႏွံျခင္း ပြဲအခမ္းအနားကို ယေန႔မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံကို တ႐ုတ္ႏိုင္ငံအစိုးရ ရန္ပုံေငြနဲ႔ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ေပါက္ေဖာ္ခ်စ္ၾကည္ေရးကို သေကၤတျပဳႏိုင္တဲ့ စီမံကိန္းတစ္ခုျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္က ဆိုပါတယ္။

“အမ်ိဳးသားအားကစား႐ုံရဲ႕ အခန္းက႑ကို ပိုမိုျပည့္စုံေစဖို႔ တ႐ုတ္ႏိုင္ငံ အစိုးရက အားကစား႐ုံကို အခမဲ့ ျပဳျပင္မြမ္းမံဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ႏွစ္ဘက္လုံးရဲ႕ ပူးေပါင္းႀကိဳးပမ္းမႈေၾကာင့္ ယေန႔ စီမံကိန္းကို ေအာင္ျမင္စြာ ၿပီးဆုံးၿပီး လႊဲေျပာင္းအပ္ႏွံႏိုင္ခဲ့တာ ျဖစ္ပါတယ္။”

လို႔ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္က ေျပာပါတယ္။ ယင္အျပင္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံအၾကား အားကစားနယ္ပယ္မွာ ပိုမိုနက္ရႈိင္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔၊ တ႐ုတ္ႏိုင္ငံရဲ႕ အားကစားဖြံ႕ၿဖိဳးတိုးတက္မႈ အေတြ႕အႀကဳံမ်ား ပိုမိုမွ်ေဝဖို႔၊

ႏွစ္ႏိုင္ငံအၾကား အားကစားနယ္ပယ္ ဖလွယ္မႈကို ယႏၲရားစနစ္အျဖစ္ အားေကာင္းလာေစဖို႔၊ လူငယ္အားကစားသမားမ်ား အျပန္အလွန္ဖလွယ္ေရး စတဲ့ လႈပ္ရွားမႈမ်ား ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အကူအညီနဲ႔ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰ အမ်ိဳးသား အားကစား ၿပိဳင္ပြဲ႐ုံ(၁) ျပန္လည္ ျပဳျပင္မြမ္းမံျခင္း စီမံကိန္းကို ယြမ္သန္း ၂၂၀ အကုန္အက်ခံကာ ၂၀၁၉ ခုႏွစ္ ဩဂုတ္လ ၁၁ ရက္မွာ စတင္ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*