လာမယ့် ဇန်နဝါရီလ ပထမပတ် မှစတင်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ ဖွင့်လှစ်သွားမည် ဟုသိရ

လာမယ့် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ ဖွင့်လှစ်သွားမည်ဟုသိရ

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို လာမယ့်၂ဝ၂၂ ခုနှစ် ဇန်နဝါရီလပထမပတ်လွတ်လပ်ရေးနေ့အပြီးတွင်စတင်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်အခြေအနေပေါ် မူတည်ပြီးတော့ ကောင်းတယ်ဆိုရင် ကောလိပ်တွေ၊တက္ကသိုလ် တွေကို လာမယ့် ဇန်နဝါရီလ ပထမပတ် လွတ်လပ်ရေးနေ့ ပြီးရင် ဖွင့်ဖို့ ရည်ရွယ်ထားတယ် လို့ နစကဥက္ကဋ္ဌက ပြောကြား လိုက်ပါတယ်။

လက်ရှိမှာ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များ၊ကောလိပ်များ၊ယဉ်ကျေးမှု တက္ကသိုလ်များ အပြင်လယ်ယာ စိုက်ပျိုးရေး၊သစ်တောရေးရာဝန်ကြီးဌာန၊မွေးမြူရေးဝန်ကြီး ဌာနလက်အောက်ရှိ တက္ကသိုလ်များ၊သံဃာ့တက္ကသိုလ် တို့ဖွင့်လှစ်ခွင့် ပြုထားခဲ့ပြီးဖြစ်တယ် လို့သိရပါတယ်။

ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး မှာ အခြေခံပညာကျောင်း တွေကို နိုဝင်ဘာလ(၁) ရက်ကစပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပြု ခဲ့ရာ ရာခိုင်နှုန်းအနေနဲ့ (၇၈) ရာခိုင်နှုန်းပြန်လည် ဖွင့်လှစ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

>>>>>zawgyi<<<<<<






Be the first to comment

Leave a Reply

Your email address will not be published.


*