KNUတပ်မဟာ၆ နယ်မြေလေးကေ့ကော်မြို့ အတွင်းမှ ၎င်းတို့ကို ထွက်ခွာခွင့်ပေးပါရန် စစ်ကောင်စီတပ်များက တောင်းဆို

ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ အပိုင် လေးကေ့ကော်မြို့အတွင်း ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များက မြို့အတွင်းမှ ၎င်းတို့ တပ်များကို ထွက်ခွာခွင့်ပေးပါရန် KNU သို့ တောင်းဆိုကြောင်း သတင်းများရရှိထားသည်။
ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အရာရှိ အပါအဝင် ၆ ဦး​ေ-ဆုံးပြီး ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကြောင်း၊ ယင်းနောက် လေးကေ့ကော်မြို့အတွင်း ဝင်ရောက် စီးနင်းခဲ့သော တပ်များ ပြန်မထွက်ရဘဲ
အိမ်များအတွင်း ဝင်ရောက် ပုန်းအောင်းခဲ့ကြကြောင်း၊ ယင်းနောက် တပ်များ မြို့အတွင်းမှ ပြန်လည် ထွက်ခွာခွင့်ပေးပါရန် KNU ဘက်သို့ ပန်ကြားလာကြောင်း၊ ၎င်းတို့၏ ​ေ-ဆုံးသွားသော စစ်သည်အ​-ာင်းများနှင့် ဒဏ်ရာရရှိသူများ ကို သယ်ဆောင်ရာတွင် လည်း အကူအညီပေးပါရန်
အကူအညီတောင်းခံမှုများရှိကြောင်း သိရှိရသည်။ “အခုတော့ နှစ်ဖက် ငြိမ်နေပါတယ်။ တိုက်ပွဲလည်းမဖြစ်တော့ပါဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်တာတွေ ရပ်သွားပြီ။ ဒါပေမယ့် အင်အားဖြည့်တယ်ဆိုတဲ့သတင်းတွေကြားနေရတာပဲ။
ကျနော်တို့ စစ်ရှောင်တွေကတော့ ရှောင်နေရတုန်းပဲ” ဟု လေးကေ့ကော်မြို့ မှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင်စစ်တပ်ဘက်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီး တိုက်ပွဲများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
>>>>zawgyi<<<<

ဒီဇင္ဘာ ၁၅






 

Be the first to comment

Leave a Reply

Your email address will not be published.


*