နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဝတ်စုံ ဝတ်ဆင်စေပြီး ရုံးထုတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ရုံးထုတ်မှာ ထောင်ဝတ်စုံ အဖြူရောင်အင်္ကျီနဲ့ အညိုရောင်လုံခြည်ကိုဝတ်ဆင်ထားတယ်လို့    တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်ကို  စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက တက္ကသိုလ်ရိပ်သားလမ်း နေအိမ်အနီး ပုရဝုဏ်အသုံးပြုမှုနဲ့ပတ်သက်တဲ့အမှုကို ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ထူးခြားချက်အနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထောင်ဝတ်စုံ အဖြူရောင်အင်္ကျီနဲ့ အညိုရောင်လုံခြည်ကို ဝတ်ဆင်ထားပြီး အမှုအတွဲခံထားရတဲ့ဒေါက်တာမျိုးအောင်ဟာ ထောင်ဝတ်စုံ အပြာရောင်ဝတ်ဆင်ထားပြီးတရားရုံးကို တက်ရောက်ခဲ့ပါတယ်။

ထောင်ဝတ်စုံတွေကို ထောင်အာဏာပိုင်တွေက ပေးပို့ပြီးဝတ်ဆင်စေခဲ့တာကြောင့် ခေါင်းဆောင်တွေဟာ ထောင်ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ဒီနေ့ရုံးချိန်းမှာ မန္တလေးတိုင်းတရားရုံးချုပ် တရားသူကြီး ဦးမြင့်စန်းက ဦးဆောင်စစ်ဆေးခဲ့ပြီး

တရားလိုပြသက်သေ ၂ ဦးက ထွက်ဆိုချက်တွေပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်အဂတိအမှုတွေကို စစ်ဆေးဖို့တရားရုံးက ခေတ္တဆိုင်းငံ့ထားပြီး ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။

အဲ့ဒီနေ့ကြရင် အမှုနံပတ် ၃နဲ့ ၄ ကို ဆက်လက်ကြားနာမယ်လို့ တရားရုံးက စီစဉ်ထားပါတယ်။ ဒီဇင်ဘာ ၆ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိတရားရုံးက ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက်

ထောင်ဒဏ် ၂နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပေမယ့် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ထောင်ဒဏ် ၄ နှစ်ကနေ ၂နှစ်ကို လျှော့ချပြီး သက်သာခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီနေ့အထိ အမှု ၁၃ မှုနဲ့တရားစွဲခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ၂ မှုကို ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။

………….

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ  ဒီကေန႔ ဒီဇင္ဘာ ၁၇ ရက္ ႐ုံးထုတ္မွာ ေထာင္ဝတ္စုံ အျဖဴေရာင္အက်ႌနဲ႔ အညိဳေရာင္လုံျခည္ကိုဝတ္ဆင္ထားတယ္လို႔    တရား႐ုံးနဲ႔နီးစပ္သူေတြဆီက သိရပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢၢိဳလ္ကို  စြဲဆိုထားတဲ့ အဂတိအမႈေတြထဲက တကၠသိုလ္ရိပ္သားလမ္း ေနအိမ္အနီး ပုရဝုဏ္အသုံးျပဳမႈနဲ႔ပတ္သက္တဲ့အမႈကို ဒီေန႔ ေနျပည္ေတာ္ ဇမၺဴသီရိအထူးတရား႐ုံးမွာ ဆက္လက္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ ထူးျခားခ်က္အေနနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ဟာ ေထာင္ဝတ္စုံ အျဖဴေရာင္အက်ႌနဲ႔ အညိဳေရာင္လုံျခည္ကို ဝတ္ဆင္ထားၿပီး အမႈအတြဲခံထားရတဲ့ေဒါက္တာမ်ိဳးေအာင္ဟာ ေထာင္ဝတ္စုံ အျပာေရာင္ဝတ္ဆင္ထားၿပီးတရား႐ုံးကို တက္ေရာက္ခဲ့ပါတယ္။

ေထာင္ဝတ္စုံေတြကို ေထာင္အာဏာပိုင္ေတြက ေပးပို႔ၿပီးဝတ္ဆင္ေစခဲ့တာေၾကာင့္ ေခါင္းေဆာင္ေတြဟာ ေထာင္ဝတ္စုံေတြကို ဝတ္ဆင္ခဲ့ရတာျဖစ္ပါတယ္။ဒီေန႔႐ုံးခ်ိန္းမွာ မႏၲေလးတိုင္းတရား႐ုံးခ်ဳပ္ တရားသူႀကီး ဦးျမင့္စန္းက ဦးေဆာင္စစ္ေဆးခဲ့ၿပီး

တရားလိုျပသက္ေသ ၂ ဦးက ထြက္ဆိုခ်က္ေတြေပးခဲ့တယ္လို႔ သိရပါတယ္။ က်န္အဂတိအမႈေတြကို စစ္ေဆးဖို႔တရား႐ုံးက ေခတၱဆိုင္းငံ့ထားၿပီး ၂၀၂၂ ဇန္နဝါရီ ၇ ရက္ေန႔မွာ ႐ုံးခ်ိန္းျပန္ေခၚထားပါတယ္။

အဲ့ဒီေန႔ၾကရင္ အမႈနံပတ္ ၃နဲ႔ ၄ ကို ဆက္လက္ၾကားနာမယ္လို႔ တရား႐ုံးက စီစဥ္ထားပါတယ္။ ဒီဇင္ဘာ ၆ ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ဇမၺဴသီရိတရား႐ုံးက ၅၀၅(ခ)အမႈအတြက္ ေထာင္ဒဏ္ ၂ ႏွစ္၊ သဘာဝေဘးပုဒ္မအတြက္

ေထာင္ဒဏ္ ၂ႏွစ္ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္ခဲ့ေပမယ့္ အဲ့ဒီေန႔ ညေနပိုင္းမွာပဲ ေထာင္ဒဏ္ ၄ ႏွစ္ကေန ၂ႏွစ္ကို ေလွ်ာ့ခ်ၿပီး သက္သာခြင့္ေပးတယ္လို႔ ေၾကညာခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္းကေန ဒီေန႔အထိ အမႈ ၁၃ မႈနဲ႔တရားစြဲခဲ့တာျဖစ္ၿပီး အဲ့ဒီအထဲက ၂ မႈကို ျပစ္ဒဏ္ခ်မွတ္ၿပီးျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*