နှစ်ပေါင်းများစွာကတည်းက ရောင်းချလာတဲ့ သစ်သီးဆိုင်တချို့ကတော့ ပြောင်းချင်တဲ့ဆန္ဒ မရှိပေမဲ့ ဘူဒိုဇာနဲ့ အထိုးခံရမှာကြောက်လို့

ပဲခူးတိုင်း၊ ပြည်မြို့မှာ အရင်က နှစ်ပေါင်းများစွာကြာအောင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှာ တည်ရှိလာခဲ့တဲ့ ညဈေးကို ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး ပြည်ကမ်းနားလမ်း၊ ဆင်ဆုရပ်ကွက်ဘက်ကို ရွှေ့ပြောင်းလိုက်ပါတယ်။

အဲဒီလို ရွှေ့လိုက်ရတာက မြို့လယ်ကောင်လမ်းဆုံ ယာဉ်ကြောကျပ်တာ သက်သာစေဖို့၊ ဌာနဆိုင်ရာ ရုံးရှေ့မျက်နှာစာတွေ ရှင်းလင်းစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာလို့ ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုလို ညဈေးကို ကမ်းနားမှာ ပြောင်းရွှေ့လိုက်တဲ့ အတွက် အမြဲတမ်း ဈေးပွဲတော်တခုပုံစံဖြစ်ပြီး ရှုခင်းကြည့်ရင်း၊ အပန်းဖြေရင်း စားနိုင်သောက်နိုင်အောင် စီစဥ်ထားတာလို့ ဆိုပါတယ်။

အဲဒီကမ်းနားလမ်းကို တနေကုန်ဖွင့်ထားပြီး  ညနေ ၄ နာရီကနေ ည ၉ နာရီအထိ လမ်းပိတ်ထားကာ ညဈေးခင်းမှာဖြစ်ပြီး ကားနဲ့ ဆိုင်ကယ်တွေအတွက် ရပ်နားစခန်းတခု ပြုလုပ်ပေးထားပါတယ်။

အခွန်အခအနေနဲ့ ထပ်မံကောက်ခံခြင်းမရှိဘဲ အရင် ညဈေးဟောင်းမှာ ပေးဆောင်ရတဲ့ ဈေးကောက်ပဲ ပေးရမှာဖြစ်ကာ အမိုးမရှိတဲ့သူတွေအတွက်သာ အမိုးငှားခ ပေးရမှာဖြစ်ပါတယ်။

သစ်သီးတန်း၊ အစားအသောက်တန်းကို ခွဲပေးထားပြီး အကြော်ဆိုင်တွေကိုတော့ လမ်းအောက်ဘက် မြေဖို့ထားတဲ့နေရာမှာ စီစဥ်ထားတယ်လို့ သိရပါတယ်။အရင်နှစ်ပေါင်းများစွာကတည်းက ရောင်းချလာတဲ့ သစ်သီးဆိုင်တချို့ကတော့

ပြောင်းချင်တဲ့ဆန္ဒ မရှိပေမဲ့ ဘူဒိုဇာနဲ့ အထိုးခံရမှာကြောက်လို့ ရွှေ့ပြောင်းပေးလိုက်ရတာလို့ သိရပါတယ်။ နေရာသစ်က ကောင်းတယ်ဆိုပေမဲ့ ဆိုင်ကို အကုန်အသစ်ပြန်လုပ်ရမှာ၊ ရွှေ့ပြောင်းရမှာတွေကတော့ အဆင်မပြေဘူးလို့  ဈေးသည်တွေက ပြောပါတယ်။

ပြည်မြို့ခံ စားသုံးသူတယောက်ကတော့ “လက်ရှိ စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် သူတို့ လုပ်တဲ့ ဘယ်အရာကိုမှ အားမပေးနိုင်ဘူး၊ သဘောမတူဘူး ဒါကြောင့် လုံး၀ အဲဒီနေရာကို သွားဖို့ မလိုဘူး”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အခု ညဈေးနေရာရွှေ့ပေးလိုက်တာနဲ့ အသစ်လာထွက်သူ စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး၊ ကမ်းနားလမ်းကိုလည်း ကျောက်စီနံရံပြုလုပ်ထားကာ အဲဒီအထဲမှာ အရင်ကနေထိုင်ကြတဲ့ ကျူးကျော်တွေကိုလည်း နေရာတခုမှာ မြေနေရာပေးပြီး ရွှေ့ပြောင်းပေးထားပါတယ်။

 

>>>>zawgyi<<<<

 

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕မွာ အရင္က ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဗိုလ္ခ်ဳပ္ျမင္းစီးေက်ာက္႐ုပ္အနီးမွာ တည္ရွိလာခဲ့တဲ့ ညေဈးကို ဒီဇင္ဘာ ၁၇ ရက္ေန႔ကစၿပီး ျပည္ကမ္းနားလမ္း၊ ဆင္ဆုရပ္ကြက္ဘက္ကို ေ႐ႊ႕ေျပာင္းလိုက္ပါတယ္။

အဲဒီလို ေ႐ႊ႕လိုက္ရတာက ၿမိဳ႕လယ္ေကာင္လမ္းဆုံ ယာဥ္ေၾကာက်ပ္တာ သက္သာေစဖို႔၊ ဌာနဆိုင္ရာ ႐ုံးေရွ႕မ်က္ႏွာစာေတြ ရွင္းလင္းေစဖို႔အတြက္ ရည္႐ြယ္ၿပီး ျပဳလုပ္တာလို႔ ျပည္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးကိုကိုဦးက ဒီဗြီဘီကို ေျပာပါတယ္။

အခုလို ညေဈးကို ကမ္းနားမွာ ေျပာင္းေ႐ႊ႕လိုက္တဲ့ အတြက္ အၿမဲတမ္း ေဈးပြဲေတာ္တခုပုံစံျဖစ္ၿပီး ရႈခင္းၾကည့္ရင္း၊ အပန္းေျဖရင္း စားႏိုင္ေသာက္ႏိုင္ေအာင္ စီစဥ္ထားတာလို႔ ဆိုပါတယ္။

အဲဒီကမ္းနားလမ္းကို တေနကုန္ဖြင့္ထားၿပီး  ညေန ၄ နာရီကေန ည ၉ နာရီအထိ လမ္းပိတ္ထားကာ ညေဈးခင္းမွာျဖစ္ၿပီး ကားနဲ႔ ဆိုင္ကယ္ေတြအတြက္ ရပ္နားစခန္းတခု ျပဳလုပ္ေပးထားပါတယ္။

အခြန္အခအေနနဲ႔ ထပ္မံေကာက္ခံျခင္းမရွိဘဲ အရင္ ညေဈးေဟာင္းမွာ ေပးေဆာင္ရတဲ့ ေဈးေကာက္ပဲ ေပးရမွာျဖစ္ကာ အမိုးမရွိတဲ့သူေတြအတြက္သာ အမိုးငွားခ ေပးရမွာျဖစ္ပါတယ္။

သစ္သီးတန္း၊ အစားအေသာက္တန္းကို ခြဲေပးထားၿပီး အေၾကာ္ဆိုင္ေတြကိုေတာ့ လမ္းေအာက္ဘက္ ေျမဖို႔ထားတဲ့ေနရာမွာ စီစဥ္ထားတယ္လို႔ သိရပါတယ္။အရင္ႏွစ္ေပါင္းမ်ားစြာကတည္းက ေရာင္းခ်လာတဲ့ သစ္သီးဆိုင္တခ်ိဳ႕ကေတာ့

ေျပာင္းခ်င္တဲ့ဆႏၵ မရွိေပမဲ့ ဘူဒိုဇာနဲ႔ အထိုးခံရမွာေၾကာက္လို႔ ေ႐ႊ႕ေျပာင္းေပးလိုက္ရတာလို႔ သိရပါတယ္။ ေနရာသစ္က ေကာင္းတယ္ဆိုေပမဲ့ ဆိုင္ကို အကုန္အသစ္ျပန္လုပ္ရမွာ၊ ေ႐ႊ႕ေျပာင္းရမွာေတြကေတာ့ အဆင္မေျပဘူးလို႔  ေဈးသည္ေတြက ေျပာပါတယ္။

ျပည္ၿမိဳ႕ခံ စားသုံးသူတေယာက္ကေတာ့ “လက္ရွိ စစ္အာဏာသိမ္းတာကို လက္မခံႏိုင္တာေၾကာင့္ သူတို႔ လုပ္တဲ့ ဘယ္အရာကိုမွ အားမေပးႏိုင္ဘူး၊ သေဘာမတူဘူး ဒါေၾကာင့္ လုံး၀ အဲဒီေနရာကို သြားဖို႔ မလိုဘူး”လို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

အခု ညေဈးေနရာေ႐ႊ႕ေပးလိုက္တာနဲ႔ အသစ္လာထြက္သူ စုစုေပါင္း ဆိုင္ခန္းေပါင္း ၁၀၀ ေက်ာ္ရွိၿပီး၊ ကမ္းနားလမ္းကိုလည္း ေက်ာက္စီနံရံျပဳလုပ္ထားကာ အဲဒီအထဲမွာ အရင္ကေနထိုင္ၾကတဲ့ က်ဴးေက်ာ္ေတြကိုလည္း ေနရာတခုမွာ ေျမေနရာေပးၿပီး ေ႐ႊ႕ေျပာင္းေပးထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*