သောကြာ နေ့ ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းတာကြောင့် မလေးရှား မှာရေကြီး

ကွာလာလန်ပူ ၊ ဒီဇင်ဘာ ၁၉

မလေးရှား နိုင်ငံ ဆလန်းဂေါ နဲ့ ကလန်းဗယ်လီ အပါအဝင်ပြည်နယ်အတော်များများမှာ သောကြာ နေ့ကတည်း က မိုးသည်းထန်စွာအ ဆက်မပြတ် ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး အဲဒီဒေသတွေမှာရှိတဲ့ ဈေးဝယ်စင်တာကြီး တွေအားလုံးကို ပိတ်ထားလိုက်ရပါတယ်။

2.jpg

အဲဒီဒေသမှာ ရှိတဲ့ ဈေးဝယ်စင်တာကြီးတစ်ခု မှာ ရေကြီးနေပုံကို ငွေသိမ်းကောင်တာ ကဝန်ထမ်း တစ်ဦးက ဗီဒီယိုရိုက် ပြီး လူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ ပြီးတဲ့ နောက်ဒေသတွင်းက သူတို့ရဲ့ ဈေးဝယ်စင်တာ အားလုံးကို ပိတ် ထား လိုက်တာဖြစ်ပါတယ်။

မလေးရှား နိုင်ငံ ရဲ့ပြည်နယ် ငါးခုထက်မနည်းမှာရေကြီးရေလျှံမှုတွေနဲ့ကြုံနေရပြီး လူပေါင်း ၃၀၈၆ ဦးကိုဘေး ကင်း ရာသို့ရွှေ့ပြောင်းခဲ့ရပါတယ်။

3.jpg

ရေဘေးဒဏ်ခံရတဲ့ ပြည်နယ်တွေမှာ ဆလန်းဂေါ ၊ မီလာကာ ၊ကီလန်တန် ၊ တီရန်ဂါနု နဲ့ ပါဟန်း ပြည်နယ်တွေ ပါဝင်တယ်လို့ မလေးရှား မီးသတ် နဲ့ ကယ်ဆယ်ရေး အကြီးအကဲ ဟစ်ဟမ် မိုဟာမက် ကပြောပါတယ်။

ရေကြီးရေလျှံမှု တွေအတွင်း သေဆုံးသူ နှစ်ဦးရှိပြီး ပါဟန်း ပြည်နယ်က တစ်ဦး နဲ့ တီရန်ဂါနု ကတစ်ဦးသေဆုံး တယ်လို့သိရပါတယ်။

4.jpg

အထူးသဖြင့် မြေနိမ့်ပိုင်း ဒေသ တွေမှာနေထိုင် သူတွေ အနေနဲ့ စာရွက်စာတမ်း တွေကို အဆင်သင့်ပြင်ထားပြီး ဘေးကင်းရာကိုရွှေ့ပြောင်းကြဖို့ ဟစ်ဟမ် မိုဟာ မက် ကသတိပေးပြီး လာမယ့် ၂၄ နာရီ အတွင်း အရေးကြီးအ ခြေအနေနဲ့ကြုံတွေ့ရနိုင်တယ်လို့ပြောပါတယ်။

ကလန်း ဒေသက အလုပ်သမား ဒါဇင်ပေါင်းများစွာဟာ လမ်းတွေ သွားလာမရတော့တဲ့အခြေအနေကြောင့် ကား တွေထဲမှာ သူတို့ရဲ့အလုပ်နေရာတွေမှာ ညအိပ် ခဲ့ရတယ်လို့ဆိုပါတယ်။

5.jpg

အပူပိုင်း လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် မလေးရှား အနောက်ဖက်ကမ်းရိုးတန်း နဲ့ မာလက်ကာရေလက် ကြား မှာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ဆက်ပြီး ရွာသွန်းဦးမယ်လို့ မလေးရှား မိုးလေဝသ ဌာန ကသတိပေးထားပြီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*