ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူ ထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ

ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ ဟုသိရ

သရုပ်ဆောင်ဖူးပွင့်သခင် ရဲ့အိမ်ရှိပရိဘောဂ ပစ္စည်းများကို အိမ်အကူလင်မယား က ခိုးယူသွားတဲ့အပြင် နေအိမ် အိပ်ခန်း၊ သေတ္တာများပါ ဖောက်ထွင်းခံခဲ့ရကြောင်း ဒီဇင်ဘာလ(၂၁) ရက်၊ ည(၁ဝ) နာရီဝန်းကျင်ခန့်က

သူမ ကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘွတ်စ်အကောင့် မှ Live လွှင့်ကာ အကူအညီတောင်းခံရင် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ ပါတယ်။ ဖူးပွင့်သခင်တို့သားအမိဟာ ဒီဇင်ဘာလ(၁၇) ရက်မှ (၂ဝ) ရက်အထိ အလုပ်ကိစ္စနဲ့ အရေးကြီးခရီးတစ်ခုကို သွား ခဲ့ကြတာဖြစ်ပြီး

အဆိုပါ အိမ်အကူအမျိုးသမီးဟာလည်း ၎င်းတို့ရဲ့နေအိမ်မှာ မွေးစားသမီးသဖွယ် နှစ်ကာလရှည် အတူတူ နေထိုင်ခဲ့သူ ဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ နဲ့ ခရီးသွားစဉ် အိမ်စောင့်အဖြစ် ထားခဲ့မိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့မှာတော့ သရုပ်ဆောင် ဖူးပွင့်သခင်အိမ်တွင် နေစရာမရှိလို့ သနားပြီး အိမ်အကူခေါ်ထားမိရာက အိမ်တွင်းပစ္စည်းတွေ တစ်ခုမကျန် ခိုးယူထွက်ပြေးသွားသော လင်မယားနှစ်ယောက်အား ထန်းတစ်ပင်မြို့နယ်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။
>>>>> zawgyi <<<<<






Be the first to comment

Leave a Reply

Your email address will not be published.


*