ကိုဗစ်-၁၉ ကာကွယ်ဆေး (RTF Bulk) Doses မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့အတွက် တရုတ်နိုင်ငံနဲ့ သဘောတူလက်မှတ်ရေးထိုး

ဒီဇင်ဘာ၊ ၂၃

Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (RTF Bulk) Doses  မြန်မာနိုင်ငံမှာ ဝယ်ယူထုတ်လုပ်ဖို့အတွက် တရုတ်နိုင်ငံနဲ့ သဘောတူလက်မှတ်ရေးထိုးပွဲကို  ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်။

“၂၀၂၁ ခုနှစ်၊ ဇူလိုင်လကစပြီး တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ဖို့အတွက် စတင်ဆွေးနွေးခဲ့ရာက Ready To Fill Bulk များ ဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့အထိ

ကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ပါတယ်။”လို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းအချက်အလက်များအရ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အာနိသင်ထက်မြက်တာကို သိရှိရတာကြောင့် Sinopharm CNBG မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို

Ready to Fill Bulk အနေနဲ့ ဝယ်ယူဖို့ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ “Sinopharm CNBG က ထုတ်လုပ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်းက

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပထမအဆင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားချိန်မှာ တရုတ်နိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေးပစ္စည်းများကို အများဆုံး ထောက်ပံ့ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ထိုးနှံ့ခဲ့တဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး အများစုက တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ ဆေးများဖြစ်ပြီး

ယခု RTF Bulk များ ဝယ်ယူရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းက မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်‌ရေး လုပ်ငန်းတွေမှာ များစွာ အထောက်အကူဖြစ်မှာ ဖြစ်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားပါတယ်။

Sinopharm CMBG ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ ဆေးနဲ့ဆေးပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ကုသရေးလုပ်ငန်းများနဲ့ စက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အာရှ၌ ဒုတိယအဆင့်မှာ ရှိတယ်လို့ သိရပါတယ်။

ယင်းအပြင် အဆိုပါ ကုမ္ပဏီမှထုတ်လုပ်တဲ့ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ် အသုံးပြုရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

 

>>>>> zawgyi <<<<<

 

ဒီဇင္ဘာ၊ ၂၃

Sinopharm ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး (RTF Bulk) Doses  ျမန္မာႏိုင္ငံမွာ ဝယ္ယူထုတ္လုပ္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံနဲ႔ သေဘာတူလက္မွတ္ေရးထိုးပြဲကို  ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တယ္။

“၂၀၂၁ ခုႏွစ္၊ ဇူလိုင္လကစၿပီး တ႐ုတ္ႏိုင္ငံမွ ထုတ္လုပ္တဲ့ Sinopharm ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးေတြကို ျမန္မာႏိုင္ငံမွာ ထုတ္လုပ္ႏိုင္ဖို႔အတြက္ စတင္ေဆြးေႏြးခဲ့ရာက Ready To Fill Bulk မ်ား ဝယ္ယူေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္တဲ့အထိ

ကူညီေဆာင္႐ြက္ေပးမႈအေပၚ ေက်းဇူးတင္ပါတယ္။”လို႔ ကိုဗစ္-၁၉ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္ေရး ႀကီးၾကပ္မႈဗဟိုေကာ္မတီ ဥကၠ႒၊ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနမွ သတင္းအခ်က္အလက္မ်ားအရ Sinopharm ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမွာ ေဘးထြက္ဆိုးက်ိဳးနည္းပါးၿပီး အာနိသင္ထက္ျမက္တာကို သိရွိရတာေၾကာင့္ Sinopharm CNBG မွ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ားကို

Ready to Fill Bulk အေနနဲ႔ ဝယ္ယူဖို႔ ထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တာ ျဖစ္တယ္လို႔ ၎က ဆိုပါတယ္။ “Sinopharm CNBG က ထုတ္လုပ္တဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆးေတြကို ျမန္မာႏိုင္ငံမွာ ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ျခင္းက

ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔ရဲ႕ ပထမအဆင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း ျဖစ္ပါတယ္။”လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ တတိယလႈိင္းျဖစ္ပြားခ်ိန္မွာ တ႐ုတ္ႏိုင္ငံက ကိုဗစ္ေရာဂါ ကာကြယ္ေဆးပစၥည္းမ်ားကို အမ်ားဆုံး ေထာက္ပံ့ေပးခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံမွာ ထိုးႏွံ႔ခဲ့တဲ့ ကိုဗစ္ေရာဂါကာကြယ္ေဆး အမ်ားစုက တ႐ုတ္ႏိုင္ငံမွ ထုတ္လုပ္တဲ့ ေဆးမ်ားျဖစ္ၿပီး

ယခု RTF Bulk မ်ား ဝယ္ယူေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုျခင္းက ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္‌ေရး လုပ္ငန္းေတြမွာ မ်ားစြာ အေထာက္အကူျဖစ္မွာ ျဖစ္တယ္လို႔ ၎က ထပ္ေလာင္း ေျပာၾကားပါတယ္။

Sinopharm CMBG ကုမၸဏီဟာ တ႐ုတ္ႏိုင္ငံမွာ ေဆးနဲ႔ေဆးပစၥည္း ထုတ္လုပ္တဲ့လုပ္ငန္း၊ ကုသေရးလုပ္ငန္းမ်ားနဲ႔ စက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိၿပီး ေဆးဝါးထုတ္လုပ္တဲ့ လုပ္ငန္းေတြမွာ အာရွ၌ ဒုတိယအဆင့္မွာ ရွိတယ္လို႔ သိရပါတယ္။

ယင္းအျပင္ အဆိုပါ ကုမၸဏီမွထုတ္လုပ္တဲ့ Sinopharm ကိုဗစ္ေရာဂါ ကာကြယ္ေဆးမ်ားကို ကမာၻ႔က်န္းမာေရးအဖြဲ႕က အေရးေပၚ အသုံးျပဳရန္ ခြင့္ျပဳခ်က္ရရွိၿပီး ျဖစ္တယ္လို႔လည္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*