ပြည်ထောင်စုနေ့ အခမ်းအနား၌ ကပြရန် ချင်းပြည်နယ် ကိုယ်စားပြုအကအဖွဲ့တွင် ရခိုင်လူမျိုးများ မပါဝင်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

၇၅ နှစ်မြှောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ကပြရန် ချင်းပြည်နယ်မှ ကိုယ်စားပြုအကအဖွဲ့တွင် ရခိုင်လူမျိုးများ မပါဝင်တော့ကြောင်း   ချင်းပြည်နယ် ကောင်စီမှ သိရပါတယ်။

နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ချင်းပြည်နယ်မှ ကိုယ်စားပြုကပြရန်အတွက် ပလက်ဝမြို့နယ်ရှိယဉ်ကျေးမှုအကအဖွဲ့ကို ပြည်နယ်ကောင်စီက တာဝန်ပေးလိုက်သောကြောင့် ရခိုင်လူမျိုး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊

မရမ်လူမျိုး ၂ ဦး၊ လေးမြို့ချင်း ၂ ဦး၊ မြိုလူမျိုး ၂ ဦး ကပြရန် ရွေးချယ်ခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများမှာ မပါဝင်တော့ကြောင်း ချင်းပြည်နယ်ကောင်စီမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ဆိုသည်။

“လက်ရှိကတော့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နယ်မြေအခြေအနေအရရော၊ အထက်တန်းစာမေးပွဲများ နီးကပ်နေပြီ ဆိုတာရောကြောင့် ကပြရေးပွဲမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိနိုင်ကြောင်း ပြည်နယ်အစိုးရကို တင်ပြလာပါတယ်။

ဒါကိုလည်း ပြည်နယ်အစိုးရက နားလည်ခွင့်လွတ်ပေးလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ ပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြရေးနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှလည်းကောင်း၊

တိုင်းရင်းသားရေးရာ ဝန်ကြီး(ရခိုင်) တို့မှလည်းကောင်း အမိန့်အာဏာဖြင့် ပြောဆိုခြင်း၊ အမိန့်ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

“ခူမီးလူမျိုးတွေက မကလို့  ရခိုင်တိုင်းရင်းသူတွေကို အစားထိုးပြီး ကခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ မဖြစ်မနေ ကရမယ်လို့ အမိန့်ထုတ်ပြန်တာလည်း မရှိပါဘူး။ အားလုံးပါဝင်စေချင်လို့ ယဉ်ကျေးမှု ကော်မတီတွေနဲ့ ညှိနှိုင်းပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်” ဟု

ဦးစိန်ထွန်းလှက ဆိုသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ခူမီး(ချင်း)၊ ရခိုင်၊ မရမ်၊ လေးမြို့(ချင်း)၊ မြို၊ အနူး၊ ခေါင်စို တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြပြီး ပြည်ထောင်စုနေ့တွင် ပြည်နယ်ကိုယ်စားပြု ကပြရန်အတွက်

မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ခူမီးယဉ်ကျေးမှု ကော်မတီ၊ ရခိုင်ယဉ်ကျေးမှု ကော်မတီတို့နှင့် ညှိနှိုင်းပြီး ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

><><><>< zawgyi ><><><><

 

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၆

၇၅ ႏွစ္ေျမႇာက္ ျပည္ေထာင္စုေန႔အခမ္းအနား၌ ကျပရန္ ခ်င္းျပည္နယ္မွ ကိုယ္စားျပဳအကအဖြဲ႕တြင္ ရခိုင္လူမ်ိဳးမ်ား မပါဝင္ေတာ့ေၾကာင္း   ခ်င္းျပည္နယ္ ေကာင္စီမွ သိရပါတယ္။

ေနျပည္ေတာ္တြင္ က်င္းပမည့္ ျပည္ေထာင္စုေန႔အခမ္းအနားတြင္ ခ်င္းျပည္နယ္မွ ကိုယ္စားျပဳကျပရန္အတြက္ ပလက္ဝၿမိဳ႕နယ္ရွိယဥ္ေက်းမႈအကအဖြဲ႕ကို ျပည္နယ္ေကာင္စီက တာဝန္ေပးလိုက္ေသာေၾကာင့္ ရခိုင္လူမ်ိဳး အမ်ိဳးသား ၂ ဦး၊ အမ်ိဳးသမီး ၂ ဦး၊

မရမ္လူမ်ိဳး ၂ ဦး၊ ေလးၿမိဳ႕ခ်င္း ၂ ဦး၊ ၿမိဳလူမ်ိဳး ၂ ဦး ကျပရန္ ေ႐ြးခ်ယ္ခဲ့ေသာ္လည္း ရခိုင္တိုင္းရင္းသားမ်ားမွာ မပါဝင္ေတာ့ေၾကာင္း ခ်င္းျပည္နယ္ေကာင္စီမွ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိန္ထြန္းလွက ဆိုသည္။

“လက္ရွိကေတာ့ ရခိုင္တိုင္းရင္းသားေတြအေနနဲ႔ နယ္ေျမအေျခအေနအရေရာ၊ အထက္တန္းစာေမးပြဲမ်ား နီးကပ္ေနၿပီ ဆိုတာေရာေၾကာင့္ ကျပေရးပြဲမွာ ပူးေပါင္းပါဝင္ေဆာင္႐ြက္မႈ မရွိႏိုင္ေၾကာင္း ျပည္နယ္အစိုးရကို တင္ျပလာပါတယ္။

ဒါကိုလည္း ျပည္နယ္အစိုးရက နားလည္ခြင့္လြတ္ေပးလိုက္ပါတယ္” ဟု ၎က ေျပာသည္။ ျပည္ေထာင္စုေန႔အခမ္းအနားတြင္ ကျပေရးႏွင့္ ပတ္သက္ၿပီး ခ်င္းျပည္နယ္အစိုးရအေနျဖင့္ လည္းေကာင္း၊ ျပည္ေထာင္စုအဆင့္မွလည္းေကာင္း၊

တိုင္းရင္းသားေရးရာ ဝန္ႀကီး(ရခိုင္) တို႔မွလည္းေကာင္း အမိန႔္အာဏာျဖင့္ ေျပာဆိုျခင္း၊ အမိန႔္ထုတ္ျပန္ျခင္း၊ ၫႊန္ၾကားခ်က္တစ္စုံတစ္ရာ ထုတ္ျပန္ျခင္း မျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ခူမီးလူမ်ိဳးေတြက မကလို႔  ရခိုင္တိုင္းရင္းသူေတြကို အစားထိုးၿပီး ကခိုင္းတယ္ဆိုတာ မဟုတ္ပါဘူး။ မျဖစ္မေန ကရမယ္လို႔ အမိန႔္ထုတ္ျပန္တာလည္း မရွိပါဘူး။ အားလုံးပါဝင္ေစခ်င္လို႔ ယဥ္ေက်းမႈ ေကာ္မတီေတြနဲ႔ ညႇိႏႈိင္းၿပီး ဆုံးျဖတ္တာ ျဖစ္ပါတယ္” ဟု

ဦးစိန္ထြန္းလွက ဆိုသည္။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕တြင္ ခူမီး(ခ်င္း)၊ ရခိုင္၊ မရမ္၊ ေလးၿမိဳ႕(ခ်င္း)၊ ၿမိဳ၊ အႏူး၊ ေခါင္စို တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ ေနထိုင္ၾကၿပီး ျပည္ေထာင္စုေန႔တြင္ ျပည္နယ္ကိုယ္စားျပဳ ကျပရန္အတြက္

ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၊ ခူမီးယဥ္ေက်းမႈ ေကာ္မတီ၊ ရခိုင္ယဥ္ေက်းမႈ ေကာ္မတီတို႔ႏွင့္ ညႇိႏႈိင္းၿပီး ဖိတ္ေခၚေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*