ထောင်ဒဏ်ချမှတ်ခံရပြီး ၁ ရက်အကြာမှာ ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ မော်ဒယ် ပိုင်တံခွန်

ဒီဇင်ဘာ ၂၈

ထောင်ဒဏ်ချမှတ်ခံရပြီး ၁ ရက်အကြာမှာ ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသားအဖြစ်ရွေးချယ်ခံရတဲ့ မော်ဒယ် ပိုင်တံခွန်

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ ထောင်ဒဏ်သုံးနှစ်ချခံရပြီး တစ်ရက်အကြာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲကမ္ဘာ့အချောဆုံးအမျိုးသားအယောက် ၁၀၀ ရဲ့ နံပါတ် ၁ နေရာကနေ ရွေးချယ်ဖော်ပြခံလိုက်ရပါတယ်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးကနေ ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင်တွေကို စာရင်းပြုလုပ်ပေးနေတဲ့ TC Candlerယူကျု့ချန်နယ်ကတော့ ၂၀၂၁ ခုနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင်အဖြစ် မြန်မာမော်ဒယ်ပိုင်တံခွန်ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ပိုင်တံခွန်ကပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်းကမ္ဘာ့အချောဆုံးအမျိုးသားအယောက် ၁၀၀ ထဲက နံပါတ် ၁၀ နေရာကနေ ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။

နိုင်ငံပေါင်း ၄၀ ကျော်ကကျော်ကြားသူတွေ၊အနုပညာရှင်တွေနဲ့ အားကစားသမားတွေထဲကနေ ရွေးချယ်ခဲ့တဲ့ဒီအစီအစဉ်ဟာ ဆိုရှယ်မီဒီယာပေါ်ကမှတ်ချက်တွေ၊ Like and Share လုပ်မှုတွေ၊ ပရိသတ်များပြားမှုတွေ၊

ကမ္ဘာအနှံ့အပြားကရေးသားခဲ့တဲ့သတင်းဆောင်းပါးတွေ၊ အင်တာနက်မှာ ရှာဖွေခဲ့မှုတွေအပေါ် အခြေခံပြီးရလဒ်ထုတ်ခဲ့တာပါ။၂၀၂၁ ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးမျက်နှာပိုင်ရှင်စာရင်းမှာ နံပတ် ၁၀ အဖြစ် ရှိနေသူကတော့

Aquaman ဇာတ်ကားရဲ့ မင်းသား ဂျေဆွန် မိုမိုအာ ၊ နံပတ် ၉ နေရာမှာ ဆွီဒင် Youtuber တစ်ယောက်ဖြစ်တဲ့ ဖိလစ် ဂျဲဘတ် နံပတ် ၈ နေရာမှာ တိရစ္ဆာထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေနဲ့ နာမည်ကြီးနေတဲ့ ဆွစ်ဇာလန်နိုင်ငံသား ဒင်းန် ရှနိုက်ဒါ ၊

နံပတ် ၇ နေရာမှာ Emily in Paris Season 2 မှာ ပါဝင်ခဲ့တဲ့ မင်းသား လူစီယန် လာဗစ်ကောင့် ၊ နံပတ် ၆ နေရာမှာ ဟင်နရီ ကာဗေးလ် ၊ နံပတ် ၅ နေရာမှာ BTS အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ ဂျောင်ကွတ်ခ်

နံပတ် ၄ နေရာမှာအမေရိကန်မင်းသား တီမိုသီ ချာလာမက်၊ နံပတ် ၃ နေရာမှာ BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ V ၊ နံပတ် ၂ နေရာမှာဟောလိဝုဒ်သရုပ်ဆောင် ခရစ်ဟမ်းစ်ဝါ့သ်၊ နံပတ် ၁ နေရာမှာတော့ မြန်မာမော်ဒယ် ပိုင်တံခွန် တို့ရပ်တည်ခဲ့ကြတာပါ။

အခုလို ကမ္ဘာ့ရုပ်အချောဆုံးအမျိုးသားအဖြစ်သတ်မှတ်ခံထားရတဲ့ ပိုင်တံခွန်ကို မနေ့က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ SAC ဟာပုဒ်မ၅၀၅-ကအရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရပြီး လက်ရှိမှာအင်းစိန်အကျဥ်းထောင်မှာထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ဟာဖေဖော်ဝါရီ ၁ ရက်နေ့ကစကာ SACအာဏာရယူတာကိုဆန့်ကျင်ပြီး ပြည်သူတွေနဲ့ အတူရပ်တည်ကာဆန္ဒထုတ်ဖော်ခဲ့သူဖြစ်ပြီး ဧပြီလအတွင်းသူရဲ့နေအိမ်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

 

 

 

ဒီဇင္ဘာ ၂၈

ေထာင္ဒဏ္ခ်မွတ္ခံရၿပီး ၁ ရက္အၾကာမွာ ကမာၻ႔႐ုပ္အေခ်ာဆုံး အမ်ိဳးသားအျဖစ္ေ႐ြးခ်ယ္ခံရတဲ့ ေမာ္ဒယ္ ပိုင္တံခြန္

ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ ေထာင္ဒဏ္သုံးႏွစ္ခ်ခံရၿပီး တစ္ရက္အၾကာ ဒီကေန႔ ဒီဇင္ဘာ ၂၈ ရက္ေန႔မွာပဲကမာၻ႔အေခ်ာဆုံးအမ်ိဳးသားအေယာက္ ၁၀၀ ရဲ႕ နံပါတ္ ၁ ေနရာကေန ေ႐ြးခ်ယ္ေဖာ္ျပခံလိုက္ရပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ကမာၻ႔ႏိုင္ငံအသီးသီးကေန ဆြဲေဆာင္မႈအရွိဆုံး မ်က္ႏွာပိုင္ရွင္ေတြကို စာရင္းျပဳလုပ္ေပးေနတဲ့ TC Candlerယူက်ဳ႕ခ်န္နယ္ကေတာ့ ၂၀၂၁ ခုႏွစ္အတြက္ ဆြဲေဆာင္မႈအရွိဆုံး မ်က္ႏွာပိုင္ရွင္အျဖစ္ ျမန္မာေမာ္ဒယ္ပိုင္တံခြန္ကို ေ႐ြးခ်ယ္လိုက္တာျဖစ္ပါတယ္။

ပိုင္တံခြန္ကၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္တုန္းကလည္းကမာၻ႔အေခ်ာဆုံးအမ်ိဳးသားအေယာက္ ၁၀၀ ထဲက နံပါတ္ ၁၀ ေနရာကေန ေဖာ္ျပျခင္းခံခဲ့ရပါေသးတယ္။

ႏိုင္ငံေပါင္း ၄၀ ေက်ာ္ကေက်ာ္ၾကားသူေတြ၊အႏုပညာရွင္ေတြနဲ႔ အားကစားသမားေတြထဲကေန ေ႐ြးခ်ယ္ခဲ့တဲ့ဒီအစီအစဥ္ဟာ ဆိုရွယ္မီဒီယာေပၚကမွတ္ခ်က္ေတြ၊ Like and Share လုပ္မႈေတြ၊ ပရိသတ္မ်ားျပားမႈေတြ၊

ကမာၻအႏွံ႔အျပားကေရးသားခဲ့တဲ့သတင္းေဆာင္းပါးေတြ၊ အင္တာနက္မွာ ရွာေဖြခဲ့မႈေတြအေပၚ အေျခခံၿပီးရလဒ္ထုတ္ခဲ့တာပါ။၂၀၂၁ ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံးမ်က္ႏွာပိုင္ရွင္စာရင္းမွာ နံပတ္ ၁၀ အျဖစ္ ရွိေနသူကေတာ့

Aquaman ဇာတ္ကားရဲ႕ မင္းသား ေဂ်ဆြန္ မိုမိုအာ ၊ နံပတ္ ၉ ေနရာမွာ ဆြီဒင္ Youtuber တစ္ေယာက္ျဖစ္တဲ့ ဖိလစ္ ဂ်ဲဘတ္ နံပတ္ ၈ ေနရာမွာ တိရစာၦထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ငန္းေတြနဲ႔ နာမည္ႀကီးေနတဲ့ ဆြစ္ဇာလန္ႏိုင္ငံသား ဒင္းန္ ရွႏိုက္ဒါ ၊

နံပတ္ ၇ ေနရာမွာ Emily in Paris Season 2 မွာ ပါဝင္ခဲ့တဲ့ မင္းသား လူစီယန္ လာဗစ္ေကာင့္ ၊ နံပတ္ ၆ ေနရာမွာ ဟင္နရီ ကာေဗးလ္ ၊ နံပတ္ ၅ ေနရာမွာ BTS အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္တဲ့ ေဂ်ာင္ကြတ္ခ္

နံပတ္ ၄ ေနရာမွာအေမရိကန္မင္းသား တီမိုသီ ခ်ာလာမက္၊ နံပတ္ ၃ ေနရာမွာ BTS အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ V ၊ နံပတ္ ၂ ေနရာမွာေဟာလိဝုဒ္သ႐ုပ္ေဆာင္ ခရစ္ဟမ္းစ္ဝါ့သ္၊ နံပတ္ ၁ ေနရာမွာေတာ့ ျမန္မာေမာ္ဒယ္ ပိုင္တံခြန္ တို႔ရပ္တည္ခဲ့ၾကတာပါ။

အခုလို ကမာၻ႔႐ုပ္အေခ်ာဆုံးအမ်ိဳးသားအျဖစ္သတ္မွတ္ခံထားရတဲ့ ပိုင္တံခြန္ကို မေန႔က ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ SAC ဟာပုဒ္မ၅၀၅-ကအရ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္သုံးႏွစ္ ခ်မွတ္ခံရၿပီး လက္ရွိမွာအင္းစိန္အက်ဥ္းေထာင္မွာထိန္းသိမ္းခံထားရတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ဟာေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစကာ SACအာဏာရယူတာကိုဆန႔္က်င္ၿပီး ျပည္သူေတြနဲ႔ အတူရပ္တည္ကာဆႏၵထုတ္ေဖာ္ခဲ့သူျဖစ္ၿပီး ဧၿပီလအတြင္းသူရဲ႕ေနအိမ္မွာဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*