Secondhand Phone ပြန်ဝယ်သုံးမယ် ဆိုရင် ဒီအချက်တွေ မဖြစ်မနေ စစ်ပါ..

တစ်နေ့ထ က်တစ်နေ့ ဖုန်းအမျိုးအ စားအသ စ်တွေ တစ်မျိုး ပြီးတစ်မျိုး ထွက်လာ သလိုပဲ တစ် ပတ်ရစ် ဖုန်းဈေးကွ က်ကလည်း တဖြည်းဖြည်း ကျယ်ပြန့်လျက်ရှိပါတယ်။

အသစ်စက် စက်ဖုန်း တစ်လုံး မဝယ်နိုင်လို့ တစ်ပတ်ရ စ်ဖုန်းတစ်လုံး ဝယ်တော့မ ယ်ဆိုရင်အ ခုဖော်ပြမယ့် အချက်လေးတွေကို အဓိကစ စ်ဆေးဖို့ လိုအပ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးသွားပါ့မယ်။

ရောင်းသူအချို့က သူတို့ရဲ့ ဖုန်းချို့ယွင်း ချက်တွေကို လျို့ဝှက် ထားပြီး ရောင်းချေ လ့ရှိပါတယ်။ ဘာချို့ယွင်းချက်တွေ၊ ဘာအနာအဆာတွေပါသလဲဆိုတာ သေသေချာချာမေးမြန်းပါ။

အားနာပြီး အလျင် အမြန် ဆုံးဖြတ်ချက် မချလိုက်ပါနဲ့။ တစ်ပတ်ရစ် ဖြစ်တဲ့အတွက် ဖုန်းအသစ်ဝ ယ်ယူတာထက် ပိုပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင် ပိတ်၊ မပိတ် စစ်ဆေးပါ။

လက်ေ ဗွစနစ်တွေ မြန်ဆန်မှုရှိ၊ မရှိကို စစ်ဆေးပါ။ Touch ကောင်း၊ မကောင်း စာအနည်းငယ် ရိုက်ကြည့်ပြီး စစ်ဆေးပါ။ဖုန်း မျက်နှာပြင်မှာ အလင်းပေါက် ရှိ၊ မရှိကို wallpaper ပြောင်းလဲပြီး သေသေ ချာချာ စစ်ဆေးကြည့်ရှုပါ။

ဖုန်းနားထောင်တဲ့ စပီကာနဲ့ မိုက် ကို စစ်ဆေးဖို့ ဖုန်းတစ်လုံးလုံးကိုဆက်ပြီး စမ်းသပ်ပါ။ကျောဘက် ဒါမှမဟုတ် အောက်ဘက်မှာ ပါဝင်တဲ့ စပီကာကို စစ်ဆေးဖို့အတွက် ကတော့ သီချင်း တစ်ပုဒ်ကို စမ်းသပ်ဖွ င့်ကြည့်ပါ။

ကင်မရာကို စစ်ဆေးဖို့တော့အထူးပြောနေစရာ မလိုလောက်ပါ ဘူးနော်။ အနဲဆုံး ဓာတ်ပုံ တစ်ပုံ ရိုက်ကူးပြီး ကင်မရာရဲ့ အရည် အသွေးကို စမ်းသပ်စစ်ဆေးပါ။

ဖုန်းဆင်းကတ်တွေ၊ မန်မိုရီကတ်တွေ အလုပ်လုပ်တယ်ပြောပေမဲ့လည်း လက်တွေ့ထည့်သွင်းပြီး အလုပ် လုပ်၊ လုပ်မလုပ် ကို စစ်ဆေးပါ။ အင်တာနက်လိုင်းကို စစ်ဆေးဖို့လည်း မမေ့ပါနဲ့။ ဖုန်းဘ က်ထရီကို စစ်ဆေးဖို့လည်းမမေ့နဲ့ပါနဲ့။

ဝယ်လိုက်ပြီးမှ ဘက် ထရီအသုံးမခံဘူးဆိုရင် စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနို င်တဲ့အတွက် ဒါကလည်း အရေးကြီးပါတယ်။ဖြုတ်လို့ရတဲ့ ဘက်ထရီဆိုရင် ဖြုတ်ကြည့်ပြီး ဘက်ထရီဖောင်းနေလားဆိုတာ စစ်ဆေးပါ။

ဖြုတ်မရတဲ့ ဘက်ထရီအသေဆိုရင်တော့ ဖုန်းကို စစ်ဆေးနေတုန်း ဖုန်းအားဘ ယ်လောက် ကျသွားသလဲ ဆိုတာကို သတိထားပြီး ကြည့်ရှုပါ။မသင်္ကာဘူးဆိုရင်တော့ ဖုန်းကို Restart ချကြည့်လိုက်ပါ။

နဂိုမူလရှိတဲ့ ဘက်ထရီပ မာဏထက် ၅ ရာခိုင်နှုန်း ပိုပြီးကျဆင်းနေတ ယ်ဆိုရင်တော့ ဘက်ထရီအသုံး မခံတော့တာ သေချာပါတယ်။ဘက်ထရီပိုင်း စစ်ဆေးပြီးရင်တော့ အားသွင်းပေါက်နဲ့ အားဝင်၊ မဝင်ကို စစ်ဆေး လိုက်ပါအုံး။

တစ်ပတ်ရစ်ဖုန်း သွားဝယ်တော့မ ယ်ဆိုရင်တာ့ ပါဝါဘန့်ခ်(power bank)တစ်လုံးယူေ ဆာင်သွားပြီး စမ်းသပ်စ စ်ဆေးပါ။တစ်ပတ်ရစ် ဖုန်းဝယ်တော့မယ်ဆိုရင် အွန်လိုင်းပေါ်ကရောင်းချသူတွေဆီကနေ ဝယ်ယူတာထက်

သီးသန့်တစ်ပတ်ရစ်ဖုန်း ရောင်းချတဲ့ဆိုင်တွေက ပိုပြီးစိတ်ချရတဲ့အတွက် အဓိကထားပြီး ရွေးချယ်ဝယ်ယူ သင့်ပါတယ်။ ဖုန်းရဲ့ အသုံးပြုမှုသက်တမ်း ( ဘယ်အချိန်က ဝယ်ယူအသုံးပြုခဲ့သလဲ ) ဆိုတာ စစ်ဆေးပါ။

အားမခံ ကျန်မကျန် မေးမြန်းမာပါ။ တကယ်လို့ အာမခံကျန်သေး တယ်ဆိုရင် အာမခံကဒ်ပြားကို တောင်းယူဖို့ မမေ့ပါနဲ့။ အချိန်အတော်အကြာထိ အသုံးပြုပြီးသား ဖုန်းဆိုရင်တော့ဘယ်လောက်ပဲ ဈေးတန်တန် မဝယ်ယူသင့်တော့ပါဘူး။

သင်ဝယ်ယူမယ့် ဖုန်းရဲ့ အသစ်ဈေးဘ ယ်လောက်၊ တစ်ပတ်ရစ်ဈေး ဘယ်လောက်ရှိသလဲ ဆိုတာကို မဝယ်ခင် ကြိုတင်စုံစမ်ပါ။ပါကင်ပိတ် ဖုန်းအသစ်စက် စက်တစ်လုံး ဝယ်ယူအ သုံးပြုခြင်းက တစ်ပတ် ရစ်ဖုန်းတစ်လုံး ဝယ်ယူတာထက် ပိုပြီးစိတ် ချရပါတယ်။

တကယ်လို့ မဖြစ်မနေ တစ် ပတ်ရစ်ဖုန်းတစ်လုံးဝယ်ယူတော့မယ်ဆိုရင် အခုဖော်ပြထားတဲ့ အချက်လေးတွေကို အချိန်ယူပြီး အဓိကထား စစ်ဆေးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*