ဝင်မယ့်သူမရှိလို့ ၆ တန်းအောင်မှစ၍ စစ်ကောင်စီလေတပ် တပ်သားသစ်ခေါ်ယူ

ဝင်မယ့်သူမရှိလို့ ၆ တန်းအောင်မှစ၍ စစ်ကောင်စီလေတပ် တပ်သားသစ်ခေါ်ယူ

စစ်ကောင်စီက ၎င်း၏လက်အောက်ခံ လေတပ်သို့ဝင်ရောက်လိုပါက ၆ တန်းအောင်မှစတင်ဝင်ရောက်နိုင် သည်ဟု ကြေငြာချက်ထုတ်ပြန်ကာတပ်သားသစ်စု ဆောင်းနေကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ် ။

ယခင်စစ်အာဏာမသိမ်းမီကာလများတွင် စစ်ကောင်စီ၏ရေတပ်နှင့်လေတပ်သို့ဝင်ရောက်လိုပါက ပညာအ ရည်အချင်း အထက်တန်းတက်ရောက်ဖူးသူများကိုသာစုဆောင်းခြင်းဖြစ်ပြီး ယခုဝင်ရောက်လိုသူနည်းပါးနေသဖြင့် ၆ တန်းအောင်များထိပါခေါ်ယူနေခြင်းဖြစ်ကြောင်းသိရသည် ။

အရင်က ရေနဲ့လေဆိုရင် အနည်းဆုံးဆယ်တန်း ထိတက်ဖူးတဲ့သူတွေကိုစုရတာပေါ့။ ဆယ်တန်းမတက်ဖူးတဲ့ ၉တန်းတို့ ၉တန်းအောင်တို့ဆိုရင် ကျနော်တို့က ဆယ်တန်းတက်ဖူးတဲ့ထောက်ခံစာရအောင် အတုလိုက်လုပ်ရတယ်။အဲ့တာမှ လေ တပ်စုဆောင်းရေးကလက်ခံတာ။

ဆယ်တန်းအောင်တွေဆိုရင်ပိုကြိုက်တာပေါ့ ခုက အဲ့ဒီပညာအရည်အချင်းနဲ့ ဝင်မယ့်သူမရှိတော့လို့လား နည်းလာလို့လားဘဲ အတန်းလျှော့ပေးလိုက်တာဖြစ်မယ်။ ၆ တန်း က အရင်က ကြည်းတပ်တောင်တိုက်ခိုက်ရေးတပ်လောက်ဘဲစုလို့ရတာလက်ရုံးတပ်ဆိုရင်

စုလို့မရဘူးဟု စစ်သားသစ်နယ်လှည့်စုဆောင်းနေသူတဦး က ပြောကြားထားပါတယ်ထို့ပြင် စစ်ကောင်စီမှ ဆယ်တန်းအောင်မြင်ပြီး သက် ဆိုင်ရာစစ်ဘက်တက္ကသိုလ်များကိုသာ ၎င်းတို့ ၏ဝါဒဖြန့်သတင်းစာမှခေါ်ယူခြင်းဖြစ်ပြီး

ယခုကဲ့သို့ တပ်သားသစ်အဆင့်အားသတင်းစာမှ ခေါ်ယူခြင်းသည် ယခုမှကြုံဘူးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လက်အောက်ခံ တပ်များသို့ ဝင်ရောက်သူနည်းပါးနေသဖြင့် နည်း မျိုးစုံဖြင့်လိုက် လံစုဆောင်းနေပြီး

လေတပ်အပြင်ကြည်းတပ်သားစု ဆောင်းမှုများတွင်လည်း ၄ တန်း အောင်ထိစုဆောင်းနိုင်ရန် အတန်းလျှော့ပေးထားကြောင်း သိရသည်ဒါ့အပြင် စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နရခက ၄င်း၏ လက်အောက်ရှိ နိုင်ငံ

 

တဝန်း ရဲစခန်း၊ ရဲတပ်ရင်း၊ ရဲတပ်ဖွဲ့ အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများ စစ်သင်တန်းတက်ရောက်ရမည်ဟု ဒီဇင်ဘာလ ပထမအပတ်တွင်းမှစ၍ ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည် ။

 

……………………….

 










Be the first to comment

Leave a Reply

Your email address will not be published.


*