၁၁လတာ ကာလအတွင်း NLD ပါတီဝင် ၆၄၀ကျော် ဖမ်းဆီးခံပြီး ပါတီရုံးဖျက်ဆီး ခံရမှုများနှင့် နေအိမ်ချိတ်ပိတ်ခံရမှုများ

ဇန်နဝါရီ ၂

၁၁လတာ ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်၆၄၀ကျော်ဖမ်းဆီးခံပြီး   ပါတီရုံးဖျက်ဆီးခံရမှုများနှင့်နေအိမ်ချိတ်ပိတ်ခံရမှုများအပါအဝင် ကျဆုံးသူ ၁၄ ဦးရှိတယ်လို့ ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီက ထုတ်ပြန်လိုက် ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ၃၁နေ့အထိ မတရား ဖမ်းဆီး ထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အရေအတွက် စုစုပေါင်းမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့် မောင်တို့အပါအဝင် (၆၄၉) ဦးဖြစ်ပြီး

ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၁၄၆) ဦးရှိ သော်လည်း ထိန်းသိမ်းခံထားရစဉ်ကာလအတွင်း (၁၄) ဦးကျဆုံးခဲ့ရကာ (၄၈၉) ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလ တွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ် ကာလတွင် ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ကျဆုံးကွယ်လွန်ခဲ့သူ (၁၄) ဦးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ

အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ(ကျောက်တံခါး)၊ ဦးညွန့်ရွှေ(ပဲခူး)၊ ဦးဖြိုးဝေထွန်း(ချောက်)၊ ဦးဝင်းကြိုင်(လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး(ဆီဆိုင်)၊

ဦးကျော်ဆန်းဦး(ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး (အောင်မြေ သာဇံ)၊ သက်ထွေးမောင်(ခ)မုန်းမာန်(ခ)ဒေါင်းမာန် (ပြည်ကြီးတံခွန်) တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ (၁၃) ဦးအနက် ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်၊ ခွန်ဘွားထိုသွေး တို့ (၅) ဦးမှာ ထောင်တွင်းအကျဉ်းကျခံနေရစဉ်ကာလအတွင်း ကျဆုံးခဲ့သူများဖြစ်ပြီး ဦး ခင်မောင်လတ် ၊ ဦးဇော်မြတ်လင်း ၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို ၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ ဦးကျော်ဆန်းဦး၊

ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး၊ သက်ထွေးမောင် (ခ) မုန်းမာန်(ခ)ဒေါင်းမာန် တို့မှာ စစ်ကြောရေးကာလအတွင်း  ကျဆုံးခဲ့သူများဖြစ်ပြီး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ သည် ပြန်လည်လွတ်မြောက်ပြီး တစ်လအကြာတွင် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်များလဲပါဝင်ပြီး စုစုပေါင်း (၁၀၁) ဦးဖြစ်ပြီး ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၈) ဦးရှိကာ (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သလို ထိန်းသိမ်းခံထားရစဉ်အတွင်း ကွယ်လွန်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးရှိတယ်လို့လည်းဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါ အဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို မသမာသူအကြမ်းဖက်သမားများက ဥပဒေမဲ့ဖျက်ဆီးလျက်ရှိရာ ရရှိသောစာရင်းများအရ ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း (၈၆) ကြိမ်ရှိခဲ့ပြီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုးပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ

ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ စုစုပေါင်း (၇၇) ဦးရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။

 

>>>>> zawgyi <<<<<

 

ဇန္နဝါရီ ၂

၁၁လတာ ကာလအတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီဝင္ ၆၄၀ေက်ာ္ ဖမ္းဆီးခံၿပီး ပါတီ႐ုံးဖ်က္ဆီးခံရမႈမ်ားႏွင့္ ေနအိမ္ခ်ိတ္ပိတ္ခံရမႈမ်ားအပါအဝင္ ေသဆုံး သူ ၁၄ ဦးရွိတယ္လို႔ ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီက ထုတ္ျပန္လိုက္ ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွ ဒီဇင္ဘာလ ၃၁ ေန႔အထိ မတရား ဖမ္းဆီး ထိန္းသိမ္းခံရသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ အေရအတြက္ စုစုေပါင္းမွာ ဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္၊ ဒုဥကၠ႒မ်ားျဖစ္ၾကေသာ ဦးဝင္းျမင့္၊

ေဒါက္တာ ေဇာ္ျမင့္ ေမာင္တို႔အပါအဝင္ (၆၄၉) ဦးျဖစ္ၿပီး ျပန္လည္လြတ္ေျမာက္လာၿပီးသူမွာ (၁၄၆) ဦးရွိ ေသာ္လည္း ထိန္းသိမ္းခံထားရစဥ္ကာလအတြင္း (၁၄) ဦးက်ဆုံးခဲ့ရကာ (၄၈၉) ဦးမွာ ဖမ္းဆီးထိန္းသိမ္း ခံထားရဆဲျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံရၿပီး စစ္ေၾကာေရးကာလ တြင္ျဖစ္ေစ၊ အက်ဥ္းက်ေနစဥ္ ကာလတြင္ ျဖစ္ေစ၊ ျပန္လည္လြတ္ေျမာက္ၿပီး မၾကာမီကာလတြင္ျဖစ္ေစ က်ဆုံးကြယ္လြန္ခဲ့သူ (၁၄) ဦးမွာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ၊ ဗဟိုျပန္ၾကားေရးေကာ္မတီဥကၠ႒ ဦးဉာဏ္ဝင္း၊

ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္(ခ) ဦးေအးၾကဴ တို႔အပါအဝင္ ဦးခင္ေမာင္လတ္ (ပန္းဘဲတန္း)၊ ဦးေဇာ္ျမတ္လင္း (ေ႐ႊျပည္သာ)၊ ဦးေက်ာ္ေက်ာ္(ခ) အဂၢမိုးညိဳ (ဇမၺဴသီရိ)၊ ဦးစိုးစံ(ဝမ္းတြင္း)၊ ဦးေအးလွ(ေက်ာက္တံခါး)၊ ဦးၫြန႔္ေ႐ႊ(ပဲခူး)၊

ဦးၿဖိဳးေဝထြန္း(ေခ်ာက္)၊ ဦးဝင္းႀကိဳင္(လႈိင္သာယာ)၊ ခြန္ဘြားထိုေသြး(ဆီဆိုင္)၊ ဦးေက်ာ္ဆန္းဦး(ပုဗၺသီရိ)၊ ဦးသန္းထြန္းဦး(ခ)မင္းကိုသိန္း(ခ)ဦးဖက္တီး (ေအာင္ေျမ သာဇံ)၊ သက္ေထြးေမာင္(ခ)မုန္းမာန္(ခ)ေဒါင္းမာန္ (ျပည္ႀကီးတံခြန္) တို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါ (၁၃) ဦးအနက္ ဦးဉာဏ္ဝင္း၊ ဦးေအးလွ၊ ဦးၫြန႔္ေ႐ႊ၊ ဦးဝင္းႀကိဳင္၊ ခြန္ဘြားထိုေသြး တို႔ (၅) ဦးမွာ ေထာင္တြင္းအက်ဥ္းက်ခံေနရစဥ္ကာလအတြင္း က်ဆုံးခဲ့သူမ်ားျဖစ္ၿပီး ဦး ခင္ေမာင္လတ္ ၊ ဦးေဇာ္ျမတ္လင္း ၊ ဦးေက်ာ္ေက်ာ္(ခ) အဂၢမိုးညိဳ ၊ ဦးစိုးစံ၊ ဦးၿဖိဳးေဝထြန္း၊

ဦးေက်ာ္ဆန္းဦး၊ ဦးသန္းထြန္းဦး(ခ)မင္းကိုသိန္း(ခ)ဦးဖက္တီး၊ သက္ေထြးေမာင္ (ခ) မုန္းမာန္(ခ)ေဒါင္းမာန္ တို႔မွာ စစ္ေၾကာေရးကာလအတြင္း က်ဆုံးခဲ့သူမ်ားျဖစ္ၿပီး မုံ႐ြာေအာင္ရွင္(ခ) ဦးေအးၾကဴ သည္ ျပန္လည္လြတ္ေျမာက္ၿပီး တစ္လအၾကာတြင္ က်ဆုံးခဲ့ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားထဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားလဲပါဝင္ၿပီး စုစုေပါင္း (၁၀၁) ဦးျဖစ္ၿပီး ျပန္လည္လြတ္ေျမာက္လာၿပီးသူမွာ (၈) ဦးရွိကာ (၉၂) ဦးမွာ ဖမ္းဆီးထိန္းသိမ္းခံထားရဆဲ ျဖစ္သလို ထိန္းသိမ္းခံထားရစဥ္အတြင္း ကြယ္လြန္ခဲ့သူ လႊတ္ေတာ္ကိုယ္စားလွယ္ (၁)ဦးရွိတယ္လို႔လည္းဆိုပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ေနာက္ပိုင္းကစၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟို႐ုံးအပါ အဝင္ တိုင္းႏွင့္ျပည္နယ္မ်ားရွိ တိုင္း႐ုံး၊ ၿမိဳ႕နယ္႐ုံး၊ ရပ္ကြက္/ေက်း႐ြာ႐ုံးမ်ားကို မသမာသူအၾကမ္းဖက္သမားမ်ားက ဥပေဒမဲ့ဖ်က္ဆီးလ်က္ရွိရာ ရရွိေသာစာရင္းမ်ားအရ

ဗဟို႐ုံးခ်ဳပ္အပါအဝင္ စုစုေပါင္း (၈၆) ႀကိမ္ရွိခဲ့ၿပီး အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီဝန္းရံသူျပည္သူမ်ား၏ ေနအိမ္ႏွင့္ အေဆာက္အဦမ်ားအား ဥပေဒမဲ့ဝင္ေရာက္၍ ပစၥည္းမ်ားသိမ္းဆည္းသယ္ယူသြားျခင္း၊

ဖ်က္ဆီးမီးရႈိ႕ခဲ့ျခင္းမ်ားအျပင္ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ေနအိမ္မ်ားကို ခ်ိတ္ပိတ္မႈမ်ားရွိခဲ့ကာ ရရွိေသာစာရင္းမ်ားအရ ခ်ိတ္ပိတ္ခံရသူ စုစုေပါင္း (၇၇) ဦးရွိခဲ့ၿပီျဖစ္တယ္လို႔ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*