မြန်မာကျပ်-ထိုင်းဘတ်-အန္ဒိယရူပီး တိုက်ရိုက် လဲလှယ်သုံးစွဲနိုင်ဖို့ လုပ်ဆောင်သွားမယ် လို့ဆို

မြန်မာကျပ်-ထိုင်းဘတ်-အန္ဒိယ ရူပီး တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ဖို့ လုပ်ဆောင်သွားမယ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကစပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် မှာတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သဘောတူညီ လက်မှတ်ရေးထိုးဆောင်ရွက်မှုနဲ့ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုခွင့် ရရှိခဲ့ပြီး နောက်မှာတော့

ထိုင်းဘတ်ငွေ၊ အိန္ဒိယ ရူပီး တို့နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက် ပေးချေသုံးစွဲနိုင်ဖို့ ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။လက်ရှိမှာ မြန်မာ-ထိုင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတို့မှာ မြန်မာကျပ်ငွေနဲ့တစ်ဖက်နိုင်ငံသုံးငွေကြေးတို့ တိုက်ရိုက်လဲလှယ်ကုန်သွယ်မှုတို့ဆောင်ရွက်နိုင်ဖို့ကို သဘောတူညီမှုရရှိထားပြီး

ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ၃၀ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ နစကဥက္ကဋ္ဌက ပြောဆိုထားပါတယ်။မူဆယ်အခြေစိုက်နယ်စပ်ကုန်သွယ်ရေးကုန်သည်တစ်ဦးက“မြန်မာ-တရုတ် နယ်စပ်တွေမှာတော့ ယွမ်နဲ့ ကျပ်တိုက်ရိုက်အသုံးပြုခွင့်ရနေပြီ။

အရင်ကထက် အဆင်ပြေတယ်။ ဒီလိုပဲ အခြားသော နယ်စပ်တွေမှာလည်း ဒီလိုလုပ်ရင်အဆင်ပြေသွားကြမယ်”လို့ မှတ်ချက်ပြုပါတယ်။ မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ယွမ်-ကျပ် တိုက်ရိုက် ငွေပေးချေခွင့်နဲ့ပတ်သက်ပြီး ငွေပေးချေခွင့် တွေကို မြန်မာ့စီးပွားရေးဘဏ်၊ Bank of China – BOC (Hong Kong)

ရန်ကုန် ရုံးခွဲနဲ့ Industrial and Commercial Bank of China (Yangon Branch) တို့မှာ ဆောင်ရွက်ကြ ဖို့ ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက်မှာ ရွေးချယ်ပေးခဲ့ပါတယ်။

 

>>>>> zawgyi <<<<<

 

ျမန္မာက်ပ္-ထိုင္းဘတ္-အႏၵိယ ႐ူပီး တိုက္႐ိုက္လဲလွယ္သုံးစြဲႏိုင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ နစကဆို

၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁၅ ရက္ကစၿပီး တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ မွာေတာ့ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံအၾကား သေဘာတူညီ လက္မွတ္ေရးထိုးေဆာင္႐ြက္မႈနဲ႔ ယြမ္/က်ပ္ တိုက္႐ိုက္အသုံးျပဳခြင့္ ရရွိခဲ့ၿပီး ေနာက္မွာေတာ့

ထိုင္းဘတ္ေငြ၊ အိႏၵိယ ႐ူပီး တို႔နဲ႔ ျမန္မာက်ပ္ေငြ တိုက္႐ိုက္ ေပးေခ်သုံးစြဲႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ္ လို႔ သိရပါတယ္။လက္ရွိမွာ ျမန္မာ-ထိုင္း၊ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတို႔မွာ ျမန္မာက်ပ္ေငြနဲ႔တစ္ဖက္ႏိုင္ငံသုံးေငြေၾကးတို႔ တိုက္႐ိုက္လဲလွယ္ကုန္သြယ္မႈတို႔ေဆာင္႐ြက္ႏိုင္ဖို႔ကို သေဘာတူညီမႈရရွိထားၿပီး

ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ ဒီဇင္ဘာ၃၀ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးမွာ နစကဥကၠ႒က ေျပာဆိုထားပါတယ္။မူဆယ္အေျခစိုက္နယ္စပ္ကုန္သြယ္ေရးကုန္သည္တစ္ဦးက“ျမန္မာ-တ႐ုတ္ နယ္စပ္ေတြမွာေတာ့ ယြမ္နဲ႔ က်ပ္တိုက္႐ိုက္အသုံးျပဳခြင့္ရေနၿပီ။

အရင္ကထက္ အဆင္ေျပတယ္။ ဒီလိုပဲ အျခားေသာ နယ္စပ္ေတြမွာလည္း ဒီလိုလုပ္ရင္အဆင္ေျပသြားၾကမယ္”လို႔ မွတ္ခ်က္ျပဳပါတယ္။ ျမန္မာ – တ႐ုတ္နယ္စပ္ ကုန္သြယ္ေရးမွာ ယြမ္-က်ပ္ တိုက္႐ိုက္ ေငြေပးေခ်ခြင့္နဲ႔ပတ္သက္ၿပီး ေငြေပးေခ်ခြင့္ ေတြကို ျမန္မာ့စီးပြားေရးဘဏ္၊ Bank of China – BOC (Hong Kong)

ရန္ကုန္ ႐ုံးခြဲနဲ႔ Industrial and Commercial Bank of China (Yangon Branch) တို႔မွာ ေဆာင္႐ြက္ၾက ဖို႔ ဗဟိုဘဏ္က ဒီဇင္ဘာ ၁၄ ရက္မွာ ေ႐ြးခ်ယ္ေပးခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*