“ကျောက်ခေတ်ကျေးရွာ” လို့တင်စားထားတဲ့ ရွာငယ်တစ်ရွာ

စီချွမ်ပြည်နယ်ရှိ Yangtze မြစ်ကမ်းပါး ပေါ်မှာ တည်ရှိတဲ့ ရွာငယ်တစ်ရွာဟာ နှစ်စဉ်နှစ်တိုင်းဒေါ်လာသန်းပေါင်းများစွာ အမြတ်အစွန်းရရှိတဲ့ ကျောက်မျက်များကို တရုတ်ရဲ့အဓိကကုန်ပစ္စည်းပေးသွင်းမှုအဖြစ် လူသိများလာကြပါတယ်။

ဟီဂျီယာကျေးရွာဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြစ်ဘေးမှာ တည်ရှိပြီး အစိမ်းရောင်သစ်တောဖုံးလွှမ်းထားတဲ့ တောင်တန်းများ နဲ့ဝိုင်းရံထားပါတယ်။ ၎င်းရွာရဲ့ ဒေသခံတွေက အဆင်တန်ဆာမြစ်ကျောက်တွေ စုဆောင်းခြင်းနဲ့ ရောင်းချခြင်း တို့ပြုလုပ်ကြပါတယ်။

ယင်းကျောက်မြစ်တို့က အိတ်ကပ်ထဲထည့်ဖို့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားတဲ့ သေးငယ်တဲ့ အရာမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံအနှံ့အပြားရှိ အလွန်းကြီးမားတဲ့ ကျောက်သားကြီးကိုသာ ၎င်းတို့က စုဆောင်းထားပြီး ငွေကောင်းကောင်း ရရှိကြပါတယ်။

နှစ်စဉ်နှစ်တိုင်းခရီးသွား ဧည့်သည်တို့ရဲ့ အရေအတွက်အများအပြားက ၎င်းကျောက်တွေကို လာရောက်ဝယ်ယူကြပါတယ်။ ဟီဂျီယာ ကျေးရွာဟာ မကုန်မဆုံးနိုင်တဲ့၎င်းသယံဇာတများရောင်းချမှုမှာ နှစ်စဉ် ယွမ်သန်း ၂၀ (ဒေါ်လာ ၃.၀၈ သန်း) ရရှိခဲ့တယ် လို့ ခန့်မှန်းရပါတယ်။

Yangtze မြစ်ထဲကို ခြောက်သွေ့ရာသီဖြစ်တဲ့ ဖေဖော်ဝါရီလ မှ ဧပြီလ အထိ ရာချီတဲ့ ရွာသားတွေက လှပပြီးချောမွေ့တဲ့ ကျောက်သားများ ရှာဖွေရန် မြစ်ကမ်းနား ဝိုင်းရံနေကြတာကို တွေ့ရပါတယ်။

ကမ်းခြေတစ်လျှောက် ၁၀ ကီလိုမီတာ နီးပါးရှိတဲ့ ကျောက်စရစ်ခဲတို့ဟာ ၃၀၀၀ ကျော် ရရှိခဲ့ပါတယ်။ကျောက်တုံးကျောက်ခဲတွေက များသောအားဖြင့် အသက် ၃၀ ကျော်အမျိုးသားများသာ ရှာဖွေပြီး ဝယ်ယူရောင်းချကြတာပါ။

သူတို့ဟာ အကောင်းဆုံးကျောက်တုံးတွေကို စုစည်း ကောက်ယူပြီး တစ်ခါတစ်ရံမှာ ထုံးစံအတိုင်း သစ်သားထိန်သိမ်းရေးမှာ နေရာချကာ စိတ်ဝင်စားသူများထံ ရောင်းချခြင်းဖြင့် စျေးနှုန်းရဲ့ ရာခိုင်နှုန်းကို ကော်မရှင်အနေဖြင့် ထားရှိကြပါတယ်။

ဟီဂျီးယာ ရွာမှ ဒေသခံများဟာ ဆယ်စုနှစ်ပေါင်းများစွာ မြစ်ရဲ့ကျောက်တုံးတွေရဲ့ လှပမှုအကြောင်းသိရှိခဲ့ကြပြီး အချို့ကကျောက်တုံးများကို သူတို့ရဲ့အိမ်မှာ အလှဆင်ခြင်းများအဖြစ် ယူဆောင်လာတယ် လို့ ဆိုကြပါတယ်။

မြစ်ရဲ့ တန်ဖိုးအရှိဆုံး ကျောက်တုံးအချို့ဆိုရင် ထောင်ပေါင်းများစွာအထိပင် ရောင်းချနိုင်ပါတယ်။ကျောက်တုံး ပိုင်ရှင်တွေက “ Difficult Shu Road” လို့ အမည်ပေးထားတဲ့ ကျောက်တုံးတစ်လုံးရဲ့ ပုံစံအတိုင်းဆိုရင် ယွမ် ၁၀၀၀၀၀ (ဒေါ်လာ ၁၅၄၀၀) ဖြင့် ရောင်းချနိုင်ပါတယ်။ (Credit)

 

>>>>> zawgyi <<<<<

 

စီခြၽမ္ျပည္နယ္ရွိ Yangtze ျမစ္ကမ္းပါး ေပၚမွာ တည္ရွိတဲ့ ႐ြာငယ္တစ္႐ြာဟာ ႏွစ္စဥ္ႏွစ္တိုင္းေဒၚလာသန္းေပါင္းမ်ားစြာ အျမတ္အစြန္းရရွိတဲ့ ေက်ာက္မ်က္မ်ားကို တ႐ုတ္ရဲ႕အဓိကကုန္ပစၥည္းေပးသြင္းမႈအျဖစ္ လူသိမ်ားလာၾကပါတယ္။

ဟီဂ်ီယာေက်း႐ြာဟာ တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးဆုံးျမစ္ေဘးမွာ တည္ရွိၿပီး အစိမ္းေရာင္သစ္ေတာဖုံးလႊမ္းထားတဲ့ ေတာင္တန္းမ်ား နဲ႔ဝိုင္းရံထားပါတယ္။ ၎႐ြာရဲ႕ ေဒသခံေတြက အဆင္တန္ဆာျမစ္ေက်ာက္ေတြ စုေဆာင္းျခင္းနဲ႔ ေရာင္းခ်ျခင္း တို႔ျပဳလုပ္ၾကပါတယ္။

ယင္းေက်ာက္ျမစ္တို႔က အိတ္ကပ္ထဲထည့္ဖို႔ အံဝင္ခြင္က်ျဖစ္ေအာင္ ျပဳလုပ္ထားတဲ့ ေသးငယ္တဲ့ အရာမ်ိဳးမဟုတ္ဘဲ တ႐ုတ္ႏိုင္ငံအႏွံ႔အျပားရွိ အလြန္းႀကီးမားတဲ့ ေက်ာက္သားႀကီးကိုသာ ၎တို႔က စုေဆာင္းထားၿပီး ေငြေကာင္းေကာင္း ရရွိၾကပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္းခရီးသြား ဧည့္သည္တို႔ရဲ႕ အေရအတြက္အမ်ားအျပားက ၎ေက်ာက္ေတြကို လာေရာက္ဝယ္ယူၾကပါတယ္။ ဟီဂ်ီယာ ေက်း႐ြာဟာ မကုန္မဆုံးႏိုင္တဲ့၎သယံဇာတမ်ားေရာင္းခ်မႈမွာ ႏွစ္စဥ္ ယြမ္သန္း ၂၀ (ေဒၚလာ ၃.၀၈ သန္း) ရရွိခဲ့တယ္ လို႔ ခန႔္မွန္းရပါတယ္။

Yangtze ျမစ္ထဲကို ေျခာက္ေသြ႕ရာသီျဖစ္တဲ့ ေဖေဖာ္ဝါရီလ မွ ဧၿပီလ အထိ ရာခ်ီတဲ့ ႐ြာသားေတြက လွပၿပီးေခ်ာေမြ႕တဲ့ ေက်ာက္သားမ်ား ရွာေဖြရန္ ျမစ္ကမ္းနား ဝိုင္းရံေနၾကတာကို ေတြ႕ရပါတယ္။

ကမ္းေျခတစ္ေလွ်ာက္ ၁၀ ကီလိုမီတာ နီးပါးရွိတဲ့ ေက်ာက္စရစ္ခဲတို႔ဟာ ၃၀၀၀ ေက်ာ္ ရရွိခဲ့ပါတယ္။ေက်ာက္တုံးေက်ာက္ခဲေတြက မ်ားေသာအားျဖင့္ အသက္ ၃၀ ေက်ာ္အမ်ိဳးသားမ်ားသာ ရွာေဖြၿပီး ဝယ္ယူေရာင္းခ်ၾကတာပါ။

သူတို႔ဟာ အေကာင္းဆုံးေက်ာက္တုံးေတြကို စုစည္း ေကာက္ယူၿပီး တစ္ခါတစ္ရံမွာ ထုံးစံအတိုင္း သစ္သားထိန္သိမ္းေရးမွာ ေနရာခ်ကာ စိတ္ဝင္စားသူမ်ားထံ ေရာင္းခ်ျခင္းျဖင့္ ေစ်းႏႈန္းရဲ႕ ရာခိုင္ႏႈန္းကို ေကာ္မရွင္အေနျဖင့္ ထားရွိၾကပါတယ္။

ဟီဂ်ီးယာ ႐ြာမွ ေဒသခံမ်ားဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျမစ္ရဲ႕ေက်ာက္တုံးေတြရဲ႕ လွပမႈအေၾကာင္းသိရွိခဲ့ၾကၿပီး အခ်ိဳ႕ကေက်ာက္တုံးမ်ားကို သူတို႔ရဲ႕အိမ္မွာ အလွဆင္ျခင္းမ်ားအျဖစ္ ယူေဆာင္လာတယ္ လို႔ ဆိုၾကပါတယ္။

ျမစ္ရဲ႕ တန္ဖိုးအရွိဆုံး ေက်ာက္တုံးအခ်ိဳ႕ဆိုရင္ ေထာင္ေပါင္းမ်ားစြာအထိပင္ ေရာင္းခ်ႏိုင္ပါတယ္။ေက်ာက္တုံး ပိုင္ရွင္ေတြက “ Difficult Shu Road” လို႔ အမည္ေပးထားတဲ့ ေက်ာက္တုံးတစ္လုံးရဲ႕ ပုံစံအတိုင္းဆိုရင္ ယြမ္ ၁၀၀၀၀၀ (ေဒၚလာ ၁၅၄၀၀) ျဖင့္ ေရာင္းခ်ႏိုင္ပါတယ္။ (Credit)

Be the first to comment

Leave a Reply

Your email address will not be published.


*