စစ်​ကောင်စီ၏ လူကယ်ပြန်ဒုဝန်ကြီး မိသားစုအားလုံးကိုဗစ်ဖြစ်​နေ

အာဏာသိမ်း စစ်ကောင်စီ၏လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မိသားစုဝင်အားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ၍ကုသမှုခံယူနေ​ကြောင်း ယင်းဌာနမှဝန်ထမ်းအချို့ပြောသည်။
“အခု ဒုဝန်ကြီးအိမ်ယာမှာနေတယ်။သူတို့ တစ်အိမ်လုံး ကိုဗစ်ကူးစက်ခံထားရတယ်။မနေ့က ဝန်ကြီးဌာနအားလုံးအစည်းအဝေးတောင် မတက်နိုင်ဘူး “ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးကပြောသည်။
စစ်တပ်မှ အသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်သည် ဦးသိန်းစိန်လက်ထက်က လူကယ်ပြန်ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာတွင် ဒုတိယညွှန့်ကြားရေးမှုးချုပ်ရာထူးတာဝန်ထမ်းခဲ့ပြီးနောက် ကျေးလက်ဦးစီးဌာနသို့ပြောင်းရွှေ့ခံခဲ့ရသည်။
ထို့နောက် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် လူကယ်ပြန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ပြန်ခန့်ခဲ့သည်။
ဒေါက်တာသက်သက်ခိုင်သည် အဂ်လိပ်ဘာသာစကား မပြောတတ်ခြင်းနှင့် စီမံခန့်ခွဲမှု မကျွမ်းကျင်ခြင်းကြောင့်
စစ်ကောင်စီက ဦးအောင်ထွန်းခိုင်အား ခေါ်ယူကာ ဒုဝန်ကြီးရာထူးပေးအပ်ခဲ့ခြင်းဟု လူကယ်ပြန်ဌာနမှ အရာရှိတစ်ဦးကပြောသည်။ ” သူကဌာနမှာအကြာကြီးအလုပ်လုပ်ခဲ့တော့ သူသိသူတတ်တယ်။ဝန်ကြီး ဒေါ်သက်သက်ခိုင်က ရုပ်သေးအဆင့်ပဲရှိတာ။
အဲ့လိုဖြစ်အောင်လည်း စကစက သူ့(ဦးအောင်ထွန်းခိုင်)ကိုထည့်ထားတာ။ဝန်ကြီးက ဒုဝန်ကြီးမျက်နှာရိပ်မျက်နှာချေကြည့်အလုပ်လုပ်နေတာ” ဟု အထက်ပါအရာရှိကရှင်းပြသည်။ အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ်
အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်အသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလို၊မျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြဟု အောက်ခြေဝန်ထမ်းအချို့ကပြောသည်။
လူကယ်ပြန် ဒုဝန်ကြီး မိသားစုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသဖြင့် လူကယ်ပြန် ဝန်ကြီးနှင့် ကျန်ဌာန အရာရှိများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိကိုမူ မသိ့ရှိရ​သေး​ပေ ။
>>>>> zawgyi <<<<<

အာဏာသိမ္း စစ္ေကာင္စီ၏လူမႈဝန္ထမ္းကယ္ဆယ္​ေရးႏွင့္ျပန္လည္​ေနရာခ်ထား​ေရးဒုတိယဝန္ႀကီး ဦးေအာင္ထြန္းခိုင္ႏွင့္ မိသားစုဝင္အားလုံး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရ၍ကုသမႈခံယူေန​ေၾကာင္း ယင္းဌာနမွဝန္ထမ္းအခ်ိဳ႕ေျပာသည္။

“အခု ဒုဝန္ႀကီးအိမ္ယာမွာေနတယ္။သူတို႔ တစ္အိမ္လုံး ကိုဗစ္ကူးစက္ခံထားရတယ္။မေန႔က ဝန္ႀကီးဌာနအားလုံးအစည္းအေဝးေတာင္ မတက္ႏိုင္ဘူး “ဟု လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ အရာရွိတစ္ဦးကေျပာသည္။

စစ္တပ္မွ အသြင္ေျပာင္းလာေသာ ဦးေအာင္ထြန္းခိုင္သည္ ဦးသိန္းစိန္လက္ထက္က လူကယ္ျပန္ဝန္ႀကီးဌာန လူမႈဝန္ထမ္းဦးစီးဌာတြင္ ဒုတိယၫႊန္႔ၾကားေရးမႈးခ်ဳပ္ရာထူးတာဝန္ထမ္းခဲ့ၿပီးေနာက္ ေက်းလက္ဦးစီးဌာနသို႔ေျပာင္းေ႐ႊ႕ခံခဲ့ရသည္။

ထို႔ေနာက္ သက္ျပည့္ပင္စင္ျဖင့္ အၿငိမ္းစားယူခဲ့ၿပီး စစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းၿပီးေနာက္ လူကယ္ျပန္ဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး ျပန္ခန္႔ခဲ့သည္။
ေဒါက္တာသက္သက္ခိုင္သည္ အဂ္လိပ္ဘာသာစကား မေျပာတတ္ျခင္းႏွင့္ စီမံခန္႔ခြဲမႈ မကြၽမ္းက်င္ျခင္းေၾကာင့္

စစ္ေကာင္စီက ဦးေအာင္ထြန္းခိုင္အား ေခၚယူကာ ဒုဝန္ႀကီးရာထူးေပးအပ္ခဲ့ျခင္းဟု လူကယ္ျပန္ဌာနမွ အရာရွိတစ္ဦးကေျပာသည္။ ” သူကဌာနမွာအၾကာႀကီးအလုပ္လုပ္ခဲ့ေတာ့ သူသိသူတတ္တယ္။ဝန္ႀကီး ေဒၚသက္သက္ခိုင္က ႐ုပ္ေသးအဆင့္ပဲရွိတာ။

အဲ့လိုျဖစ္ေအာင္လည္း စကစက သူ႔(ဦးေအာင္ထြန္းခိုင္)ကိုထည့္ထားတာ။ဝန္ႀကီးက ဒုဝန္ႀကီးမ်က္ႏွာရိပ္မ်က္ႏွာေခ်ၾကည့္အလုပ္လုပ္ေနတာ” ဟု အထက္ပါအရာရွိကရွင္းျပသည္။ အသက္ ၆၅ ႏွစ္အ႐ြယ္ ဦးေအာင္ထြန္းခိုင္အပါအဝင္ လူကယ္ျပန္ဝန္ႀကီးဌာနမွ ဒုၫႊန္ခ်ဳပ္ႏွင့္ ၫႊန္ခ်ဳပ္

အမ်ိဳးသားအရာရွိမ်ားအားလုံးသည္ စစ္တပ္အသြင္ေျပာင္းမ်ား ျဖစ္ၿပီး ေဒၚသက္သက္ခိုင္အား မ်က္ႏွာလို၊မ်က္ႏွာရ လုပ္သည္ကလြဲ၍ ဌာနႏွင့္ သက္ဆိုင္ေသာ အလုပ္မ်ားအေပၚ အာ႐ုံမစိုက္ၾကဟု ေအာက္ေျခဝန္ထမ္းအခ်ိဳ႕ကေျပာသည္။

လူကယ္ျပန္ ဒုဝန္ႀကီး မိသားစုကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသျဖင့္ လူကယ္ျပန္ ဝန္ႀကီးႏွင့္ က်န္ဌာန အရာရွိမ်ား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရျခင္းရွိ၊မရွိကိုမူ မသိ့ရွိရ​ေသး​ေပ ။

Be the first to comment

Leave a Reply

Your email address will not be published.


*