2022 ခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၁၅သန်း ထုတ်ရောင်း

ဇန်နဝါရီ ၈

ငွေကြေးဈေးကွက်အတွင်း ကျပ် ၁၉၀၀ ဝန်းကျင်အထိမြင့်တက်နေဆဲ  ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်က ယခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ်  အမေရိကန် ဒေါ်လာ၁၅သန်း ထုတ်ရောင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၇ရက်နေ့က ထုတ်ရောင်းလိုက်တာဖြစ်ပြီး  နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့်   ပျှမ်းမျှ ငွေလဲလှယ်နှုန်းမှာ အမေရိကန်၁ဒေါ်လာလျှင် ကျပ် ၁၇၇၈ကျပ်ဖြစ်ဖြင့် ကန်ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းလိုက်တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီး  အဆမတန် မြင့်တက်လာတဲ့ ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ၁၁လအတွင်းမှာ  ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၄၃  သန်းကျော် ထုတ်ရောင်းခဲ့ပေမဲ့လည်းဒေါ်လာဈေးနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ

ကျပ် ၁၉၀၀ ဝန်းကျင်မှာပဲ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့  ၂၀၂၁ခုနှစ် ၁၁လ အတွင်း ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ထုတ်ရောင်းမှုအခြေအနေမှာအမေရိကန်ဒေါ်လာသန်း၄၄၄သန်းနီးပါးရှိခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၆.၈သန်း၊

ဧပြီလတွင် အမေရိကန်ဒေါ်လာ၁၂ သန်း၊မေလတွင် အမေရိကန်ဒေါ်လာ၂၄ သန်း၊ဇွန်လတွင် အမေရိကန်ဒေါ်လာ၁၂ သန်း၊ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ၃၉ သန်း၊သြဂုတ်လတွင် အမေရိကန်ဒေါ်လာ၂၈ သန်း၊စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ၆၃ သန်း၊အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ၁၁၀ သန်း၊

နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ၃၁ သန်း ၊ ဒီဇင် ဘာလတွင်အမေရိကန် ဒေါ်လာ ၁၁၈သန်း ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။

 

>>>>> zawgyi <<<<<

 

ဇန္နဝါရီ ၈

ေငြေၾကးေဈးကြက္အတြင္း က်ပ္ ၁၉၀၀ ဝန္းက်င္အထိျမင့္တက္ေနဆဲ  ေဒၚလာေဈးကို ထိန္းခ်ဳပ္ဖို႔ ဗဟိုဘဏ္က ယခုႏွစ္အတြက္ ပထမဆုံးအႀကိမ္အျဖစ္  အေမရိကန္ ေဒၚလာ၁၅သန္း ထုတ္ေရာင္းလိုက္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဇန္နဝါရီ ၇ရက္ေန႔က ထုတ္ေရာင္းလိုက္တာျဖစ္ၿပီး  ႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံျဖင့္   ပွ်မ္းမွ် ေငြလဲလွယ္ႏႈန္းမွာ အေမရိကန္၁ေဒၚလာလွ်င္ က်ပ္ ၁၇၇၈က်ပ္ျဖစ္ျဖင့္ ကန္ေဒၚလာ ၁၅ သန္း ထုတ္ေရာင္းလိုက္တာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကစၿပီး  အဆမတန္ ျမင့္တက္လာတဲ့ ေဒၚလာေဈးကို ထိန္းခ်ဳပ္ဖို႔ဆိုၿပီး ၿပီးခဲ့တဲ့ ၁၁လအတြင္းမွာ  ေငြေၾကးေဈးကြက္အတြင္း အေမရိကန္ေဒၚလာ သန္း ၄၄၃  သန္းေက်ာ္ ထုတ္ေရာင္းခဲ့ေပမဲ့လည္းေဒၚလာေဈးႏႈန္းက က်ဆင္းသြားျခင္းမရွိဘဲ

က်ပ္ ၁၉၀၀ ဝန္းက်င္မွာပဲ ဆက္လက္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့  ၂၀၂၁ခုႏွစ္ ၁၁လ အတြင္း ဗဟိုဘဏ္ကေန အေမရိကန္ေဒၚလာ ထုတ္ေရာင္းမႈအေျခအေနမွာအေမရိကန္ေဒၚလာသန္း၄၄၄သန္းနီးပါးရွိခဲ့ၿပီး ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အေမရိကန္ေဒၚလာ ၆.၈သန္း၊

ဧၿပီလတြင္ အေမရိကန္ေဒၚလာ၁၂ သန္း၊ေမလတြင္ အေမရိကန္ေဒၚလာ၂၄ သန္း၊ဇြန္လတြင္ အေမရိကန္ေဒၚလာ၁၂ သန္း၊ဇူလိုင္လတြင္ အေမရိကန္ေဒၚလာ၃၉ သန္း၊ၾသဂုတ္လတြင္ အေမရိကန္ေဒၚလာ၂၈ သန္း၊စက္တင္ဘာလတြင္ အေမရိကန္ေဒၚလာ၆၃ သန္း၊ေအာက္တိုဘာလတြင္ အေမရိကန္ေဒၚလာ၁၁၀ သန္း၊

ႏိုဝင္ဘာလတြင္ အေမရိကန္ေဒၚလာ၃၁ သန္း ၊ ဒီဇင္ ဘာလတြင္အေမရိကန္ ေဒၚလာ ၁၁၈သန္း ထုတ္ေရာင္းခဲ့တာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*