Breaking news – ယေန႔ ေအာက္တိုဘာလ ၂၇ရက္ေန႔ ညေနခင္း မႏၲေလးၿမိဳ႕တြင္းရွိ KBZ Bank ႏွင့္ ATM ေပါင္းခ်ဳပ္

မန္တလေးမြို့တွင်း KBZ Bankနှင့် ATMများ ပေါက်ကွဲ

မန္တလေး၊အောက်တိုဘာလ၊27ရက်

ယနေ့ အောက်တိုဘာလ ၂၇ရက်နေ့ ညနေခင်းတွင် မန္တလေးမြို့တွင်းရှိ ကမ္ဘောဇဘဏ်၊ATMနှင့် ဘဏ်သုံးကားများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

-56 သိပ္ပံလမ်းရှိ KBZ call centerရှေ့တွင် ရပ်ထားသော ဘဏ်သုံးကား

-57 မနော်ဟယ်ရီလမ်းရှိ KBZ Bank၏ မီးစက်နား

-66လမ်း သိပ္ပံလမ်းရှိ KBZ Bank

-64လမ်း မနော်ဟယ်ရီလမ်းရှိ KBZ Bank

-62လမ်းပေါ်ရှိ Fuji Shopping centerရှေ့ရှိ KBZ ATM

-84လမ်း 38လမ်းရှိ KBZ ATM

-73လမ်းရှိ ဗောဓိကုန်း KBZ Bank ATM

-61လမ်း သိပ္ပံလမ်းရှိ KBZ Bank တို့၌ ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ကမ္ဘောဇဘဏ်သည် တော်လှန်ရေးကာလအတွင်း အလှူခံသော ‌kbz pay accountများအား စစ်ကောင်စီ၏ ညွှန်ကြားချက်အရသော်လည်းကောင်း ၎င်းတို့၏ စိတ်ဆန္ဒအရလည်းကောင်း bank accountများအား ပိတ်ပစ်ခဲ့သည်။

ဤမျှသာမက သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီအားပေး၍ တော်လှန်ရေး၏ ထောက်ပို့ရဲဘော်များအား ဖမ်းဆီးခြင်းများလည်း ရှိခဲ့သည်။

ဤကာလအတွင်း ပြည်သူများသည် မဖြစ်မနေအခြေအနေအရ ကမ္ဘောဇဘဏ်အား ဆက်လက်သုံးစွဲနေသော်လည်း တော်လှန်ရေးပြီးပါက ပြည်သူများ တညီတညွှတ်တည်းboycott ရမည်ဟုလည်း ကြွေးကြော်ထားကြသည်။

……………………………

မႏၲေလးၿမိဳ႕တြင္း KBZ Bankႏွင့္ ATMမ်ား ေပါက္ကြဲ

မႏၲေလး၊ေအာက္တိုဘာလ၊27ရက္

ယေန႔ ေအာက္တိုဘာလ ၂၇ရက္ေန႔ ညေနခင္းတြင္ မႏၲေလးၿမိဳ႕တြင္းရွိ ကေမာၻဇဘဏ္၊ATMႏွင့္ ဘဏ္သုံးကားမ်ား ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။

-56 သိပၸံလမ္းရွိ KBZ call centerေရွ႕တြင္ ရပ္ထားေသာ ဘဏ္သုံးကား

-57 မေနာ္ဟယ္ရီလမ္းရွိ KBZ Bank၏ မီးစက္နား

-66လမ္း သိပၸံလမ္းရွိ KBZ Bank

-64လမ္း မေနာ္ဟယ္ရီလမ္းရွိ KBZ Bank

-62လမ္းေပၚရွိ Fuji Shopping centerေရွ႕ရွိ KBZ ATM

-84လမ္း 38လမ္းရွိ KBZ ATM

-73လမ္းရွိ ေဗာဓိကုန္း KBZ Bank ATM

-61လမ္း သိပၸံလမ္းရွိ KBZ Bank တို႔၌ ဆက္တိုက္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့သည္။

ကေမာၻဇဘဏ္သည္ ေတာ္လွန္ေရးကာလအတြင္း အလႉခံေသာ ‌kbz pay accountမ်ားအား စစ္ေကာင္စီ၏ ၫႊန္ၾကားခ်က္အရေသာ္လည္းေကာင္း ၎တို႔၏ စိတ္ဆႏၵအရလည္းေကာင္း bank accountမ်ားအား ပိတ္ပစ္ခဲ့သည္။

ဤမွ်သာမက သုံးစြဲသူမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားအား စစ္ေကာင္စီအားေပး၍ ေတာ္လွန္ေရး၏ ေထာက္ပို႔ရဲေဘာ္မ်ားအား ဖမ္းဆီးျခင္းမ်ားလည္း ရွိခဲ့သည္။

ဤကာလအတြင္း ျပည္သူမ်ားသည္ မျဖစ္မေနအေျခအေနအရ ကေမာၻဇဘဏ္အား ဆက္လက္သုံးစြဲေနေသာ္လည္း ေတာ္လွန္ေရးၿပီးပါက ျပည္သူမ်ား တညီတၫႊတ္တည္းboycott ရမည္ဟုလည္း ေႂကြးေၾကာ္ထားၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*