မြန်မာပြည်၌ ကုန်ဈေးနှုန်း ၁၆% မြင့်တက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကခန့်မှန်း

September 28, 2022 Myanmardailytime 0

အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank ADB က အာရှအတွက် ငွေကြေးဖောင်းပွမှု ခန့်မှန်းရာတွင် ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၄.၀ ရာခိုင်နှုန်း ဟု ခန့်မှန်းပါသည်။ အမေရိကန်နှင့် အခြားနိုင်ငံအချို့ထက် ပြင်းထန်မှု နည်းပါးပါသည်။သို့သော် သီရိလင်္ကာမှာ ငွေကြေးဖောင်းပွမှု […]

အမေရိကန်ဒေါ်လာကို ကြံ့ကြံ့ခံနေတဲ့ တစ်ခုတည်းသော အာရှငွေကြေး (သို့) စင်ကာပူဒေါ်လာ

September 26, 2022 Myanmardailytime 0

စင်ကာပူဒေါ်လာသည် စင်ကာပူ၏ ဗဟိုဘဏ်ဖြစ်သောစင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ Monetary Authority of Singapore MAS ၏ ပြင်းထန်သော မူဝါဒတင်းကျပ်မှု၏အကူအညီဖြင့်ဒေသတွင်း၌ အမေရိကန်‌ဒေါ်လာကိုကြံ့ကြံ့ခံနေသည့်တစ်ခုတည်းသောငွေကြေးဖြစ်သည်။စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့သည်ငွေကြေးဖောင်းပွမှုဖိအားကို လိုက်လျောညီထွေဖြစ်စေရန် ကြိုတင် တွန်းလှန်ပေးသော မူဝါဒများ ချမှတ်ခဲ့သည်။ စင်ကာပူဒေါ်လာသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင်တန်ဖိုးအနည်းငယ်ကျဆင်းနေသော်လည်း ဒေသတွင်းအခြားငွေကြေးများ၏ ဂယက်ရိုက်မှုနှင့် နှိုင်းယှဉ်ပါက စင်ကာပူဒေါ်လာတန်ဖိုးကျပုံသည်နူးညံ့သိမ်မွေ့ပါသည်။ သို့သော် ဖြစ်ပေါ်နေသည့်ငွေဖောင်းပွမှုမြင့်တက်လာနေဆဲဖြစ်ခြင်းကြောင့် […]

အာဆီယံနိုင်ငံများ၏ တိုးတက်နှုန်း ခန့်မှန်းချက်ကို လျှော့ချ

September 22, 2022 Myanmardailytime 0

အာရှဖွံ့ဖြိုးရေးဘဏ် ADB က ၂၀၂၂ ခုနှစ် အာဆီယံတိုးတက်မှု ခန့်မှန်းချက်ကိုမြှင့်တင်ခဲ့သော်လည်း ပိုမိုဆိုးရွားလာသောအလားအလာအရ ၂၀၂၃ မျှော်မှန်းချက်ကို လျှော့ချကာပြင်ဆင်ခန့်မှန်းပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB)သည် အရှေ့တောင်အာရှနိုင်ငံများအတွက်၎င်း၏ ၂၀၂၂ တိုးတက်မှုခန့်မှန်းချက်ကို ၄.၉ ရာခိုင်နှုန်းအစား ၅.၁ ရာခိုင်နှုန်းဟု ပြန်လည်ပြင်ဆင်ခဲ့ပြီး အင်ဒိုနီးရှား၊ […]

ရေနံစိမ်းဈေးကွက်အခြေနေ နှင့် ”ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ ဖြစ်နေစေလို”

September 19, 2022 Myanmardailytime 0

OPEC ဦးဆောင်နိုင်ငံ ဆော်ဒီအာရေဗျနှင့် OPEC+ ဦးဆောင်နိုင်ငံ ရုရှားတို့ကအဖွဲ့မှသဘောတူထားတဲ့ ခွဲတမ်းအရတစ်ရက်လျှင် ရေနံစိမ်း စည် ၁၁ သန်းအထက် ထုတ်လုပ်နိုင်တဲ့နိုင်ငံများဖြစ်ပြီး ၎င်းတို့က ရေနံစိမ်းတစ်စည် $100 ဟာ အားလုံးအတွက်မျှတတဲ့ဈေးနှုန်းလို့ ယူဆကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။OPEC+ ရဲ့ ခွဲတမ်းများ စုစုပေါင်းရဲ့ထက်ဝက်ကျော်ကို ရုရှားနှင့် ဆော်ဒီအာရေဗျတို့ကရရှိထားကြပါတယ်။ ၎င်းတို့ ၂နိုင်ငံကို […]

ဆောက်လုပ်ရေးလုပ်ငန်းများတွင် ‘ဝါးငြမ်း’ကိုသာအသုံးပြုနေဆဲဖြစ်သည့် ကမ္ဘာ့နောက်ဆုံး နေရာများထဲမှ တစ်ခု “ဟောင်ကောင်”

September 18, 2022 Myanmardailytime 0

ဟောင်ကောင်သည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ငြမ်းဝါးကို တွင်ကျယ်စွာအသုံးပြုနေဆဲဖြစ်သည့် ကမ္ဘာ့နောက်ဆုံးနေရာများထဲမှ နေရာတစ်ခုဖြစ်သည်။ ဝါးသည် ယခုအခါ တရုတ်ပြည်မကြီးနှင့် အာရှရှိ အခြားနေရာများတွင် အသုံးများသော စတီးလ်နှင့် အလူမီနီယံသတ္တုများထက် ပိုကွေးညွှတ်လွယ်၊ ပိုခိုင်ခံ့ပြီး စျေးလည်း ပိုသက်သာပါသည်။ ဟောင်ကောင်တွင် ကျွမ်းကျင်သော ငြမ်းသမားအဖွဲ့များသည် အဆောက်အအုံတစ်လုံးကို ငုံမိရန် ဝါးအလုံအလောက်ဖြင့် တစ်ရက်အတွင်း […]

ဥရောပနှင့် အမေရိကန်မှ အမှာစာများလျော့ကျခဲ့တဲ့ ဗီယက်နမ်သစ်အချောထည် စက်ရုံများ

September 15, 2022 Myanmardailytime 0

သစ်အချောထည် ထုတ်လုပ်သူ Lam Viet သည် မကြာသေးမီက ၀ယ်လိုအား ကျဆင်းမှုကြောင့် စက်ရုံ အပြည့်မလည်နိုင်တော့သဖြင့် ဝင်ငွေ လျော့ကျနေသော လုပ်သားများကို တစ်လစာ ဆန်နှင့် တစ်လခကို ဆုကြေးအဖြစ် အပိုဆောင်းပြီး ထောက်ပံ့ပေးကမ်းခဲ့သည်။Binh Duong အခြေစိုက် ၎င်းကုမ္ပဏီ၏ အမှာစာများသည် ယခုနှစ်အစပိုင်းတွင် ၄၀ […]

ဒေါ်လာရှားပါးမှု နှင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း ဖြေရှင်းနိုင်ဖွယ် ရှိ/မရှိ

September 11, 2022 Myanmardailytime 0

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ဘဏ်များထံမှဒေါ်လာများ၀ယ်ယူရန်၎င်းတို့အတွက် အလွန်ခက်ခဲ‌နေခဲ့ပါသည်။ မြန်မာနိုင်ငံရှိနိုင်ငံတကာကုမ္ပဏီများသည်ကြီးထွားလာနေသောဒေါ်လာပြတ်လပ်မှုကြောင့်ရုန်းကန်နေရသည်။မှားယွင်းသောနိုင်ငံခြား ငွေ ထိန်းချုပ်မှုသည် အခြေအနေကိုပိုမိုဆိုးရွားစေပြီး စီးပွားရေးလုပ်ငန်းဆက်လက်ရပ်တည်နိုင်‌ရေးကိုအန္တရာယ်ပြုနေသည်။“နိုင်ငံခြားသုံးငွေမရရှိတာက ကျွန်တော်တို့ရဲ့အကြီးမားဆုံး ပြဿနာပါပဲ” ဟု မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် ဂျပန်ကုန်သွယ်မှုလုပ်ငန်းတစ်ခု၏ ဒေသခံအမှုဆောင်တစ်ဦးကပြောသည်။ နိုင်ငံတွင်းရှိ နိုင်ငံခြားကုမ္ပဏီများသည်လုပ်ငန်းလည်ပတ်မှုမှရရှိသောကျပ်ငွေကိုကုန်ကြမ်းဝယ်ယူရန်သို့မဟုတ်သွင်းကုန်များတင်သွင်းရန်အတွက် ဒေါ်လာအဖြစ်ပြောင်းလဲကြရပါသည်။ တိုင်းပြည်၏ နိုင်ငံခြားသုံးငွေမူဝါဒကိုဆုံးဖြတ်ရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကိုဧပြီလတွင်ဖွဲ့စည်းခဲ့သည်။၎င်းဧပြီလတွင်ဗဟိုဘဏ်စာရင်းတွင် နိုင်ငံခြားသုံးငွေထားရှိသူများကိုကျပ်ပြောင်းခိုင်းခဲ့ပါသည်။ မူဝါဒသစ်အရ နိုင်ငံခြားသုံးငွေများကိုဗဟိုဘဏ်မှချုပ်ကိုင်ထားပြီးဦးစားပေးစနစ်ဖြင့်တရားဝင်ငွေလဲနှုန်းဖြင့်သွင်းကုန်တင်သွင်းသူများကို […]

ရုရှားနှင့် မကင်းတဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ

September 9, 2022 Myanmardailytime 0

အရှေ့တောင်အာရှနိုင်ငံများသည် ရုရှားနှင့်မကင်းကြဘဲ၎င်းတို့တိုင်းပြည်၏စီးပွားရေးစိန်ခေါ်မှုများကိုဖြေရှင်းဖို့ ဦးစားပေးကြရသည်။ ရုရှားခရီးသွားများကိုပိုမိုဆွဲဆောင်ခြင်းမှသည်ကုန်သွယ်မှုမြှင့်တင်ခြင်းအထိအရှေ့တောင်အာရှနိုင်ငံများသည်ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို တားဆီးရန်နှင့် Covid-19ကပ်ရောဂါမှ ပြန်လည်ထူထူ‌ထောင်ထောင်ဖြစ်လာစေရန်မျှော်လင့်ချက်ဖြင့်ရုရှားနိုင်ငံနှင့်စီးပွားရေးဆက်ဆံမှုများကိုထိန်းသိမ်းထားကြသည်။ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပေါ်တုံ့ပြန်သည့်အနေဖြင့်ရုရှားနိုင်ငံအပေါ်အမေရိကန်နှင့် ဥရောပနိုင်ငံများကပိတ်ဆို့အရေးယူမှုများချမှတ်ထားကြသည်။ ထွန်းသစ်စနိုင်ငံများက၎င်းတို့၏တိုင်းပြည်စီးပွားရေးအခက်အခဲကိုဦးစားပေးဖြေရှင်းကြခြင်းကြောင့်ပိတ်ဆို့အရေးယူမှု၏ကြိုးပမ်းမှုများ အားလျော့‌နေသည်။ ထိုင်း ရုရှားအလံတင် လေကြောင်းလိုင်းAeroflotသည် ရုရှားနိုင်ငံ မော်စကိုနှင့်ထိုင်းနိုင်ငံပင်လယ်ကမ်းခြေဖူးခက်တို့အကြားပုံမှန်ပျံသန်းပြေးဆွဲခြင်းကိုအောက်တိုဘာလကုန်တွင်ပြန်လည်စတင်မည်ဖြစ်ကြောင်းထိုင်းအစိုးရကပြောကြားခဲ့သည်။ ဖူးခက်သည်ပင်လယ်ကမ်းခြေအပန်းဖြေခရီးထွက်သည့်ရုရှားခရီးသွားများကြားတွင်ရေပန်းစားသောနေရာတစ်ခုဖြစ်သည်။ထိုခရီးစဉ်ကို ယူကရိန်းစစ်ပွဲအစတွင်ရပ်ဆိုင်းထားခဲ့ရာမှလာမည့်လတွင်ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။ ခရီးစဉ်ပြန်လည်စတင်ခြင်းသည်ထိုင်းခရီးသွားလုပ်ငန်းကိုအကျိုးရှိစေမည်ဟုထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အုပ်ချုပ်ရေးမှူး Yuthasak Supasornကပြောသည်။ တရုတ်နိုင်ငံသည်၎င်း၏ “ကိုဗစ်သုည” မဟာဗျူဟာအရခရီးသွားလာခွင့်ကိုတင်းတင်းကျပ်ကျပ်ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်ယူကရိန်းကျူးကျော်မှုမတိုင်မီ […]

အိမ်ရာစီမံကိန်းများပြီးစီးရန် တရုတ်အစိုးရ မှအထူးချေးငွေပေးမည်

September 5, 2022 Myanmardailytime 0

ငွေမလည်တော့သည့် အကျပ်အတည်းကြောင့် ဆောက်လုပ်ရေးရပ်တန့်သည်။ ဆောက်လုပ်ရေး ရပ်တန့်သဖြင့်အရစ်ကျစနစ်ဖြင့်အိမ်ရာတိုက်ခန်း ကြိုပွိုင့်ဝယ်ထားသူများကငွေမသွင်းတော့ဘဲတညီတညွှတ်တည်းသပိတ်မှောက်ထားကြသည်။ ဆောက်ရင်းတန်းလန်းဆောက်လုပ်‌ရေးရပ်တန့်နေသောအိမ်ရာစီမံကိန်းများအပြီးသတ်ရန်ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုတရုတ်နိုင်ငံ အစိုးရသည် အထူးချေးငွေအဖြစ် ယွမ် ၂၀၀ ဘီလီယံထုတ်ပေးမည်ဖြစ်သည်။ အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့သည်မူဝါဒဘဏ်များမှတစ်ဆင့် လုပ်ငန်းရှင်များအားအထူးချေးငွေဖြင့်ပံ့ပိုးပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန China Central Televisionက သတင်း‌ကြေညာခဲ့သည်။အထူးချေးငွေများကို တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဘဏ် China Development Bankနှင့် […]

ဩဂုတ်လဒေတာက မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ အခိုင်အမာဆုတ်ယုတ်လာခြင်းကိုပြသနေ

September 1, 2022 Myanmardailytime 0

၂၀၂၂  စက်တင်ဘာလ ၁ ရက်တွင်ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ S&P Global မြန်မာ ထုတ်လုပ်မှု PMI™ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့ရာ ထုတ်လုပ်ရေး ကဏ္ဍ အခြေအနေ ဆိုးဝါးလာခြင်း အဓိက တွေ့ […]