မအလကို သံအမတ်ခန့်အပ်လွှာပေးခဲ့တဲ့ သီရိလင်္ကာမှာ လောင်စာဆီပြတ်လုနီးဖြစ်၊ ဝယ်စရာ ငွေမရှိလို့ အစိုးရရုံးတွေနဲ့ ကျောင်းတွေ နှစ်ပတ်ပိတ်

June 18, 2022 Myanmardailytime 0

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီပြတ်လုနီးဖြစ်နေပြီး ထပ်မံဝယ်ယူဖို့ငွေမရှိလို့ အစိုးရရုံးတွေနဲ့ ကျောင်းတွေကို နှစ်ပတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အစိုးရဝန်ထမ်းတွေအနေနဲ့ ရုံးလာပြီး အလုပ်လုပ်စရာမလိုတော့ဘဲ အိမ်ကနေ အလုပ်လုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ဒီဇယ်နဲ့ ဓာတ်ဆီတွေဟာ ရက်ပိုင်းအတွင်းမှာပဲ ကုန်တော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနည်းတူ ၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ ဒီနိုင်ငံဟာ […]

စစ်တပ်သမိုင်းတွင် မရှိခဲ့ဘူးသည့် စစ်တပ်ရဲ့ လျှို့ဝှက်ချက်များ ဗီယက်နမ်စစ်တပ်သို့ ပေါက်ကြား

June 18, 2022 Myanmardailytime 0

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ခေါင်းဆောင်တွေဟာ မိုင်တယ်လ်ဆက်သွယ်ရေးလုပ်ငန်းကို အသုံးပြုပြီး အဂတိအကြီးအကျယ် လိုက်စားနေပြီး၊ ထိုမှတဆင့် မြန်မာစစ်တပ်သမိုင်းမှာမရှိခဲ့တဲ့ဖြစ်ရပ်အနေနဲ့ မြန်မာစစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေဟာ ဗီယက်နမ်စစ်တပ်သို့ ပေါက်ကြားမှုများ ဖြစ်ပွားခဲ့ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်နီးပါးအတွင်းမိုင်တဲလ်ဟာမြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ဝန်ထမ်းများထံ […]

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို Zoom ကတစ်ဆင့် ကျင်းပရန် NLD စီစဉ်နေ

June 18, 2022 Myanmardailytime 0

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇နှစ်မြောက် မွေးနေ့ပွဲအား Zoom ကတစ်ဆင့် ကျင်းပနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက စီစဉ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇွန်လ ၁၉ရက်နေ့မှာကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို တိုက်ရိုက်ရုပ်သံထုတ်လွှင့်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ အဆိုပါအခမ်းအနားမှာ လူတစ်ထောင်တက်ရောက်နိုင်ရန် စီစဉ်လျက်ရှိပြီး အစီအစဉ် ၁၁ရပ်ဖြင့် ကျင်းပသွားဖို့ရှိနေကာ […]

ကုလညီလာခံမှာသံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ပြောကြားချက်တွေကို နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချတယ်လို့ ထုတ်ပြန်

June 18, 2022 Myanmardailytime 0

ကုလအထွေထွေညီလာခံမှာ ကုလဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ပြော ကြားချက်တွေကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကကန့်ကွက်ပယ်ချတယ်ဆိုပြီးထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ရှင်းလင်းတင်ပြသည့် အလွတ်သဘောအစည်းအဝေးကို အမေရိကန်နိုင်ငံ၊နယူးယောက်မြိုမှာဇွန်လ ၁၃ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါအလွတ်သဘောအစည်းအဝေးဆုံးဖြတ်ချက်အဆိုကို ပါဝင်ပတ်သက်ခြင်းမရှိဘဲပြတ်သားစွာကန့်ကွက်ပယ်ချပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါကုလသမဂ္ဂအထွေထွေညီလာခံမှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက အပြစ်မဲ့မြန်မာပြည်သူများအားကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနှင့်ကုလသမဂ္ဂကိုတိုက်တွန်းခဲ့သလိုနိုင်ငံအနှံအပြားတွင်ဖြစ်ပေါ်နေသည့်တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သောတော်လှန်ရေးကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် စစ်တပ်သည် […]

မြန်မာ-ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်ကုန်သွယ်မှုတိုးမြှင့်ရန်စီစဉ်

June 18, 2022 Myanmardailytime 0

ဇွန်၁၈ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်မှုမှာ နယ်စပ်လမ်းကြောင်းကတစ်ဆင့်ကုန်သွယ်တာထက် ကုန်သွယ်မှုလမ်းကြောင်းသစ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲအထိ တိုက်ရိုက်ကုန်သွယ်မှုကို တိုးချဲ့သွားရန်စီစဉ်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်သံအမတ်ဦးဆောင်တဲ့ လုပ်ငန်းရှင်တွေအဖွဲ့ဟာ ရခိုင်ပြည်နယ်လုပ်ငန်းရှင်၂၇ယောက်နဲ့ ဇွန်လ၁၇ရက်က ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေကုန်ပစ္စည်းတွေတင်ပို့နေတာထက် သာလွန်မယ့်ကုန်သွယ်မှုဖြစ်တဲ့ ကုန်သွယ်မှုလမ်းကြောင်းသစ်ချဲ့ထွင်ရန်စီစဉ်ထားမှုအား မြန်မာပြည်ဘက်မှလုပ်ငန်းရှင်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းကစတင်ကာ မြန်မာပြည်ရဲ့ရေထွက်ကုန်ပစ္စည်းတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းနဲ့ဒါကာဈေးကွက်ကိုတိုက်ရိုက်တင်ပို့ဖို့ဘင်္ဂလားဒေ့ရှ်ဘက်ကကမ်းလှမ်းမှုနဲ့ တိုက်ရိုက်ကုန်သွယ်မှုစတင်ခဲ့ကြပြီး ယခုအခါ အဆိုပါကုန်သွယ်မှု […]

လှိုင်သာယာက ရပ်ကွက်အချို့မှာ ဆိုင်ကယ်နဲ့ ဘက်ထရီဘီးတွေ မစီးရတော့ဘူးဆိုပြီး လိုက်လံကြေညာနေ

June 18, 2022 Myanmardailytime 0

ဇွန်လ ၁၈ ရန်ကုန် လှိုင်သာယာမှာ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးတွေ စီးခွင့်မပြုတော့ဘူးပြီး စစ်ကောင်စီက လိုက်လံ ကြေညာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇွန်လ ၁၇ ရက်နေ့ကစပြီး သတ်မှတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းတာကို တွေ့ရှိရင်လည်း ဥပဒေအရ အရေးယူသွားမယ်ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကလည်း လိုက်လံ […]

17.6.2022(သောကြာနေ့) ယနေ့-ရွှေဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွင်း နိုင်ငံတကာ ငွေလဲနှုန်းများ

June 17, 2022 Myanmardailytime 0

17.6.2022(သောကြာနေ့) ယနေ့-ရွှေဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွင်း နိုင်ငံတကာ ငွေလဲနှုန်းများ ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် – – – အရွက်ဈေး ကျပ် 2060~2075 ဝန်းကျင်ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 1850 (± 3)ဖြစ်ပါသည်။ အခြားငွေကြေး […]

မအူပင်-မလတ်တို -ထနီး- ရေလဲ -ဆားမလောက် လမ်းတစ်လျှောက်ရှိနေအိမ်များဖျက်ဖို့ အမိန့်ထုတ်

June 17, 2022 Myanmardailytime 0

ဧရာဝတီတိုင်း၊မအူပင်မြို့နယ် မအူပင်- မလတ်တို- ထနီး- ရေ- ဆားမလောက် ကားလမ်းမဘေးတစ်ေလျှာက်နေ အိမ်များနှင့်ဈေးဆိုင်များကို ဇွန်လ ၁၈ ရက်နောက်ဆုံးထားဖျက်သိမ်းရန် စစ်ကောင်စီက လိုက်လံ ကြေညာနေလို့ အခက်အခဲဖြစ်ပေါ်နေ ကြောင်းဒေသခံများကသိရပါတယ်။ ”သေနတ်တွေကိုင်ပြီး လိုက်ကြေညာနေတာပါ။မဖျက်ရင်အရေးယူမယ်လို့လည်းကြေညာသွားတယ်။ကြမ်းကြမ်းတမ်းလာလုပ်မှာစိုးလို့ကြောက်ပြီးဖျက်နေရ တာပါ။”ဟု ဆားမလောက်လမ်းဆုံမှဒေသခံတစ်ဦးကပြောပါတယ်။ ဆားမလောက်လမ်းဆုံ-ရေလဲ-မလတ်တို-ထနီး မှစတင်ပြီးမအူပင်မြို့အထိကားလမ်းမကြီးတစ်လျှောက် ကာလမ်းဘေးဝဲ/ယာက ပေ ၃၀ […]

ပြည်တွင်း ကြက်သွန်နီဈေးနှုန်း စံချိန်တင်မြှင့်တက်လာ

June 16, 2022 Myanmardailytime 0

ပြည်တွင်းမှာ စားသောက်ကုန်ဈေးနှုန်းတွေ နေ့စဉ်နှင့်အမျှမြှင့်တက်လာနေသလို ကြက်သွန်နီဈေးနှုန်းမှာလည်းစံချိန်တင်မြှင့်တာလာနေတာဖြစ်ပါတယ်။ လက်ရှိ ပွဲရုံအထိုင်ဈေးမှာတင် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၂၀၀၀ အထိ အမြင့်ဆုံးဈေးကိုရောက်ရှိလာကြောင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် မန္တလေးပွဲရုံဈေးနှုန်းများအရ သိရပါတယ်။ ဇွန်လဆန်းပိုင်းက ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ နီးပါးရှိရာမှ ယနေ့ဇွန်လ ၁၅ ရက်နေ့တွင် မုံရွာတစ်ပိဿာလျှင် […]

16.6.2022(ကြာသပတေးနေ့) ယနေ့-ရွှေဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွင်း နိုင်ငံတကာ ငွေလဲနှုန်းများ

June 16, 2022 Myanmardailytime 0

16.6.2022(ကြာသပတေးနေ့) ယနေ့-ရွှေဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွင်း နိုင်ငံတကာ ငွေလဲနှုန်းများ ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် – – – အရွက်ဈေး ကျပ် 2060~2075 ဝန်းကျင်ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 1850 (± 3)ဖြစ်ပါသည်။ အခြားငွေကြေး […]